Spots news

စာချုပ်သစ်ကို ပယ်ချထားတဲ့ ရူဒီဂါကို အလွတ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဘိုင်ယန်

Unicode Version

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီ နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိနေတဲ့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆက်သွယ်မှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ သတင်းထွက်ပေါ် နေပါတယ်။

ရူဒီဂါဟာ ချယ်လ်ဆီးနဲ့ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပဲ ဖြစ်ပြီး ရူဒီဂါကို ချယ်လ်ဆီးအသင်းဘက်က အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းထားပေမယ့် ကစားသမားဘက်က မြင့်မားတဲ့လစာ တိုးတောင်းနေတာ ဖြစ်တဲ့အတွက် အခက်အခဲများ ရှိနေကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမနီနောက်ခံလူ ဆူလာရဲ့နေရာမှာ ရူဒီဂါနဲ့ ပြန်လည်အစားထိုးချင်နေပြီး ဆူလာကိုလည်း ချယ်လ်ဆီးအသင်းဘက်ကနေ မျက်စိကျနေတာကြောင့် ဒီကစားသမား ၂ ယောက်ကြားမှာ အသင်းအပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်ဖွယ် ရှိနေရပါတယ်။

ဘိုင်ယန်ဘက်က ဆူလာကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင်တောင် ရူဒီဂါကို အလိုရှိနေတဲ့ ကလပ်အသင်းများစွာက ရှိနေတာကြောင့် ချယ်လ်ဆီးဘက်က ရူဒီဂါကို အသင်းမှာ ဆက်လက်ထားရှိဖို့က ခက်ခဲနိုင်ပြီး စာချုပ်သစ်ကိစ္စသာ အဆင်မပြေခဲ့ရင် လာမယ့် ဆောင်းစျေးကွက်အတွင်း

သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေနဲ့ပါ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ အခုလို ရူဒီဂါကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲနေရတဲ့ ချယ်လ်ဆီးအသင်းဟာ ဂျုဗင်တပ်စ်အသင်းရဲ့ နယ်သာလန် နောက်ခံလူ ဒီလစ်ကိုလည်း ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Zawgyi Version

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အသင္းရဲ႕ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂ်ာမနီ ေနာက္ခံကစားသမား အန္တိုနီယို႐ူဒီဂါကို ေခၚယူသြားဖို႔ စိတ္ဝင္စားမႈေတြ ရွိေနတဲ့အတြက္ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႕ပါ ဆက္သြယ္မႈေတြ ျပဳလုပ္လ်က္ရွိေနတယ္လို႔ သတင္းထြက္ေပၚ ေနပါတယ္။

႐ူဒီဂါဟာ ခ်ယ္လ္ဆီးနဲ႕ ရာသီအကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာပဲ ျဖစ္ၿပီး ႐ူဒီဂါကို ခ်ယ္လ္ဆီးအသင္းဘက္က အသင္းနဲ႕ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ကမ္းလွမ္းထားေပမယ့္ ကစားသမားဘက္က ျမင့္မားတဲ့လစာ တိုးေတာင္းေနတာ ျဖစ္တဲ့အတြက္ အခက္အခဲမ်ား ရွိေနေၾကာင္း သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္းဟာလည္း အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ဂ်ာမနီေနာက္ခံလူ ဆူလာရဲ႕ေနရာမွာ ႐ူဒီဂါနဲ႕ ျပန္လည္အစားထိုးခ်င္ေနၿပီး ဆူလာကိုလည္း ခ်ယ္လ္ဆီးအသင္းဘက္ကေန မ်က္စိက်ေနတာေၾကာင့္ ဒီကစားသမား ၂ ေယာက္ၾကားမွာ အသင္းအေျပာင္းအလဲေတြ ျဖစ္ေပၚနိုင္ဖြယ္ ရွိေနရပါတယ္။

ဘိုင္ယန္ဘက္က ဆူလာကို အသင္းမွာပဲ ဆက္လက္ထိန္းသိမ္းနိုင္ခဲ့မယ္ဆိုရင္ေတာင္ ႐ူဒီဂါကို အလိုရွိေနတဲ့ ကလပ္အသင္းမ်ားစြာက ရွိေနတာေၾကာင့္ ခ်ယ္လ္ဆီးဘက္က ႐ူဒီဂါကို အသင္းမွာ ဆက္လက္ထားရွိဖို႔က ခက္ခဲနိုင္ၿပီး စာခ်ဳပ္သစ္ကိစၥသာ အဆင္မေျပခဲ့ရင္ လာမယ့္ ေဆာင္းေစ်းကြက္အတြင္း

သူ႕ကို အလိုရွိေနတဲ့ ကလပ္အသင္းေတြနဲ႕ပါ အေျပာင္းအေ႐ႊ႕ကိစၥေတြကို ေဆြးေႏြးနိုင္ေတာ့မွာ ျဖစ္ပါတယ္။ အခုလို ႐ူဒီဂါကို အသင္းမွာ ဆက္ထိန္းထားဖို႔ ခက္ခဲေနရတဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဂ်ဳဗင္တပ္စ္အသင္းရဲ႕ နယ္သာလန္ ေနာက္ခံလူ ဒီလစ္ကိုလည္း ပစ္မွတ္ထားလ်က္ ရွိေနတယ္လို႔ သိရွိရပါတယ္။