Spots news

ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက်သတင်းတိုများ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အတွက် အသင်းပြောင်းရွေ့ဖို့ ပြင်ဆင်နေတဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူချင်တဲ့ အသင်းများထဲမှာ

ဘွန်ဒက်စ်လီဂါ အင်အားကြီး တစ်သင်းဖြစ်သော ဘိုင်ယန်မြူးနစ် ပါ၀င်လာကြောင်း သိရပါတယ်။ ကစားသမား နှင့်အေးဂျင့် တို့ဟာ ဇန်နဝါရီမှာ အသင်းမှထွက်ခွာဖို့ အပူတပြင်းကြိုးပမ်းနေကြောင်း သိရပါတယ်။

ယူနိုက်တက် အသင်းအနေနဲ့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို လာမယ့်ရာသီမှာ အလွတ် ပြောင်းရွေ့ကြေးဖြင့် လက်လွှတ်ခဲ့ရပါက

အစားထိုးဖြည့်တင်းရန် အတွက် အေစီမီလန် အသင်းမှာ ကစားနေတဲ့ အသက် ၂‌၄ နှစ်အရွယ် အိုက်ဗရီကိုစ့် လက်ရွေးစင် ဖရန့်ခ် ကတ်ဆီး တစ်ဦးတည်းသာ ပစ်မှတ်ထား ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရလဒ်များဆိုးရွားနေပေမယ့် နည်းပြ ဆိုးလ်ရှားကိုသာ ဆက်လက် လက်တွဲသွားမှာ ဖြစ်ပြီး ဆိုးလ်ရှားကို အထောက်အပံ့ ကောင်းစွာပေးနိုင်ဖို့ လက်ထောက်နည်းပြ မိုက်ဖီလန်ကို

စာချုပ်သက်တမ်းတိုးပြီး နောက်ထပ် လက်ထောက် နည်းပြများဖြစ်တဲ့ ကာရစ် နှင့် Kieran McKenna တို့ကို စာချုပ်သစ်များ ကမ်းလှမ်းရန် အရှိန်မြှင့်ကြိုးပမ်း လုပ်‌ဆောင် နေကြောင်းသိရပါတယ်။

ယူနိုက်တက်သာ ကွင်းလယ်လူ ပေါ့ဘာရဲ့ အနာဂတ်အား ခရစ်စမတ် ကာလမတိုင်မှီ တစ်ခုခုအဖြေရရှိရန် ပြတ်ပြတ်သားသား အလိုရှိနေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ပေါ့ဘာကို ဆက်ထိန်းရန်

တစ်ပတ်လုပ်ခ စတာလင်ပေါင် ၄ သိန်းထိ တန်ကြေးရှိသော စာချုပ်သစ်အား ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ယူနိုက်တက် အနေနဲ့ ပေါ့ဘာဟာ စာချုပ်သစ်တိုးမယ်လို့ ယုံကြည်နေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ အတြက္ အသင္းေျပာင္းေ႐ြ႕ဖို႔ ျပင္ဆင္ေနတဲ့ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို ေခၚယူခ်င္တဲ့ အသင္းမ်ားထဲမွာ

ဘြန္ဒက္စ္လီဂါ အင္အားႀကီးတစ္သင္းျဖစ္ေသာ ဘိုင္ယန္ျမဴးနစ္ ပါ၀င္လာေၾကာင္း သိရပါတယ္။ ကစားသမား ႏွင့္ေအးဂ်င့္ တို႔ဟာ ဇန္နဝါရီမွာ အသင္းမွထြက္ခြာဖို႔ အပူတျပင္းႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းအေနနဲ႕ အသင္းရဲ႕ အဓိက ကြင္းလယ္လူ ေပါ့ဘာကို လာမယ့္ရာသီမွာ အလြတ္ ေျပာင္းေ႐ြ႕ေၾကးျဖင့္ လက္လႊတ္ခဲ့ရပါက

အစားထိုးျဖည့္တင္းရန္ အတြက္ ေအစီမီလန္ အသင္းမွာ ကစားေနတဲ့ အသက္ ၂‌၄ ႏွစ္အ႐ြယ္ အိုက္ဗရီကိုစ့္ လက္ေ႐ြးစင္ ဖရန႔္ခ္ ကတ္ဆီး တစ္ဦးတည္းသာ ပစ္မွတ္ထား ျပင္ဆင္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ရလဒ္မ်ားဆိုး႐ြားေနေပမယ့္ နည္းျပ ဆိုးလ္ရွားကိုသာ ဆက္လက္ လက္တြဲသြားမွာ ျဖစ္ၿပီး ဆိုးလ္ရွားကို အေထာက္အပံ့ ေကာင္းစြာေပးနိုင္ဖို႔ လက္ေထာက္နည္းျပ မိုက္ဖီလန္ကို

စာခ်ဳပ္သက္တမ္းတိုးၿပီး ေနာက္ထပ္ လက္ေထာက္ နည္းျပမ်ားျဖစ္တဲ့ ကာရစ္ ႏွင့္ Kieran McKenna တို႔ကို စာခ်ဳပ္သစ္မ်ား ကမ္းလွမ္းရန္ အရွိန္ျမႇင့္ႀကိဳးပမ္း လုပ္‌ေဆာင္ ေနေၾကာင္းသိရပါတယ္။

ယူနိုက္တက္သာ ကြင္းလယ္လူ ေပါ့ဘာရဲ႕ အနာဂတ္အား ခရစ္စမတ္ ကာလမတိုင္မွီ တစ္ခုခုအေျဖရရွိရန္ ျပတ္ျပတ္သားသားအလိုရွိေနေၾကာင္းသိရပါတယ္။ ယူနိုက္တက္ဟာ ေပါ့ဘာကို ဆက္ထိန္းရန္

တစ္ပတ္လုပ္ခ စတာလင္ေပါင္ ၄ သိန္းထိ တန္ေၾကးရွိေသာ စာခ်ဳပ္သစ္အား ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။ ယူနိုက္တက္ အေနနဲ႕ ေပါ့ဘာဟာ စာခ်ဳပ္သစ္တိုးမယ္လို႔ ယုံၾကည္ေနပါတယ္။