Spots news

ပရီးမီးယားလိဂ် ၆ ပွဲကစားပီး ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကို ပြန်လည်ရရှိခဲ့တဲ့ ဟယ်ရီကိန်း

Unicode Version

စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ခြောက်ပွဲကစားပြီးချိန်အထိ ပရီးမီးယားလိဂ်ဂိုး တစ်ဂိုးမျှမသွင်းနိုင်သေးတဲ့အတွက်

၂၀၁၆ ခုနှစ်နောက်ပိုင်း ရာသီအစ ခြောက်ပွဲကစားပြီးနောက် ဂိုးမသွင်းနိုင်သည့် မှတ်တမ်းဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ နွေရာသီအ‌ပြောင်းအရွေ့ ကာလမှာ မန်စီးတီးအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အသင်းသို့ ပြန်လည်ရောက်ရှိချိန် နောက်ကျသဖြင့် ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။

ဟယ်ရီကိန်းဟာ ပွဲစဉ် ၂ မှစ၍ ယခုတစ်ပတ် ပွဲစဉ် ၇ ပြီးဆုံးချိန်အထိ ပွဲထွက်ကစားသမားအဖြစ် ငါးပွဲနှင့် လူစားဝင်အဖြစ် တစ်ပွဲကစားထားသော် လည်း တစ်ဂိုးမျှမသွင်းနိုင်သေးဘဲ ရုန်းကန်နေရခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် ဟယ်ရီကိန်းအနေနဲ့ ၎၂၀၁၅-၂၀၁၆ ဘောလုံး ရာသီနောက်ပိုင်း ရာသီအစ ပွဲစဉ် ခြောက်ပွဲ ကစားပြီးချိန်အထိ ပရီးမီးယားလိဂ်ဂိုး တစ်ဂိုးမှ မသွင်းနိုင်တဲ့ မှတ်တမ်းကို ပြန်လည်ပိုင်ဆိုင်ခဲ့ရခြင်း ဖြစ်ပါတယ်။

နည်းပြ နူနိုဆန်တိုကတော့ ”အသင်းအတွက် သူကစားပေးတာ အရမ်းကောင်းပါတယ်။ ပထမဆုံးဂိုးလည်း ရလာမှာပါ။ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့အခိုက်အတန့် ရောက်နေတယ်ဆိုတာ သိပါတယ်။ တိုက်စစ်နဲ့ ခံစစ်ကြား ဟန်ချက်ညီမှုကို ရှာဖွေရမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ပစ်မှတ်ပါပဲ။

အဲဒီအချက်က ကျွန်တော်တို့ကို ပိုပြီးတိုးတက်လာအောင် လုပ်ပေးနိုင်မှာပါ”ဟု ကာကွယ်ပြောကြားခဲ့ပါတယ်။ ဟယိရီကိန်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်သေးပေမယ့် လိဂ်ဖလားပြိုင်ပွဲမှာ တစ်ဂိုးနှင့် ယူရိုပါ ကွန်ဖရင့်လိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူထား နိုင်ပါတယ်။

Zawgyi Version

စပါးအသင္းရဲ႕တိုက္စစ္မႉး ဟယ္ရီကိန္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ေျခာက္ပြဲကစားၿပီးခ်ိန္အထိ ပရီးမီးယားလိဂ္ဂိုး တစ္ဂိုးမွ်မသြင္းနိုင္ေသးတဲ့အတြက္

၂၀၁၆ ခုႏွစ္ေနာက္ပိုင္း ရာသီအစ ေျခာက္ပြဲကစားၿပီးေနာက္ ဂိုးမသြင္းနိုင္သည့္ မွတ္တမ္းဆိုးကို ျပန္လည္ပိုင္ဆိုင္ခဲ့ရေၾကာင္း သိရပါတယ္

အဂၤလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဟယ္ရီကိန္းဟာ ေႏြရာသီအ‌ေျပာင္းအေ႐ြ႕ ကာလမွာ မန္စီးတီးအသင္းႏွင့္ အေျပာင္းအေ႐ႊ႕သတင္းမ်ား ထြက္ေပၚခဲ့ၿပီးေနာက္ အသင္းသို႔ ျပန္လည္ေရာက္ရွိခ်ိန္ ေနာက္က်သျဖင့္ ရာသီအဖြင့္ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ရပါတယ္။

ဟယ္ရီကိန္းဟာ ပြဲစဥ္ ၂ မွစ၍ ယခုတစ္ပတ္ ပြဲစဥ္ ၇ ၿပီးဆုံးခ်ိန္အထိ ပြဲထြက္ကစားသမားအျဖစ္ ငါးပြဲႏွင့္ လူစားဝင္အျဖစ္ တစ္ပြဲကစားထားေသာ္ လည္း တစ္ဂိုးမွ်မသြင္းနိုင္ေသးဘဲ ႐ုန္းကန္ေနရျခင္း ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ဟယ္ရီကိန္းအေနနဲ႕ ၎၂၀၁၅-၂၀၁၆ ေဘာလုံး ရာသီေနာက္ပိုင္း ရာသီအစ ပြဲစဥ္ ေျခာက္ပြဲ ကစားၿပီးခ်ိန္အထိ ပရီးမီးယားလိဂ္ဂိုး တစ္ဂိုးမွ မသြင္းနိုင္တဲ့ မွတ္တမ္းကို ျပန္လည္ပိုင္ဆိုင္ခဲ့ရျခင္း ျဖစ္ပါတယ္။

နည္းျပ ႏူနိုဆန္တိုကေတာ့ ”အသင္းအတြက္ သူကစားေပးတာ အရမ္းေကာင္းပါတယ္။ ပထမဆုံးဂိုးလည္း ရလာမွာပါ။ ကြၽန္ေတာ္တို႔အေနနဲ႕ ခက္ခဲတဲ့အခိုက္အတန႔္ ေရာက္ေနတယ္ဆိုတာ သိပါတယ္။ တိုက္စစ္နဲ႕ ခံစစ္ၾကား ဟန္ခ်က္ညီမႈကို ရွာေဖြရမွာပါ။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ပစ္မွတ္ပါပဲ။

အဲဒီအခ်က္က ကြၽန္ေတာ္တို႔ကို ပိုၿပီးတိုးတက္လာေအာင္ လုပ္ေပးနိုင္မွာပါ”ဟု ကာကြယ္ေျပာၾကားခဲ့ပါတယ္။ ဟယိရီကိန္းဟာ ပရီးမီးယားလိဂ္မွာ ဂိုးမသြင္းနိုင္ေသးေပမယ့္ လိဂ္ဖလားၿပိဳင္ပြဲမွာ တစ္ဂိုးႏွင့္ ယူရိုပါ ကြန္ဖရင့္လိဂ္ၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းယူထား နိုင္ပါတယ္။