Spots news

စာချုပ်သစ်ချုပ်မယ့် ပေါ့ဘာ ၊ ထွက်ခွာဖို့ အသင့်ရှိတဲ့ ဆိုးလ်ရှား နဲ့ သတင်းတိုများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ အနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သစ်ကို သက်တမ်းတိုလိုသော ဆန္ဒအပြည့်အ၀ ရှိကြောင်းသိရပါတယ်။ ပေါ့ဘာနဲ့ ယူနိုက်တက်တို့အကြား စာချုပ်သက်တမ်းတိုးခဲ့ပါက ပေါ့ဘာဟာ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမား ဖြစ်လာဖွယ်ရာရှိနေပါတယ်။

ပေါ့ဘာအနေနဲ့ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့အတွက် ယူနိုက်တက် နဲ့စာချုပ် သက်တမ်းတိုးခြင်းရဲ့ နောက်ကွယ်မှာ သူ့အနေနဲ့ ယူန်ိုက်တက် မှထွက်ခွာခဲ့ပါက အသင်းအနေနဲ့ နစ်နာမှုမရှိစေရန် ဆိုသော ရည်ရွယ်ချက်မျိုး ပါ၀င်ကြောင်းသိရပါတယ်။

ယုနိုက်တက်နည်းပြ ဆိုးလ်ရှား အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့တွင် အသင်းရဲ့ နယ်သာလန်ကြယ်ပွင့် ကွင်းလယ်ကစား ဒွန်နီ ဗန်ဒီဘိခ်ကို အသင်းမှ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း သိရပါတယ်။ကစားသမားရဲ့ အနေအထား တိုးတက်မှု မရှိသည့်တိုင်အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

 

နည်းပြ ဆိုးလ်ရှားအနေနဲ့ သူ့ကို ပရိတ်သတ်များက ထွက်ခွာစေလိုပါက ဘုတ်အဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးသွားပြီး ယူနိုက်တက်မှ ထွက်ခွာရန်အသင့်ရှိနေ‌ ‌ကြောင်း သိရပါတယ်။ သို့ပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ကလဲ ဆိုးလ်ရှားနဲ့ လက်တွဲကာ ရှေ့ဆက်ချင်သလို နည်းပြဆိုးလ်ရှားကလဲ အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖရက်ဒ်နှင့် တိုက်စစ်မှူး အက်ဒင်ဆင် ကာဗာနီတို့ဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များရဲ့ တတိယမြောက်ပွဲမှာ လက်စတာနှင့်ပွဲမတိုင်မီတစ်ရက်အလိုမှာ ရှိနေတာဖြစ်သဖြင့် လက်စတာနှင့်ပွဲကို သူတို့ ၂ ဦး ဝင်ရောက်ကစားနိုင် ရာနှုန်းနည်းနေကြောင်း သိရပါတယ်။

Zawgyi Version


ပေါ့ဘာအနေနဲ့ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့အတွက် ယူနိုက်တက် နဲ့စာချုပ် သက်တမ်းတိုးခြင်းရဲ့ နောက်ကွယ်မှာ သူ့အနေနဲ့ ယူနိုက်တက် မှထွက်ခွာခဲ့ပါက အသင်းအနေနဲ့ နစ်နာမှုမရှိစေရန် ဆိုသော ရည်ရွယ်ချက်မျိုး ပါဝင်ကြောင်းသိရပါတယ်။


