Spots news
ကဲလ်ဗတ်လူဝင်နှင့် ဝက်ကင်စ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ အာဆင်နယ်
Unicode Version
အာဆင်နယ်အသင်းဟာ ဇန်နဝါရီမှာ အသင်းနဲ့ လက်တွဲဖြုတ်မယ့် ပြင်သစ် တိုက်စစ်ကစားသမား လာကာဇက်ရဲ့နေရာမှာ ပြန်လည်အင်အား ဖြည့်တင်း ဖို့အတွက် အက်စတွန်ဗီလာ တိုက်စစ်ကစားသမား အိုလီဝက်ကင်စ်နဲ့ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား ကဲလ်ဗတ်လူဝင်တို့ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။
အာဆင်နယ်အသင်းဟာ လာကာဇက်နဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတာကြောင့် လာကာဇက်ကို အသင်းကနေ စွန့်လွှတ်လိုက်မယ်ဆိုရင် ဝက်ကင်စ်နဲ့ ကဲလ်ဗတ်လူဝင်တို့ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။
လက်ရှိမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၇ ပွဲ ကစားထားပြီးတဲ့နောက်မှာ စုစုပေါင်းသွင်းဂိုးက အသင်းနိုင်ပွဲရခဲ့တဲ့ အချိန်မှာ သွင်းယူနိုင်ခဲ့တဲ့ ၅ ဂိုးသာ ရှိလို့နေပြီး ၇ ပွဲမှာ ၃ ပွဲသာ ဂိုးသွင်းထားနိုင်ပြီး ၄ ပွဲ ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါတယ်။
ဒီလိုအခြေအနေမှာ လာကာဇက်ကိုလဲ လက်လွှတ်ဖို့ သေချာသလောက် ရှိနေလို့ အသင်းအနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အဲဗာတန် တိုက်စစ်ကစားသမား ကဲလ်ဗတ်လူဝင်နဲ့ ဗီလာ တိုက်စစ်ကစားသမား ဝက်ကင်စ်တို့ကို ချိန်ရွှယ်လျက် ရှိနေပြီး ဒီကစားသမား ၂ ယောက်လုံးက
သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်လို့နေတာကြောင့် ပြောင်းရွှေ့ကြေးးများစွာနဲ့ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ဆောင်းစျေးကွက်အတွင်းမှာလည်း တိုက်စစ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူသွားဖွယ် ရှိနေပါတယ်။
Zawgyi Version