Spots news

ဖရက်ဒ်ကို ဖယ်ပြီး အလန်းစားကစားကွက် ပုံဖော်တော့မယ့် နည်းပြဆိုးလ်ရှား

Unicode Version

ယူနိုက်တက်ဟာ နိုင်ငံတကာသီတင်းပတ်အပြီးမှာ နည်းစနစ် အပြောင်းအလဲဖြစ် ပွဲထွက်လာဖို့ ရှိနေပြီး ယူနိုက်တက်နည်းပြတွေဖြစ်တဲ့ ကားရစ်နဲ့ မက်ကန်နာတို့က အဆိုပါကိစ္စအတွက် စီစဉ်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပုံမှန်ကစားနေတဲ့ ၄-၂-၃-၁ စနစ်ကို ၄-၃-၃ စနစ်ဖြင့် ပြောင်းလဲသွားမယ့် အနေအထားဖြစ်ကာ ကွင်းလယ်ခံစစ်မှူး နှစ်ဦးထားခြင်းထက် တစ်ဦးတည်း ထားခြင်းကို ရွေးချယ်သွားမယ်လို့ သိရတယ်။ အဆိုပါ နေရာအတွက်တော့ တော်မီနေးကို အထိုင်ထားကစားသွားမှာဖြစ်ကြောင်း ဗြိတိန်သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။

ခံစစ်လေးယောက်တန်းရှေ့မှာ တော်မီနေးကို အထိုင်ထားကာ သူရဲ့ တွဲဘက်တွေအဖြစ် ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို နေရာပေးပြီး တိုက်စစ်သမား သုံးဦး ထည့်သွင်းမယ့် ၄-၃-၃ စနစ်အတွက် တော်မီနေးကို လမ်းညွှန်မှုတွေ လုပ်နေတယ်။ တော်မီနေးဟာ ကွင်းလယ်ခံစစ်ကို တစ်ဦးတည်း တာဝန်ယူနိုင်မယ်လို့ ယူနိုက်တက် နည်းပြတွေ ယုံကြည်ထားကြောင်း the Athletic မှ ဖော်ပြချက်ကိုလည်း ကိုးကား ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်သမား သုံးဦးထားသုံးတဲ့ ပုံစံထက် ရော်နယ်ဒိုကို အထောင်ထားပြီး ဂရင်းဝုဒ်ဖြင့် ပွဲထုတ်ခြင်းမျိုးတွေကို အသုံးများထားပါတယ်။ ဒါပေမယ့်လို့ ပုခုံးဒဏ်ရာက ပြန်သက်သာလာနေပြီဖြစ်တဲ့ ရက်ဖိုဒ့်ကိုလည်း နေရာပေးရဖို့ ရှိနေတာကြောင့် တိုက်စစ် သုံးယောက်တန်း ပုံစံကို ပြောင်းလဲကျင့်သုံးဖို့ စီစဉ်လာခြင်းလို့ နားလည်ရတယ်။

ယူနိုက်တက်မှာ တိုက်စစ်သမားတွေအဖြစ် ရော်နယ်ဒို၊ ဂရင်းဝုဒ်၊ ရက်ဖိုဒ့်တို့ အဓိက တိုက်စစ်တွဲလုံး ဖြစ်လာနိုင်ပြီး အရန်ခုံမှာတော့ မာရှယ်၊ ဆန်ချို၊ ကာဗာနီလို ကစားသမားတွေလည်း ရှိနေသေးတာဖြစ်ပါတယ်။

နည်းပြတွေဖြစ်တဲ့ ကားရစ်နဲ့ မက်ကန်နာဟာ တော်မီနေးရဲ့ ဘောလုံးပေးနိုင်စွမ်းနဲ့ နေရာယူမှုပိုင်းမှာ တိုးတက်လာဖို့ လမ်းညွှန်မှုတွေ လုပ်ပေးနေပါတယ်။ အဲဗာတန်၊ အက်စတွန်ဗီလာ၊ ဗီလာရီးရဲလ်နဲ့ ဝက်ဟမ်းပွဲတွေမှာ ယူနိုက်တက်ဟာ ကောင်တာတိုက်စစ်တွေကနေ ထိုးဖောက်ခံရပြီး တိုက်စစ်နဲ့ ခံစစ် ဟန်ချက်မညီမှုကနေ ထိုးနှက်ခံနေရတာ ဖြစ်ပါတယ်။

