Spots news

မက်ဆီနဲ့ နေမာတို့ တစ်ကိုယ်ကောင်းမဆန်ဖို့ လူငယ်တိုက်စစ်မှူး အမ်ဘာပေ သတိပေး

Unicode Version

PSG ရဲ့ အသက် (၂၂) နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေက အသင်းဖော်နှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့နေမာတို့ကို တစ်ကိုယ်ကောင်းမဆန်ဖို့အတွက် အသိပေးပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ

မက်ဆီ PSG ကို ရောက်ရှိလာပြီးနောက် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ တိုက်စစ်အတွဲကို ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြပေမယ့် လက်ရှိအချိန်အထိတော့ ဒီတိုက်စစ်အတွဲဆီကနေ တည်ငြိမ်တဲ့ခြေစွမ်းတွေ မမြင်တွေ့ရသေးပါဘူး။

တစ်ဦးချင်းကောင်းမွန်တဲ့ ဒီကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် တွဲဖက်ကစားတဲ့နေရာမှာ လက်ရှိအချိန်အထိ နားလည်မှုမရှိသေးဘူးလို့ ပရိသတ်အချို့က ယူဆနေသလို ပိုချက်တီနိုကလည်း အသင်းအတွက် အချိန်ယူဖို့ လိုအပ်တယ်လို့ဆိုထားပါတယ်။

လက်ရှိအချိန်မှာလည်း အမ်ဘာပေက “အခုလိုမျိုး ထိပ်တန်းကစားသမားတွေ အချင်းချင်းတွဲကစားနေတဲ့အခါမျိုးမှာ ခင်ဗျားဆီမှာ ကိတ်မုန့်တစ်ခုရှိတယ်ဆိုရင် အဲ့ဒါကို သုံးယောက်လုံးအတူတူ ဝေမျှစားနိုင်အောင် လုပ်ပေးရပါမယ်”

“တစ်ယောက်နဲ့တစ်ယောက် ဘောလုံးပေးကစားတာမျိုး မလုပ်နိုင်ဘူးလို့ သွားပြောနေစရာအကြောင်းမရှိပါဘူး။ ပါးနပ်မှုရှိဖို့လိုအပ်ပါတယ်။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အခိုက်အတန့်တွေကတော့

အမြဲတမ်းရှိနေပါလိမ့်မယ်။ ဒါပေမယ့် အဓိက စိတ်နှစ်ထားတာကတော့ ကျွန်တော်တို့သုံးယောက်က PSG အတွက် အောင်မြင်မှုတွေ ရယူပေးနိုင်မယ်ဆိုတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ မက်ဆီရောက်လာသည့်တိုင် အသင်းကထွက်ခွာချင်တဲ့ သူ့ရဲ့ဆန္ဒကိုပြောင်းလဲခဲ့ခြင်းမရှိပါဘူး။ ဒါကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးအစီအစဥ်တွေမှာ အမ်ဘာပေက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မက်ဆီရောက်လာပြီးနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ PSG ရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေမှာတော့ အမ်ဘာပေ၊ မက်ဆီ၊ နေမာ၊ ဒီမာရီယာတို့ အတွဲညီညီလေ့ကျင့်ရင်း ခြေစွမ်းပြနေတဲ့ ဗီဒီယိုတွေကို

မြင်တွေ့ခဲ့ရတာကြောင့် PSG တိုက်စစ်အပေါ် ပရိသတ်တွေ အကြီးအကျယ်မျှော်လင့်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ “မှန်းချက်နဲ့နှမ်းမထွက် မကိုက်သေးဘူး” လို့ဆိုရပါလိမ့်မယ်။

Zawgyi Version

PSG ရဲ႕ အသက္ (၂၂) ႏွစ္အ႐ြယ္ တိုက္စစ္မႉး အမ္ဘာေပက အသင္းေဖာ္ႏွစ္ေယာက္ျဖစ္တဲ့ မက္ဆီနဲ႕ေနမာတို႔ကို တစ္ကိုယ္ေကာင္းမဆန္ဖို႔အတြက္ အသိေပးေျပာၾကားလိုက္ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ

မက္ဆီ PSG ကို ေရာက္ရွိလာၿပီးေနာက္ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ တိုက္စစ္အတြဲကို ပရိသတ္ေတြ ရင္ခုန္စိတ္လႈပ္ရွားခဲ့ၾကေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ဒီတိုက္စစ္အတြဲဆီကေန တည္ၿငိမ္တဲ့ေျခစြမ္းေတြ မျမင္ေတြ႕ရေသးပါဘူး။

တစ္ဦးခ်င္းေကာင္းမြန္တဲ့ ဒီကစားသမားေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္ တြဲဖက္ကစားတဲ့ေနရာမွာ လက္ရွိအခ်ိန္အထိ နားလည္မႈမရွိေသးဘူးလို႔ ပရိသတ္အခ်ိဳ႕က ယူဆေနသလို ပိုခ်က္တီနိုကလည္း အသင္းအတြက္ အခ်ိန္ယူဖို႔ လိုအပ္တယ္လို႔ဆိုထားပါတယ္။

လက္ရွိအခ်ိန္မွာလည္း အမ္ဘာေပက “အခုလိုမ်ိဳး ထိပ္တန္းကစားသမားေတြ အခ်င္းခ်င္းတြဲကစားေနတဲ့အခါမ်ိဳးမွာ ခင္ဗ်ားဆီမွာ ကိတ္မုန့္တစ္ခုရွိတယ္ဆိုရင္ အဲ့ဒါကို သုံးေယာက္လုံးအတူတူ ေဝမွ်စားနိုင္ေအာင္ လုပ္ေပးရပါမယ္”

“တစ္ေယာက္နဲ႕တစ္ေယာက္ ေဘာလုံးေပးကစားတာမ်ိဳး မလုပ္နိုင္ဘူးလို႔ သြားေျပာေနစရာအေၾကာင္းမရွိပါဘူး။ ပါးနပ္မႈရွိဖို႔လိုအပ္ပါတယ္။ စိတ္ရႈပ္စရာ၊ စိတ္ပ်က္စရာ အခိုက္အတန့္ေတြကေတာ့

အၿမဲတမ္းရွိေနပါလိမ့္မယ္။ ဒါေပမယ့္ အဓိက စိတ္ႏွစ္ထားတာကေတာ့ ကြၽန္ေတာ္တို႔သုံးေယာက္က PSG အတြက္ ေအာင္ျမင္မႈေတြ ရယူေပးနိုင္မယ္ဆိုတာပါပဲ” လို႔ ေျပာၾကားခဲ့ပါတယ္။

အမ္ဘာေပဟာ မက္ဆီေရာက္လာသည့္တိုင္ အသင္းကထြက္ခြာခ်င္တဲ့ သူ႕ရဲ႕ဆႏၵကိုေျပာင္းလဲခဲ့ျခင္းမရွိပါဘူး။ ဒါကိုလည္း ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ျပဳလုပ္ခဲ့တဲ့ သီးသန့္အင္တာဗ်ဴးအစီအစဥ္ေတြမွာ အမ္ဘာေပက ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။

မက္ဆီေရာက္လာၿပီးေနာက္ပိုင္း ျပဳလုပ္ခဲ့တဲ့ PSG ရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာေတာ့ အမ္ဘာေပ၊ မက္ဆီ၊ ေနမာ၊ ဒီမာရီယာတို႔ အတြဲညီညီေလ့က်င့္ရင္း ေျခစြမ္းျပေနတဲ့ ဗီဒီယိုေတြကို

ျမင္ေတြ႕ခဲ့ရတာေၾကာင့္ PSG တိုက္စစ္အေပၚ ပရိသတ္ေတြ အႀကီးအက်ယ္ေမွ်ာ္လင့္ခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ “မွန္းခ်က္နဲ႕ႏွမ္းမထြက္ မကိုက္ေသးဘူး” လို႔ဆိုရပါလိမ့္မယ္။