Spots news

ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ဈေးသက်သာစွာဖြင့် ခေါ်ယူနိုင်ဖွယ်ရှိနေတဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းက‌နေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ဇန်နဝါရီ အပြောင်းအရွေ့မှာ ပြောင်းရွေ့ကြေး ပေါင် ၂၅ သန်းခန့်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းမီဒိယာများက ဖော်ပြထားပါတယ်။

အသင်းကို ရောက်ရှိနေတာ နှစ်ရာသီကြာ ရှိနေပေမယ့် ပွဲထွက်ခွင့် အတော်လေး နည်းပါးနေတဲ့ အတွက် ကွင်းလယ်လူ ဗန်ဒီဘိခ် ရဲ့ အေးဂျင့်ဟာ ကစားသမားအတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွေ့မှာ သင့်တော်မယ့်အသင်းကို အငှားသို့မဟုတ် အပြီးသတ်ပြောင်းရွေ့နိုင်ဖို့ အပြင်းအထန် ရှာဖွေနေတယ်လို့လဲ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဗန်ဒီဘိခ် အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွေ့ကြေး ရဲ့ အနည်းဆုံး တစ်ဝက် ကို ပြန်လည်ရယူဖို့ ဆန္ဒရှိနေတယ်လို့လည်း ဆိုပါတယ်။ ထို့ကြောင့် ဇန်နဝါရီမှာ အာဆင်နယ်အသင်းထံမှ ပေါင် ၂၅ သန်း ဖြင့်ကမ်းလှမ်းမှု ရှိလာပါက ရောင်းချသွားဖို့ ရာနှုန်းများနေပါတယ်။

ဗန်ဒီဘိခ် ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ စီးရီးအေကလပ် ဂျူဗင်တပ် အသင်း နှင့် အင်တာမီလန် အသင်း တို့လည်း ပါဝင်နေတယ်လို့ သိရပြီး သူတို့ဟာ ကစားသမားရဲ့ တိုးတတ်မှု အခြေအနေကို သေချာစောင့်ကြည့်နေပြီး အငှား ဖြင့် ခေါ်ယူလိုနေတယ်လို့ ဆိုပါတယ်။

လတ်တလော သတင်းတွေအရ အာဆင်နယ်အသင်းအပြင် ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန် အသင်းဟာ ကစားသမားကို ခေါ်ယူဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ အဲဗာတန်အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူ ကိုယ်တိုင်က ပြောကြား လာခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ ၿပိဳင္ဘက္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းက‌ေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ နယ္သာလန္ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၂၅ သန္းခန႔္ျဖင့္ ေခၚယူရန္ ျပင္ဆင္ေနေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းမီဒိယာမ်ားက ေဖာ္ျပထားပါတယ္။

အသင္းကို ေရာက္ရွိေနတာ ႏွစ္ရာသီၾကာ ရွိေနေပမယ့္ ပြဲထြက္ခြင့္ အေတာ္ေလး နည္းပါးေနတဲ့ အတြက္ ကြင္းလယ္လူ ဗန္ဒီဘိခ္ ရဲ႕ ေအးဂ်င့္ဟာ ကစားသမားအတြက္ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ သင့္ေတာ္မယ့္အသင္းကို အငွားသို႔မဟုတ္ အၿပီးသတ္ေျပာင္းေ႐ြ႕နိုင္ဖို႔ အျပင္းအထန္ ရွာေဖြေနတယ္လို႔လဲ သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းကေတာ့ ဗန္ဒီဘိခ္ အတြက္ ေပးေခ်ခဲ့ရတဲ့ ေျပာင္းေ႐ြ႕ေၾကး ရဲ႕ အနည္းဆုံး တစ္ဝက္ ကို ျပန္လည္ရယူဖို႔ ဆႏၵရွိေနတယ္လို႔လည္း ဆိုပါတယ္။ ထို႔ေၾကာင့္ ဇန္နဝါရီမွာ အာဆင္နယ္အသင္းထံမွ ေပါင္ ၂၅ သန္း ျဖင့္ကမ္းလွမ္းမႈ ရွိလာပါက ေရာင္းခ်သြားဖို႔ ရာႏႈန္းမ်ားေနပါတယ္။

ဗန္ဒီဘိခ္ ကို ေခၚယူခ်င္တဲ့ အသင္းေတြထဲမွာ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ အသင္း ႏွင့္ အင္တာမီလန္ အသင္း တို႔လည္း ပါဝင္ေနတယ္လို႔ သိရၿပီး သူတို႔ဟာ ကစားသမားရဲ႕ တိုးတတ္မႈ အေျခအေနကို ေသခ်ာေစာင့္ၾကည့္ေနၿပီး အငွား ျဖင့္ ေခၚယူလိုေနတယ္လို႔ ဆိုပါတယ္။

လတ္တေလာ သတင္းေတြအရ အာဆင္နယ္အသင္းအျပင္ ပရီးမီးယားလိဂ္ ကလပ္ အသင္းတစ္သင္းျဖစ္တဲ့ အဲဗာတန္ အသင္းဟာ ကစားသမားကို ေခၚယူဖို႔ ျပင္ဆင္ ေနတယ္လို႔ သိရပါတယ္။ ဒီသတင္းကိုေတာ့ အဲဗာတန္အသင္းရဲ႕ အမႈေဆာင္ခ်ဳပ္ျဖစ္သူ ကိုယ္တိုင္က ေျပာၾကား လာခဲ့တာ ျဖစ္ပါတယ္။