Spots news

ဇီဒန်းနဲ့ ရော်နယ်ဒိုတို့ဟာ မိမိ‌အလေးစားဆုံး သူများ ဖြစ်ကြောင်း ဘန်ဇီမာ ဖွင့်ဟ

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာက မိမိအနေဖြင့် အသင်းနည်းပြဟောင်း ဇီဒန်းနှင့် လက်ရှိအချိန်ထိ ဆက်သွယ်ပြောဆိုမှုများရှိကြောင်းနှင့် ဇီဒန်းနှင့် ရော်နယ်ဒို တို့နှစ်ဦးဟာ မိမိအလွန်လေးစားသူများဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

”ခင်ဗျားတို့အနေနဲ့ ဘယ်သောအခါမှ ကျွန်တော်နဲ့သူ့ (ဇီဒန်း)ကို နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်တော်ဟာ ဇီဒန်းနဲ့ ရော်နယ်ဒိုအပေါ် အလွန်လေးစားမှုရှိသူပါ။ သူတို့ ၂ ဦးဆီကနေ ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်။ ဇီဇူး (ဇီဒန်း)နဲ့ကျွန်တော် အမြဲတမ်း အဆက်အသွယ်ရှိပြီး သူဟာ ကျွန်တော့်ကို အကူအညီပေးနိုင်သူ တစ်ဦးပါ”ဟု ပြောကြားခဲ့ပါတယ်

ဘန်ဇီမာဟာ အက်စ်ပန်ညိုအသင်းအား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ချေပဂိုး တစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့ပြီးနောက် ယခုရာသီလာလီဂါပြိုင်ပွဲမှာ သူ့ရဲ ဂိုးပါဝင်ပတ်သက်မှုမှာ ၉ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး အထိရှိလာခဲ့ပြီး ရီးရဲလ်အသင်းဖော်ဟောင်း ရော်နယ်ဒိုရဲ့ စံချိန်မှတ်တမ်းတစ်ခုကို လိုက်မီနိုင်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိမန်ယူနိုက်တက်မှာ ကစားနေတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ၂၀၁၄-၁၅ ရာသီက ရီးရဲလ်အသင်းအတွက် လာလီဂါရာသီ အဖွင့်ပွဲစဉ် ၈ ပွဲကစားပြီးချိန်တွင် ဂိုးပါဝင်ပတ်သက်မှု ၁၆ ဂိုး (၁၅ ဂိုးသွင်း၊ ၁ဂိုးဖန်တီး)အထိရှိခဲ့ပြီး ၂၁  ရာစုအတွင်း လာလီဂါပြိုင်ပွဲ၏ ရာသီအဖွင့်ဂိုးပါဝင်ပတ်သက်မှု

အများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခြင်းဖြစ်ပါတယ်။ ယခုအခါ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာဟာ အသင်းဖော်ဟောင်း ရော်နယ်ဒိုရဲ့ စံချိန်မှတ်တမ်း တစ်ခုကို လိုက်မီခဲ့ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ အကောင်းဆုံးသော ရာသီအဖွင့် သွင်းဂိုး စွမ်းဆောင်ရည် မှတ်တမ်းလည်း ဖြစ်ခဲ့ပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ျပင္သစ္ဝါရင့္တိုက္စစ္မႉး ဘန္ဇီမာက မိမိအေနျဖင့္ အသင္းနည္းျပေဟာင္း ဇီဒန္းႏွင့္ လက္ရွိအခ်ိန္ထိ ဆက္သြယ္ေျပာဆိုမႈမ်ားရွိေၾကာင္းႏွင့္ ဇီဒန္းႏွင့္ ေရာ္နယ္ဒို တို႔ႏွစ္ဦးဟာ မိမိအလြန္ေလးစားသူမ်ားျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

”ခင္ဗ်ားတို႔အေနနဲ႕ ဘယ္ေသာအခါမွ ကြၽန္ေတာ္နဲ႕သူ႕ (ဇီဒန္း)ကို ႏွိုင္းယွဥ္လို႔ မရပါဘူး။ ကြၽန္ေတာ္ဟာ ဇီဒန္းနဲ႕ ေရာ္နယ္ဒိုအေပၚ အလြန္ေလးစားမႈရွိသူပါ။ သူတို႔ ၂ ဦးဆီကေန ကြၽန္ေတာ္ အမ်ားႀကီးသင္ယူခဲ့ရပါတယ္။ ဇီဇူး (ဇီဒန္း)နဲ႕ကြၽန္ေတာ္ အၿမဲတမ္း အဆက္အသြယ္ရွိၿပီး သူဟာ ကြၽန္ေတာ့္ကို အကူအညီေပးနိုင္သူ တစ္ဦးပါ”ဟု ေျပာၾကားခဲ့ပါတယ္

ဘန္ဇီမာဟာ အက္စ္ပန္ညိုအသင္းအား ၁-၂ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့တဲ့ လာလီဂါပြဲစဥ္မွာ အသင္းအတြက္ ေခ်ပဂိုး တစ္ဂိုးသြင္းယူ ေပးနိုင္ခဲ့ၿပီးေနာက္ ယခုရာသီလာလီဂါၿပိဳင္ပြဲမွာ သူ႕ရဲ ဂိုးပါဝင္ပတ္သက္မႈမွာ ၉ ဂိုးသြင္း၊ ၇ ဂိုးဖန္တီး အထိရွိလာခဲ့ၿပီး ရီးရဲလ္အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုရဲ႕ စံခ်ိန္မွတ္တမ္းတစ္ခုကို လိုက္မီနိုင္ခဲ့ေၾကာင္း သိရပါတယ္။

လက္ရွိမန္ယူနိုက္တက္မွာ ကစားေနတဲ့ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉးေဟာင္း ေရာ္နယ္ဒိုဟာ ၂၀၁၄-၁၅ ရာသီက ရီးရဲလ္အသင္းအတြက္ လာလီဂါရာသီ အဖြင့္ပြဲစဥ္ ၈ ပြဲကစားၿပီးခ်ိန္တြင္ ဂိုးပါဝင္ပတ္သက္မႈ ၁၆ ဂိုး (၁၅ ဂိုးသြင္း၊ ၁ဂိုးဖန္တီး)အထိရွိခဲ့ၿပီး ၂၁  ရာစုအတြင္း လာလီဂါၿပိဳင္ပြဲ၏ ရာသီအဖြင့္ဂိုးပါဝင္ပတ္သက္မႈ

အမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္တင္ထားျခင္းျဖစ္ပါတယ္။ ယခုအခါ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး ဘန္ဇီမာဟာ အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုရဲ႕ စံခ်ိန္မွတ္တမ္းတစ္ခုကို လိုက္မီခဲ့ၿပီး သူ႕ရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ အေကာင္းဆုံးေသာ ရာသီအဖြင့္ သြင္းဂိုး စြမ္းေဆာင္ရည္မွတ္တမ္းလည္း ျဖစ္ခဲ့ပါတယ္။