Spots news

အသင်းကို ချစ်ပေမယ့် အနာဂတ်အတွက် ယူနိုက်တက်ကို စွန့်ခွာတော့မယ့် ဗန်ဒီဘိခ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နယ်သာလန်ကွင်းလယ် ကြယ်ပွင့် ဗန်ဒီဘိခ်ဟာ အသင်းကို ရောက်ရှိနေတာ ၂ ရာသီကြာရှိနေပေမယ့် နည်းပြဆိုးလ်ရှားရဲ့ လျစ်လျူရှု ထားမှုကြောင့် ပွဲထွက်ကစားချိန် မရရှိတဲ့ အတွက် လာမယ့်ဇန်နဝါရီ အပြောင်းအရွေ့မှာ ယူနိုက်တက် ကနေ အငှား သို့ အပြီးသတ် အနေနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဥရောပရဲ့ တောက်ပလာမယ့် ကွင်းလယ်ကြယ်ပွင် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ကို ပြောင်းရွေ့လာခဲ့တာ ဒုတိယ ရာသီကို ရောက်ရှိလာပြီ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ပုံမှန်ပွဲထွက်ခွင့် လုံးဝမရရှိသေးသလို ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ ဗီလာရီးရဲလ်နဲ့ ပွဲမှာလဲ ပွဲချိန် ၈၉ မိနစ်အရောက်

နည်းပြ ဆိုးလ်ရှားက သူမဟုတ်ဘဲ လင်ဂတ်နဲ့ ဖရက်ဒ်တို့ကို လူစားသွင်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာ အနည်းငယ် မကျေနပ်တဲ့ အရိပ်ယောင်များ ပြခဲ့ပြီး နည်းပြဆိုးလ်ရှားနဲ့ အနည်းငယ် ပွဲဆူစေမယ့် ကိစ္စလေးများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆိုးလ်ရှားက အသင်းအတွက် လိုအပ်လာပါက ကစားခွင့်ရတိုင်း ပေးဆပ်ကစားဖို့ပဲ ကစားသမားများကို ပြန်လည်တိုက်တွန်းခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့နွေရာသီက အဲဗာတန်ကို အငှားနဲ့ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပြီး သူ့ကိုယ်စားလှယ်တွေနဲ့ အဲဗာတန်အသင်း တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပေမယ့် အသင်းဘက်က Deadline Day မှာ အပြောင်းအရွှေ့ကို တားဆီးပိတ်ပင်ခဲ့ပါတယ်။ ဆိုးလ်ရှားက သူ့ကို ပွဲကစားချိန် ပိုရမယ်လို့ ကတိပေးထားပေမယ့် အခြေအနေတွေက တိုးတက်မလာသေးတာကြောင့်

ဗန်ဒီဘိခ်လည်း လာမယ့်ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာဖို့ ထပ်မံကြိုးစားဖွယ်ရှိနေပါတယ်။ သူဟာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့ရတဲ့ ကာရာဘောင်ဖလားပွဲနဲ့ ယန်းဘွိုင်းစ်ကို အရေးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲတွေမှာပဲ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရထားပြီး ပရီးမီးယားလိဂ်မှာဆိုရင် စုစုပေါင်း ၅မိနစ်ပဲ ကစားခွင့်ရထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ နယ္သာလန္ကြင္းလယ္ ၾကယ္ပြင့္ ဗန္ဒီဘိခ္ဟာ အသင္းကို ေရာက္ရွိေနတာ ၂ ရာသီၾကာရွိေနေပမယ့္ နည္းျပဆိုးလ္ရွားရဲ႕ လ်စ္လ်ဴရႈ ထားမႈေၾကာင့္ ပြဲထြက္ကစားခ်ိန္ မရရွိတဲ့ အတြက္ လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ယူနိုက္တက္ ကေန အငွား သို႔ အၿပီးသတ္ အေနနဲ႕ ထြက္ခြာဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

ဥေရာပရဲ႕ ေတာက္ပလာမယ့္ ကြင္းလယ္ၾကယ္ပြင္ အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတဲ့ ဗန္ဒီဘိခ္ဟာ ယူနိုက္တက္ကို ေျပာင္းေ႐ြ႕လာခဲ့တာ ဒုတိယ ရာသီကို ေရာက္ရွိလာၿပီ ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ ပုံမွန္ပြဲထြက္ခြင့္ လုံးဝမရရွိေသးသလို ခ်န္ပီယံလိဂ္ ပြဲစဥ္ျဖစ္တဲ့ ဗီလာရီးရဲလ္နဲ႕ ပြဲမွာလဲ ပြဲခ်ိန္ ၈၉ မိနစ္အေရာက္

နည္းျပ ဆိုးလ္ရွားက သူမဟုတ္ဘဲ လင္ဂတ္နဲ႕ ဖရက္ဒ္တို႔ကို လူစားသြင္းဖို႔ ဆုံးျဖတ္လိုက္ခ်ိန္မွာ အနည္းငယ္ မေက်နပ္တဲ့ အရိပ္ေယာင္မ်ား ျပခဲ့ၿပီး နည္းျပဆိုးလ္ရွားနဲ႕ အနည္းငယ္ ပြဲဆူေစမယ့္ ကိစၥေလးမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ဆိုးလ္ရွားက အသင္းအတြက္ လိုအပ္လာပါက ကစားခြင့္ရတိုင္း ေပးဆပ္ကစားဖို႔ပဲ ကစားသမားမ်ားကို ျပန္လည္တိုက္တြန္းခဲ့ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ေႏြရာသီက အဲဗာတန္ကို အငွားနဲ႕ ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားခဲ့ၿပီး သူ႕ကိုယ္စားလွယ္ေတြနဲ႕ အဲဗာတန္အသင္း တာဝန္ရွိသူေတြ ေဆြးေႏြးခဲ့ၾကေပမယ့္ အသင္းဘက္က Deadline Day မွာ အေျပာင္းအေ႐ႊ႕ကို တားဆီးပိတ္ပင္ခဲ့ပါတယ္။ ဆိုးလ္ရွားက သူ႕ကို ပြဲကစားခ်ိန္ ပိုရမယ္လို႔ ကတိေပးထားေပမယ့္ အေျခအေနေတြက တိုးတက္မလာေသးတာေၾကာင့္

ဗန္ဒီဘိခ္လည္း လာမယ့္ဇန္နဝါရီလမွာ အသင္းကေန ထြက္ခြာဖို႔ ထပ္မံႀကိဳးစားဖြယ္ရွိေနပါတယ္။ သူဟာ ဝက္စ္ဟမ္းကို အေရးနိမ့္ခဲ့ရတဲ့ ကာရာေဘာင္ဖလားပြဲနဲ႕ ယန္းဘြိုင္းစ္ကို အေရးနိမ့္ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲေတြမွာပဲ ဦးစားေပးကစားသမားအျဖစ္ ပါဝင္ခြင့္ရထားၿပီး ပရီးမီးယားလိဂ္မွာဆိုရင္ စုစုေပါင္း ၅မိနစ္ပဲ ကစားခြင့္ရထားပါတယ္။