Spots news

တန်ဖိုးအကြီးဆုံးကလပ်အသင်းများ စာရင်းမှာ မန်ချက်စတာ ၂သင်း ဦးဆောင်

Unicode Version

ဘောလုံး‌လောကနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စာရင်းပြုစုကာ မှတ်တမ်းတင် ထုတ်ပြန်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ CIES Football Observatory က ထုတ်ပြန်တဲ့ သတင်းများအရ ဥရောပ ဘောလုံး ကလပ်အသင်း

၉၈ သင်းထဲက တန်ဖိုးအကြီးဆုံး ကစားသမား စာရင်းကို ပိုင်ဆိုင်ထားတဲ့ ဘောလုံးအသင်းများစာရင်းမှာတော့ မန်ချက်စတာမြို့ခံကလပ်အသင်း ၂ သင်းက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

မန်ချက်စတာ စီးတီး အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ နောက်မှာတော့ ပရီးမီးယားလိဂ်က ချယ်ဆီး ၊ လာလီဂါက ဘာစီလိုနာ ၊ ဂျာမန်က ဘိုင်ယန်မြူးနစ် နှင့် ပရီးမီးယားလိဂ်က လီဗာပူး အသင်းတို့ ရှိနေကြပြီး သူတို့နောက်မှာတော့ ရီးရဲယ်မက်ဒရစ်၊ PSG ၊ ဒေါ့မွန် နှင့် အက်သလက်တီကို မက်ဒရစ် အသင်းတို့က အသီးသီးရပ်တည်နေကြပါတယ်။

ပထမနေရာက ဦးဆောင်နေတဲ့ တန်ဖိုးအကြီးဆုံးကလပ်အသင်းကတော့ ရေနံဘီလျံနာ ရှိတ်မန်ဆော် ပိုင်ဆိုင်တဲ့ မန်ချက်စတာစီးတီး အသင်းဖြစ်ပြီး ခန့်မှန်းခြေ ပေါင် ၁.၁ ဘီလျံ နှင့် ကလေဇာမိသားစုပိုင် မန်ချက်စတာယူနိုက်တက် အသင်းက ခန့်မှန်းခြေ ပေါင် ၁.၀၄ဘီလျံ တို့ဖြင့် အသီးသီး ရပ်တည်နေကြပါတယ်။

ဆက်လက်ပြီး ပရီးမီးယားလိဂ် အခြေစိုက်အသင်းတွေဖြစ်တဲ့ တော့တမ်ဟမ် ၊ အာဆင်နယ် ၊ လက်စတာစီးတီး၊ တို့က အဆင့်သတ်မှတ်ချက် ၂၀ အတွင်း ရှိနေကြပြီး ဝက်စ်ဟမ်း ၊ ဗီလာ ၊ အဲဗာတန် ၊ ဝုလ် အသင်းတို့ကတော့ အဆင့် ၃၀ အတွင်းရပ်တည်နေကြပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းများရဲ့ တန်ဖိုးဟာ ပေါင် ၇.၆ ဘီလျံ အထိ မြင့်တတ်နေပြီး သူ့နောက်မှာ လာလီဂါ ကလပ်အသင်းများက ၄.၅ ဘီလျံ၊ ဘွန်ဒစ်လီဂါ ကလပ်အသင်းများက ၃.၉ ဘီလျံ ၊ စီးရီးအေ ကလပ် က ၃.၈ ဘီလျံ နှင့် နာမည်ကြီး ကစားသမား မက်ဆီ သွားရောက်ကစားနေတဲ့ ပြင်သစ်လီဂူး ကတော့ ပေါင် ၂.၉ ဘီလျံသာ တန်ကြေးရှိနေပါတယ်။

