Spots news

ရော်နယ်ဒိုနဲ့ တွဲကစားချင်တဲ့ ဘာပေကို မန်ယူကို ပြောင်းလာဖို့ ဆွဲဆောင်နေတဲ့ ဗာရန်း

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွေ့လာပြီး အဓိက နောက်ခံလူအဖြစ် မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ ခြေစွမ်းပြ ကစားနေတဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းက သူနဲ့ တနိုင်ငံထဲသား ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာအောင် စည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများ ထဲမှ တစ်ဦး ဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသလို ပီအက်စ်ဂျီအသင်းနဲ့ ရာသီကုန်မှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုမှာ မဟုတ်တော့ပဲ ရာသီကုန်မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် အဖိုးတန် ကစားသမား တစ်ယောက် ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အမ်ဘာပေကို ခေါ်ယူဖို့ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းက ထိပ်ဆုံးက ရှိနေပြီး အင်္ဂလန် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ လီဗာပူးတို့ကလဲ ခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွေ့တုန်းက ပီအက်စ်ဂျီဟာ ရီးရဲလ်ရဲ့ ပေါင် ယူရို သန်း ၂၀၀ နီးပါးကမ်းလှမ်းမှုကို ပယ်ချထားတာပါ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာ ဘာပေရဲ့ အလေးစားဆုံး idol ဖြစ်တဲ့ ရော်နယ်ဒိုရှိနေပြီး အမ်ဘာပေဟာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့် ရရှိဖို့က သူ့ရဲ့ ငယ်ဘဝအိမ်မက် ဖြစ်ကြောင်း ဝန်ခံထားခဲ့ ဖူးပါတယ်။ ဘာပေရဲ့ နိုင်ငံအသင်းဖော် ဗာရန်းကလဲ အမ်ဘာပေကိုလည်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဗာရန်းက – “အမ်ဘာပေက လက်ရှိမှာ ကစားရမယ့် ပွဲတွေကိုပဲ အဓိက အာရုံစိုက်ထားပါတယ်။ သူ ဘာဖြစ်ချင်လဲ ဆိုတာကို ကောင်းကောင်း သိပါတယ်။ တကယ်လို့ သူကသာ ယူနိုက်တက်ကို ရွေးချယ်ခဲ့မယ် ဆိုရင် သူ့ကို ပျော်ပျော်ကြီး ကြိုဆိုသွားမှာပါ။ သူ့ရဲ့ အနာဂတ်ကို လအနည်းငယ် အတွင်းမှာ သိရပါလိမ့်မယ်။ သူဟာ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ကစားသမား တဦးပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ေျပာင္းေ႐ြ႕လာၿပီး အဓိက ေနာက္ခံလူအျဖစ္ မက္ဂြိုင္းယားနဲ႕ တြဲဖက္ကာ ေျခစြမ္းျပ ကစားေနတဲ့ ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းက သူနဲ႕ တနိုင္ငံထဲသား ပီအက္စ္ဂ်ီ တိုက္စစ္မႉး အမ္ဘာေပကို မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕လာေအာင္ စည္း႐ုံးမႈေတြ ျပဳလုပ္ေနပါတယ္။

ပီအက္စ္ဂ်ီအသင္းနဲ႕ လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး အမ္ဘာေပဟာ လက္ရွိကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးမ်ား ထဲမွ တစ္ဦး ျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္သာ ရွိေသးသလို ပီအက္စ္ဂ်ီအသင္းနဲ႕ ရာသီကုန္မွာ စာခ်ဳပ္ကုန္ဆုံးမွာ ျဖစ္ပါတယ္။ အမ္ဘာေပဟာ ပီအက္စ္ဂ်ီနဲ႕ စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုမွာ မဟုတ္ေတာ့ပဲ ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ထြက္ခြာခြင့္ရမယ့္ အဖိုးတန္ ကစားသမား တစ္ေယာက္ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ အမ္ဘာေပကို ေခၚယူဖို႔ စပိန္ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းက ထိပ္ဆုံးက ရွိေနၿပီး အဂၤလန္ အင္အားႀကီးကလပ္ေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ ၊ မန္ခ်က္စတာ စီးတီး ၊ လီဗာပူးတို႔ကလဲ ေခၚယူဖို႔ပစ္မွတ္ထားေနပါတယ္။ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ြ႕တုန္းက ပီအက္စ္ဂ်ီဟာ ရီးရဲလ္ရဲ႕ ေပါင္ ယူရို သန္း ၂၀၀ နီးပါးကမ္းလွမ္းမႈကို ပယ္ခ်ထားတာပါ။

လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္မွာ ဘာေပရဲ႕ အေလးစားဆုံး idol ျဖစ္တဲ့ ေရာ္နယ္ဒိုရွိေနၿပီး အမ္ဘာေပဟာ ေရာ္နယ္ဒိုနဲ႕ တြဲဖက္ကစားခြင့္ ရရွိဖို႔က သူ႕ရဲ႕ ငယ္ဘဝအိမ္မက္ ျဖစ္ေၾကာင္း ဝန္ခံထားခဲ့ ဖူးပါတယ္။ ဘာေပရဲ႕ နိုင္ငံအသင္းေဖာ္ ဗာရန္းကလဲ အမ္ဘာေပကိုလည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕လာဖို႔ တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

ဗာရန္းက – “အမ္ဘာေပက လက္ရွိမွာ ကစားရမယ့္ ပြဲေတြကိုပဲ အဓိက အာ႐ုံစိုက္ထားပါတယ္။ သူ ဘာျဖစ္ခ်င္လဲ ဆိုတာကို ေကာင္းေကာင္း သိပါတယ္။ တကယ္လို႔ သူကသာ ယူနိုက္တက္ကို ေ႐ြးခ်ယ္ခဲ့မယ္ ဆိုရင္ သူ႕ကို ေပ်ာ္ေပ်ာ္ႀကီး ႀကိဳဆိုသြားမွာပါ။ သူ႕ရဲ႕ အနာဂတ္ကို လအနည္းငယ္ အတြင္းမွာ သိရပါလိမ့္မယ္။ သူဟာ အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိထားတဲ့ ကစားသမား တဦးပါ” လို႔ ဖြင့္ဟ ေျပာၾကားခဲ့တာပါ။