တော်မီနေးဟာ စကော်တလန် လက်ရွေးစင်အသင်းမှာတော့ ခံစစ် ၃ ယောက်တန်းမှာ ကစားနေသူဖြစ်လို့ ကွင်းလယ်ခံစစ်နေရာကနေ အသားကျဖို့ အချိန်သိပ်လိုမှာ မဟုတ်ဘူးလို့ ယူနိုက်တက် နည်းပြအဖွဲ့က ယူဆနေတာ ဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္ဟာ နိုင္ငံတကာသီတင္းပတ္အၿပီးမွာ နည္းစနစ္ အေျပာင္းအလဲျဖစ္ ပြဲထြက္လာဖို႔ ရွိေနၿပီး ယူနိုက္တက္နည္းျပေတြျဖစ္တဲ့ ကားရစ္နဲ႕ မက္ကန္နာတို႔က အဆိုပါကိစၥအတြက္ စီစဥ္ေနၿပီျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ပုံမွန္ကစားေနတဲ့ ၄-၂-၃-၁ စနစ္ကို ၄-၃-၃ စနစ္ျဖင့္ ေျပာင္းလဲသြားမယ့္ အေနအထားျဖစ္ကာ ကြင္းလယ္ခံစစ္မႉး ႏွစ္ဦးထားျခင္းထက္ တစ္ဦးတည္း ထားျခင္းကို ေ႐ြးခ်ယ္သြားမယ္လို႔ သိရတယ္။ အဆိုပါ ေနရာအတြက္ေတာ့ ေတာ္မီေနးကို အထိုင္ထားကစားသြားမွာျဖစ္ေၾကာင္း ၿဗိတိန္သတင္းဌာနေတြက ေဖာ္ျပလာခဲ့ပါတယ္။

ခံစစ္ေလးေယာက္တန္းေရွ႕မွာ ေတာ္မီေနးကို အထိုင္ထားကာ သူရဲ႕ တြဲဘက္ေတြအျဖစ္ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ကို ေနရာေပးၿပီး တိုက္စစ္သမား သုံးဦး ထည့္သြင္းမယ့္ ၄-၃-၃ စနစ္အတြက္ ေတာ္မီေနးကို လမ္းၫႊန္မႈေတြ လုပ္ေနတယ္။ ေတာ္မီေနးဟာ ကြင္းလယ္ခံစစ္ကို တစ္ဦးတည္း တာဝန္ယူနိုင္မယ္လို႔ ယူနိုက္တက္ နည္းျပေတြ ယုံၾကည္ထားေၾကာင္း the Athletic မွ ေဖာ္ျပခ်က္ကိုလည္း ကိုးကား ေဖာ္ျပခဲ့ပါတယ္။

ယူနိုက္တက္ဟာ တိုက္စစ္သမား သုံးဦးထားသုံးတဲ့ ပုံစံထက္ ေရာ္နယ္ဒိုကို အေထာင္ထားၿပီး ဂရင္းဝုဒ္ျဖင့္ ပြဲထုတ္ျခင္းမ်ိဳးေတြကို အသုံးမ်ားထားပါတယ္။ ဒါေပမယ့္လို႔ ပုခုံးဒဏ္ရာက ျပန္သက္သာလာေနၿပီျဖစ္တဲ့ ရက္ဖိုဒ့္ကိုလည္း ေနရာေပးရဖို႔ ရွိေနတာေၾကာင့္ တိုက္စစ္ သုံးေယာက္တန္း ပုံစံကို ေျပာင္းလဲက်င့္သုံးဖို႔ စီစဥ္လာျခင္းလို႔ နားလည္ရတယ္။

ယူနိုက္တက္မွာ တိုက္စစ္သမားေတြအျဖစ္ ေရာ္နယ္ဒို၊ ဂရင္းဝုဒ္၊ ရက္ဖိုဒ့္တို႔ အဓိက တိုက္စစ္တြဲလုံး ျဖစ္လာနိုင္ၿပီး အရန္ခုံမွာေတာ့ မာရွယ္၊ ဆန္ခ်ိဳ၊ ကာဗာနီလို ကစားသမားေတြလည္း ရွိေနေသးတာျဖစ္ပါတယ္။

နည္းျပေတြျဖစ္တဲ့ ကားရစ္နဲ႕ မက္ကန္နာဟာ ေတာ္မီေနးရဲ႕ ေဘာလုံးေပးနိုင္စြမ္းနဲ႕ ေနရာယူမႈပိုင္းမွာ တိုးတက္လာဖို႔ လမ္းၫႊန္မႈေတြ လုပ္ေပးေနပါတယ္။ အဲဗာတန္၊ အက္စတြန္ဗီလာ၊ ဗီလာရီးရဲလ္နဲ႕ ဝက္ဟမ္းပြဲေတြမွာ ယူနိုက္တက္ဟာ ေကာင္တာတိုက္စစ္ေတြကေန ထိုးေဖာက္ခံရၿပီး တိုက္စစ္နဲ႕ ခံစစ္ ဟန္ခ်က္မညီမႈကေန ထိုးႏွက္ခံေနရတာ ျဖစ္ပါတယ္။

ေတာ္မီေနးဟာ စေကာ္တလန္ လက္ေ႐ြးစင္အသင္းမွာေတာ့ ခံစစ္ ၃ ေယာက္တန္းမွာ ကစားေနသူျဖစ္လို႔ ကြင္းလယ္ခံစစ္ေနရာကေန အသားက်ဖိဳ႕ အခ်ိန္သိပ္လိုမွာ မဟုတ္ဘူးလို႔ ယူနိုက္တက္ နည္းျပအဖြဲ႕က ယူဆေနတာ ျဖစ္ပါတယ္။