Zawgyi Version

ေဘာလုံး‌ေလာကနဲ႕ သက္ဆိုင္တဲ့ အခ်က္အလက္ေတြကို စာရင္းျပဳစုကာ မွတ္တမ္းတင္ ထုတ္ျပန္တဲ့ အဖြဲ႕အစည္း ျဖစ္တဲ့ CIES Football Observatory က ထုတ္ျပန္တဲ့ သတင္းမ်ားအရ ဥေရာပ ေဘာလုံး ကလပ္အသင္း

၉၈ သင္းထဲက တန္ဖိုးအႀကီးဆုံး ကစားသမား စာရင္းကို ပိုင္ဆိုင္ထားတဲ့ ေဘာလုံးအသင္းမ်ားစာရင္းမွာေတာ့ မန္ခ်က္စတာၿမိဳ႕ခံကလပ္အသင္း ၂ သင္းက ထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။

မန္ခ်က္စတာ စီးတီး အသင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ အသင္းတို႔ရဲ႕ ေနာက္မွာေတာ့ ပရီးမီးယားလိဂ္က ခ်ယ္ဆီး ၊ လာလီဂါက ဘာစီလိုနာ ၊ ဂ်ာမန္က ဘိုင္ယန္ျမဴးနစ္ ႏွင့္ ပရီးမီးယားလိဂ္က လီဗာပူး အသင္းတို႔ ရွိေနၾကၿပီး သူတို႔ေနာက္မွာေတာ့ ရီးရဲယ္မက္ဒရစ္၊ PSG ၊ ေဒါ့မြန္ ႏွင့္ အက္သလက္တီကို မက္ဒရစ္ အသင္းတို႔က အသီးသီးရပ္တည္ေနၾကပါတယ္။

ပထမေနရာက ဦးေဆာင္ေနတဲ့ တန္ဖိုးအႀကီးဆုံးကလပ္အသင္းကေတာ့ ေရနံဘီလ်ံနာ ရွိတ္မန္ေဆာ္ ပိုင္ဆိုင္တဲ့ မန္ခ်က္စတာစီးတီး အသင္းျဖစ္ၿပီး ခန႔္မွန္းေျခ ေပါင္ ၁.၁ ဘီလ်ံ ႏွင့္ ကေလဇာမိသားစုပိုင္ မန္ခ်က္စတာယူနိုက္တက္ အသင္းက ခန႔္မွန္းေျခ ေပါင္ ၁.၀၄ဘီလ်ံ တို႔ျဖင့္ အသီးသီး ရပ္တည္ေနၾကပါတယ္။

ဆက္လက္ၿပီး ပရီးမီးယားလိဂ္ အေျခစိုက္အသင္းေတြျဖစ္တဲ့ ေတာ့တမ္ဟမ္ ၊ အာဆင္နယ္ ၊ လက္စတာစီးတီး၊ တို႔က အဆင့္သတ္မွတ္ခ်က္ ၂၀ အတြင္း ရွိေနၾကၿပီး ဝက္စ္ဟမ္း ၊ ဗီလာ ၊ အဲဗာတန္ ၊ ဝုလ္ အသင္းတို႔ကေတာ့ အဆင့္ ၃၀ အတြင္းရပ္တည္ေနၾကပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းမ်ားရဲ႕ တန္ဖိုးဟာ ေပါင္ ၇.၆ ဘီလ်ံ အထိ ျမင့္တတ္ေနၿပီး သူ႕ေနာက္မွာ လာလီဂါ ကလပ္အသင္းမ်ားက ၄.၅ ဘီလ်ံ၊ ဘြန္ဒစ္လီဂါ ကလပ္အသင္းမ်ားက ၃.၉ ဘီလ်ံ ၊ စီးရီးေအ ကလပ္ က ၃.၈ ဘီလ်ံ ႏွင့္ နာမည္ႀကီး ကစားသမား မက္ဆီ သြားေရာက္ကစားေနတဲ့ ျပင္သစ္လီဂူး ကေတာ့ ေပါင္ ၂.၉ ဘီလ်ံသာ တန္ေၾကးရွိေနပါတယ္။