စပါး အသင်းရဲ့ တောင်ပံ ကစားသမား ဂါရတ်ဘေးလ် ကတော့ သူဟာ ဒဏ်ရာပြဿနာ တွေနဲ့ သာ ရင်မဆိုင် ခဲ့ရရင် လက်ရှိမှာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တစ်တန်းထဲ ရှိနေမယ့် ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။
ပရိတ်သတ် များနဲ့ မီဒီယာ များက သူ့ရဲ့ စွမ်းဆောင်ရည် တော်တော် များများ ကို ချီးကျူးဖို့ မေ့နေကြ ကြောင်း ထောက်ပြ သွားခဲ့ပါသေးတယ်။
လက်ရှိ အချိန်မှာ ရီးရဲမက်ဒရစ် မှ စပါးအသင်းသို့ အငှား လာရောက် ကစားနေတဲ့ ဝေးလ်ကစား သမား ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ စပါးအသင်း မှ ရီးရဲမက်ဒရစ် သို့ ထိုအချိန်က ကမ္ဘာ့အမြင့်ဆုံး ပြောင်းရွေ့ကြေး ယူရို ၁၀၁ သန်း ဖြင့် ပြောင်းရွေ့ ခဲ့တာလဲ ဖြစ်ပါတယ်။
အသက် ၃၁ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဂါရက်ဘေးလ် ဟာ ကလပ်အသင်း ကစားသမား ဘဝမှာ ပွဲပေါင်း ၅၀၀ ကျော် ပါဝင် ကစားခဲ့သူ ဖြစ်ပြီး ၁၆၈ ဂိုး သွင်းယူ ထားနိုင်ခဲ့ ပါတယ်။
ရီးရဲ မက်ဒရစ်ရဲ့ နာမည်ကျော် တိုက်စစ် အတွဲ ဖြစ်တဲ့ BBC ဟာ ဂါရတ်ဘေး ၊ ဘင်ဇီးမား ၊ ရော်နယ်ဒို တို့ကို ကိုယ်စားပြူ ထားတာ ပဲဖြစ်ပါတယ်။
ထို အချိန်က ဘာစီလိုနာ ရဲ့ နာမည်ကျော် တိုက်စစ် အတွဲ MSN ဆိုတဲ့ မက်ဆီ ၊ဆွာရက်ဇ် နေမာ တို့နဲ့ ယှဉ်ပြိုင် ခဲ့ကြပြီး ဂါရက်ဘေးလ်ဟာ ရီးရဲ နဲ့ အတူ ချန်ပီယံလိဂ်ဖလား ၄ လုံးအပါအဝင် ဆုဖလား အောင်မြင်မှု များစွာ ဆွတ်ခူး နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
ရီးရဲ ကစားသမား ဘဝ ၂၅၁ ပွဲမှာ ၁၀၅ ဂိုး သွင်းယူ ထားခဲ့တဲ့ သူ့ရဲ့ ဂိုးသွင်းနှုန်း ဟာလည်း တောင်ပံကစားသမား တစ်ယောက် အနေနဲ့ အတော်လေး ချီးကျူး စရာကောင်းတဲ့ ဂိုးသွင်းနှုန်း လဲ ဖြစ်ပါတယ်။
လက်ရှိမှာ စပါးအသင်းကို အငှါးစာချုပ် နဲ့ တစ်ကျော့ပြန် ရောက်ရှိ နေခဲ့သူ ဂါရက်ဘေးလ်က သူ့အနေနဲ့ ဒဏ်ရာ ပြဿနာတွေ ကြောင့် အောင်မြင်သင့် သလောက်
မအောင်မြင် ခဲ့ဘူးလို့ ယုံကြည် နေခဲ့တာဖြစ်ပါတယ်။
“ဒဏ်ရာကြောင့် သာမဟုတ်ရင် မက်ဆီ-ရော်နယ်ဒို ဘယ်သူ ပိုကောင်း သလဲ ငြင်းခုန် ကြတဲ့အခါမှာ ကျွန်တော့် နာမည်ကိုပါ ထည့် ပြောကြရပါ လိမ့်မယ်။
ရီးရဲ မက်ဒရစ် အသင်းရဲ့လေ့ကျင့်ရေးကွင်း မှာ ကျွန်တော်ဟာ အကောင်းဆုံး ဖရီးကစ် ကန်သွင်းသူ ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ထောင့်ကန်ဘော ကလွဲရင် တည်ကန်ဘော တွေအကုန်လုံးကို သူပဲ ကန်ချင်တာ ဆိုတော့ တကယ့် ပွဲတွေမှာ ကျွန်တော် သိပ်ကန်ခွင့် မရခဲ့ပါဘူး…
ဒါပေမယ့် လေ့ကျင့်ရေး ကွင်းမှတ်တမ်းတွေ ကိုပြန်ကြည့်ရင် အသင်းမှာ ဖရီးကစ် အကောင်းဆုံးက ကျွန်တော်ပါပဲ။
ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း အသင်းကို ကျွန်တော် ကယ်တင် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးသွားဖို့ ၂ မိနစ်လောက် အလိုမှာ ကျွန်တော် ကယ်တင် ခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်နာမည်ကို သူတို့မေ့ သွား ကြပါတယ်။
တစ်ခါ လီဗာပူး နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ကျွန်တော် အလှပဆုံး ဂိုးတစ်ဂိုး သွင်းနိုင် ခဲ့ပါ သေးတယ်။ ဒါပေမယ့် ဒါလည်းအသိအမှတ် ပြု မခံခဲ့ ရပါဘူး”လို့ ဂါရက်ဘေးလ် က ပြောကြား ခဲ့ပါတယ်။
ဂါရက်ဘေးလ်ဟာ ဒီနှစ် ဘောလုံးရာသီ စပါးအသင်း အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲပါဝင် ကစားပေးထားရာ မှာတော့ ၃ ဂိုး သွင်းယူ ထားနိုင် ခဲ့ပါတယ်။