Spots news

အေဘရာဟမ်ဟာ မတူတဲ့ တိုက်စစ်မှူးဖြစ်လာပြီလို့ နည်းပြနှစ်ဦး ချီးကျူး

Unicode Version

နည်းပြဆောက်ဂိတ်က ရိုးမားအသင်းမှာ ခြေစွမ်းပြကစား‌ နေတဲ့ တိုက်စစ်မှူး အေဘရာဟမ်ကို အင်္ဂလန် အသင်းအတွက် ထပ်တိုးရွေးချယ် လိုက်ပါတယ်။ အင်္ဂလန်အသင်းဟာ

တစ်ပတ်အတွင်း အန်ဒိုရာ၊ ဟန်ဂေရီတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အေဘရာဟမ်မှာ အစောပိုင်းက ရွေးချယ်ထားသော လူစာရင်းတွင် မပါဝင်ခဲ့ပါဘူး။

အသက် ၂၄ နှစ်အရွယ်ရှိ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်း အေဘရာဟမ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်္ဂလန် လက်ရွေးစင်အဖြစ် ရွေးချယ် ခံခဲ့ရပေမယ့် ၂၀၂၀ နိုဝင်ဘာလ

နောက်ပိုင်း ရွေးချယ်မခဲ့ ရပါဘူး။ မူလရွေးချယ်ခဲ့ သော လူစာရင်းတွင် အေဘရာဟမ် မပါဝင်ခြင်းအတွက် မေးမြန်းခဲ့ရာမှာ ဆောက်ဂိတ်က စောလွန်းသေးသည်ဟု တုံ့ပြန်ခဲ့ပါတယ်။

သို့သော် ယခုအခါ အေဘရာဟမ်ကို လက်ရွေးစင် အသင်းအတွက် ထပ်တိုးရွေးချယ်ခဲ့ပြီး ရိုးမားနည်းပြ မော်ရင်ဟိုနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း၊

အေဘရာဟမ်ဟာ ယခင် သိထားခဲ့တဲ့ ကစားသမား မဟုတ်တော့ဘဲ ခြားနားသည့်ကစားသမားတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ထို့ကြောင့် အေဘရာဟမ်ရဲ့ လက်ရွေးစင်ကစားသမားဘဝနှင့် ပတ်သက်ပြီး ကလပ်အသင်း နည်းပြဖြစ်တဲ့ မော်ရင်ဟို

ပြောကြားခဲ့တဲ့ စကားကိုလည်း ဗြိတိန်မီဒီယာများက ပြန်လည်ဖော်ပြခဲ့ ကြပါတယ် ။ မော်ရင်ဟိုက “အေဗရာဟမ်ကို ဆောက်ဂိတ်အတွက်

ကြောက်မက်ဖွယ် တိုက်စစ်မှူးတစ်ယောက်ဖြစ်လာအောင် ဖန်တီးပေးဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ သူက လက်ရွေးစင်အသင်းမှာ ဒီထက်

ကစားခွင့်ရသင့်သူပါ”ဟု ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ရီးစ်ဂျိမ်းစ်နေရာမှာလည်း ဘင်ချီဝဲလ်ကို အစားထိုးရွေးချယ်ခဲ့ပါတယ်။

Zawgyi Version

နည္းျပေဆာက္ဂိတ္က ရိုးမားအသင္းမွာ ေျခစြမ္းျပကစား‌ ေနတဲ့ တိုက္စစ္မႉး ေအဘရာဟမ္ကို အဂၤလန္လက္ေ႐ြးစင္ အသင္းအတြက္ ထပ္တိုးေ႐ြးခ်ယ္ လိုက္ပါတယ္။ အဂၤလန္အသင္းဟာ ယခု

တစ္ပတ္အတြင္း အန္ဒိုရာ၊ ဟန္ေဂရီတို႔ႏွင့္ ကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ေအဘရာဟမ္မွာ အေစာပိုင္းက ေ႐ြးခ်ယ္ထားေသာ လူစာရင္းတြင္ မပါဝင္ခဲ့ပါဘူး။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ခ်ယ္လ္ဆီး တိုက္စစ္မႉးေဟာင္း ေအဘရာဟမ္ဟာ ၂၀၁၇ ခုႏွစ္ကတည္းက အဂၤလန္ လက္ေ႐ြးစင္အျဖစ္ ေ႐ြးခ်ယ္ ခံခဲ့ရေပမယ့္ ၂၀၂၀ နိုဝင္ဘာလေနာက္ပိုင္း

ေ႐ြးခ်ယ္မခဲ့ ရပါဘူး။ မူလေ႐ြးခ်ယ္ခဲ့ ေသာ လူစာရင္းတြင္ ေအဘရာဟမ္ မပါဝင္ျခင္းအတြက္ ေမးျမန္းခဲ့ရာမွာ ေဆာက္ဂိတ္က ေစာလြန္းေသးသည္ဟု တုံ႕ျပန္ခဲ့ပါတယ္။

သို႔ေသာ္ ယခုအခါ ေအဘရာဟမ္ကို လက္ေ႐ြးစင္ အသင္းအတြက္ ထပ္တိုးေ႐ြးခ်ယ္ခဲ့ၿပီး ရိုးမားနည္းျပ ေမာ္ရင္ဟိုႏွင့္ ေဆြးေႏြးတိုင္ပင္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊

ေအဘရာဟမ္ဟာ ယခင္ သိထားခဲ့တဲ့ ကစားသမား မဟုတ္ေတာ့ဘဲ ျခားနားသည့္ကစားသမားတစ္ဦး ျဖစ္ေနၿပီျဖစ္ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

ထို႔ေၾကာင့္ ေအဘရာဟမ္ရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝႏွင့္ ပတ္သက္ၿပီး ကလပ္အသင္း နည္းျပျဖစ္တဲ့ ေေမာ္ရင္ဟို

ေျပာၾကားခဲ့တဲ့ စကားကိုလည္း ၿဗိတိန္မီဒီယာမ်ားက ျပန္လည္ေဖာ္ျပခဲ့ ၾကပါတယ္ ။ ေမာ္ရင္ဟိုက “ေအဗရာဟမ္ကို ေဆာက္ဂိတ္အတြက္

ေၾကာက္မက္ဖြယ္ တိုက္စစ္မႉးတစ္ေယာက္ျဖစ္လာေအာင္ ဖန္တီးေပးဖို႔ ကြၽန္ေတာ္ ႀကိဳးစားေနပါတယ္။ သူက လက္ေ႐ြးစင္အသင္းမွာ ဒီထက္

ကစားခြင့္ရသင့္သူပါ”ဟု ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ ေဆာက္ဂိတ္ဟာ ရီးစ္ဂ်ိမ္းစ္ေနရာမွာလည္း ဘင္ခ်ီဝဲလ္ကို အစားထိုးေ႐ြးခ်ယ္ခဲ့ပါတယ္။