Spots news

ဆိုးလ်ရှားရဲ့ နည်းစနစ်ကို အပြစ်မြင်တဲ့အထဲမှာ ဆရာဖြစ်တဲ့ ဖာဂူဆန်ပါ ပါဝင်လာ

Unicode Version

ယူနိုက်တက်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ အဲဗာတန်နဲ့ပွဲမှာ အသင်းပွဲထွက်လူစာရင်းနဲ့ပတ်သက်ပြီး ဆိုးလ်ရှားကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါပွဲကို လာရောက်ကြည့်ရှုတဲ့

UFC ဖိုက်တာအကျော်အမော် ခါဘစ်နဲ့ စကားပြောဆိုခဲ့ရာမှာ ဖာဂူဆန်က ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့အကောင်းဆုံးကစားသမားတွေကိုသာ ပွဲထုတ်သင့်တယ်လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုက အရန်ကစားသမားအဖြစ်နဲ့သာပါဝင်နေခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာမှ လူစားလဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ဆိုးလ်ရှားလည်း ဝေဖန်ပြစ်တင်ခံနေရပြီး အသင်းအတွက် ငါးဂိုးသွင်းပေးထားတဲ့ တိုက်စစ်မှူးကို

ဘာကြောင့်ချန်လှပ်ခဲ့ရတာလဲလို့ မေးခွန်းထုတ်ခံနေရပါတယ်။  နိုင်ငံတကာပွဲတွေ ကစားရမှာဖြစ်လို့ ကစားသမားတွေကို အနားပေးဖို့ထက် အသုံးပြုသင့်တယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိခဲ့ပါတယ်။

ခါဘစ်က သူ့ရဲ့အင်စတာဂရမ်မှာဖော်ပြခဲ့တဲ့ ဗီဒီိယိုထဲမှာ ဖာဂူဆန်နဲ့ စကားပြောဆိုခဲ့ပြီး ပွဲအကြောင်း ဆွေးနွေးနေမှုတွေ ပါဝင်ခဲ့ပါတယ်။ စကော့သားကြီးက “အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုကို မမြင်လိုက်လို့ ငါလည်း တွေးနေမိတာ၊ နည်းနည်းတော့ စိတ်ပျက်စရာပဲ” လို့ ဆိုခဲ့ပါတယ်။

ခါဘစ်က “သူ ဒုတိယပိုင်းမှာ လူစားဝင်လာတယ်လေ” လို့ ပြန်ပြောခဲ့ရာမှာ ဖာဂူဆန်က “ငါသိပါတယ်၊ ဒါပေမယ့် ဆိုးလ်ရှားက သူ့ရဲ့အကောင်းဆုံးကစားသမားတွေကို ပွဲတိုင်းမှာ ပွဲထွက်ကစားစေသင့်တယ်” လို့ ပြန်ပြောသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲဟာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး ပွဲအပြီးမှာ ရော်နယ်ဒိုတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ အဝတ်လဲခန်းအတွင်းကို ဝင်ရောက်သွားခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး

ရာသီအရှည်ကြီးကစားရမှာဖြစ်တာကြောင့် ကစားသမားအပြောင်းအလဲတွေပြုလုပ်ခဲ့ရတာဖြစ်ပြီး သူ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေ၊ ကစားသမားဟောင်းတွေရဲ့ အပြင်းအထန်ဝေဖန်ခံနေရမှုတွေကိုတော့ ဆိုးလ်ရှား ရင်ဆိုင်နေရပါတယ်။

Zawgyi Version

ယူနိုက္တက္နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ဖာဂူဆန္ဟာ အဲဗာတန္နဲ႕ပြဲမွာ အသင္းပြဲထြက္လူစာရင္းနဲ႕ပတ္သက္ၿပီး ဆိုးလ္ရွားကို ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ အဆိုပါပြဲကို လာေရာက္ၾကည့္ရႈတဲ့

