Spots news

ပိုချက်တီနိုရဲ့ နေရာကို ဇီဒန်းနဲ့ အစားထိုးဖို့ ပီအက်စ်ဂျီ တာဝန်ရှိသူများ စောင့်‌ကြည့်

Unicode Version

ပီအက်စ်ဂျီ အသင်းဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပြင်သစ် စူပါဖလား ပြိုင်ပွဲမှာ လိုင်လီအသင်းကို အရေးနိမ့်ခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ပြင်သစ်လီဂူး ပွဲစဉ်မှာလည်း ရန်းနက်စ်အသင်းကို

ရှုံးနိမ့် ခဲ့တာကြောင့် နည်းပြဖြစ်သူ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အာဂျင်တီးနား လူမျိူး နည်းပြ ပိုချက်တီနိုဟာ အသင်းရဲ့ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ကို အချိတ်အဆက် မိအောင် ပုံဖော်နိုင်ခြင်း

မရှိသလို အနိုင်ရတဲ့ ပွဲစဉ်တွေမှာလည်း ကစားကွက်ပိုင်း အသာရတာထက် ကစားသမား တဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေ ကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီ အသင်းရဲ့ တာဝန်ရှိသူတွေဟာ ပိုချက်တီနိုရဲ့ စောင့်ကြည့်နေပြီး အကယ်၍ ပိုချက်တီနိုကသာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေ တို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို

ထက်မြက်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိပါက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စီစဉ်နေကြောင်း ပြင်သစ် မီဒီယာ များက ဖော်ပြခဲ့တာပါ။

ရီးရဲလ် မက်ဒရစ်အသင်း ကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းက ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေသူ ဖြစ်ပေမယ့် အကယ်၍ ပီအက်စ်ဂျီအသင်း ကသာ

ကမ်းလှမ်းလာပါက ကမ်းလှမ်းမှုကို လက်ခံဖို့ အသင့် ရှိနေကြောင်း ဇီဒန်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေ ကလည်း အခိုင်အမာ ထုတ်ဖော် ပြောကြား ထားကြပါတယ်။

Zawgyi Version


ရှုံးနိမ့် ခဲ့တာကြောင့် နည်းပြဖြစ်သူ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနိုဟာ အသင်းရဲ့ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ကို အချိတ်အဆက် မိအောင် ပုံဖော်နိုင်ခြင်း