UFC ဖိုက္တာအေက်ာ္အေမာ္ ခါဘစ္နဲ႕ စကားေျပာဆိုခဲ့ရာမွာ ဖာဂူဆန္က ဆိုးလ္ရွားအေနနဲ႕ သူ႕ရဲ႕အေကာင္းဆုံးကစားသမားေတြကိုသာ ပြဲထုတ္သင့္တယ္လို႔ ေျပာဆိုခဲ့ေၾကာင္း Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္ဒိုက အရန္ကစားသမားအျဖစ္နဲ႕သာပါဝင္ေနခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာမွ လူစားလဲဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ ဆိုးလ္ရွားလည္း ေဝဖန္ျပစ္တင္ခံေနရၿပီး အသင္းအတြက္ ငါးဂိုးသြင္းေပးထားတဲ့ တိုက္စစ္မႉးကို

ဘာေၾကာင့္ခ်န္လွပ္ခဲ့ရတာလဲလို႔ ေမးခြန္းထုတ္ခံေနရပါတယ္။ လာမယ့္အပတ္ေတြမွာ နိုင္ငံတကာပြဲေတြကစားရမွာျဖစ္လို႔ ကစားသမားေတြကို အနားေပးဖို႔ထက္ အသုံးျပဳသင့္တယ္ဆိုတဲ့ ေထာက္ျပခ်က္ေတြလည္း ရွိခဲ့ပါတယ္။

ခါဘစ္က သူ႕ရဲ႕အင္စတာဂရမ္မွာေဖာ္ျပခဲ့တဲ့ ဗီဒီိယိုထဲမွာ ဖာဂူဆန္နဲ႕ စကားေျပာဆိုခဲ့ၿပီး ပြဲအေၾကာင္း ေဆြးေႏြးေနမႈေတြ ပါဝင္ခဲ့ပါတယ္။ စေကာ့သားႀကီးက “အဲဗာတန္နဲ႕ပြဲမွာ ေရာ္နယ္ဒိုကို မျမင္လိုက္လို႔ ငါလည္း ေတြးေနမိတာ၊ နည္းနည္းေတာ့ စိတ္ပ်က္စရာပဲ” လို႔ ဆိုခဲ့ပါတယ္။

ခါဘစ္က “သူ ဒုတိယပိုင္းမွာ လူစားဝင္လာတယ္ေလ” လို႔ ျပန္ေျပာခဲ့ရာမွာ ဖာဂူဆန္က “ငါသိပါတယ္၊ ဒါေပမယ့္ ဆိုးလ္ရွားက သူ႕ရဲ႕အေကာင္းဆုံးကစားသမားေတြကို ပြဲတိုင္းမွာ ပြဲထြက္ကစားေစသင့္တယ္” လို႔ ျပန္ေျပာသြားခဲ့တာျဖစ္ပါတယ္။

အဆိုပါပြဲဟာ တစ္ဖက္တစ္ဂိုးစီသေရက်ခဲ့ၿပီး ပြဲအၿပီးမွာ ေရာ္နယ္ဒိုတစ္ေယာက္ စိတ္ပ်က္လက္ပ်က္နဲ႕ အဝတ္လဲခန္းအတြင္းကို ဝင္ေရာက္သြားခဲ့ပါတယ္။ ဆိုးလ္ရွားကေတာ့ သူ႕ရဲ႕ဆုံးျဖတ္ခ်က္အတြက္ ကာကြယ္ေျပာဆိုမႈေတြျပဳလုပ္ခဲ့ၿပီး

ရာသီအရွည္ႀကီးကစားရမွာျဖစ္တာေၾကာင့္ ကစားသမားအေျပာင္းအလဲေတြျပဳလုပ္ခဲ့ရတာျဖစ္ၿပီး သူ႕ဆုံးျဖတ္ခ်က္က မွန္ကန္တယ္လို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြ၊ ကစားသမားေဟာင္းေတြရဲ႕ အျပင္းအထန္ေဝဖန္ခံေနရမႈေတြကိုေတာ့ ဆိုးလ္ရွား ရင္ဆိုင္ေနရပါတယ္။