Spots news

ဂိုးများများလိုချင်ရင် သူ့ဆီကို ဘောလုံးများများ ပို့ပေးခိုင်းဖို့ ဆိုးလ်ရှားကို ရော်နယ်ဒိုတောင်းဆို

Unicode Version

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းရဲ့ကစားပုံအပေါ် အပြောင်းအလဲလုပ်ပေးဖို့ နည်းပြဆိုးလ်ရှားထံ ပြောကြားထားတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိ

လာပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၅ ဂိုးသွင်းယူထားနိုင်ပေမယ့် အသင်းလိုက်ကစားပုံသာ အခုထက် ပိုမိုကောင်းမွန်လာမယ်ဆိုရင် သူ့အတွက် ဂိုးတွေပိုရနိုင်မယ်လို့ ရော်နယ်ဒိုက ယူဆထားတာပါ။

ESPN ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုက ယူနိုက်တက်နောက်ခံလူတွေ ဘောလုံးကို ရှေ့မြန်မြန်ပေးပို့ဖို့ လိုလားနေပြီး အသင်းလိုက်ကစားပုံကိုလည်း အခုထက်ပိုမိုမြန်ဆန်လာဖို့ ဆန္ဒရှိနေတာကြောင့် ဒီအတွက် ဆိုးလ်ရှားကို ပြောကြားထားပါတယ်။

ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာလည်း ရော်နယ်ဒိုက သူ့ဆီ ဘောလုံးကောင်းကောင်းမရောက်လာတဲ့အပေါ် စိတ်ပျက်နေတယ်လို့ အဲ့ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်က ပြောကြားခဲ့ပါသေးတယ်။

အဲ့ဒါကြောင့်လည်းလက်ရှိအချိန်မှာတော့ ရော်နယ်ဒိုက နည်းပြဆိုးလ်ရှားကို အသင်းလိုက်ကစားပုံ အပြောင်းအလဲလုပ်ဖို့အတွက်ပါ တောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်လာတာပါ။

ယူနိုက်တက်ဟာ ဒီရာသီမှာ ရလဒ်အရမ်းဆိုးရွားနေခြင်းမရှိသေးသည့်တိုင် ခံစစ်ကိုပိတ်ဆို့ကစားတဲ့အသင်းတွေနဲ့ တွေ့ရင် ဂိုးရဖို့၊ အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ရုန်းကန်ရလေ့ရှိပါတယ်။

Zawgyi Version

ယူနိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အသင္းရဲ႕ကစားပုံအေပၚ အေျပာင္းအလဲလုပ္ေပးဖို႔ နည္းျပဆိုးလ္ရွားထံ ေျပာၾကားထားတယ္လို႔ သိရွိရပါတယ္။ ေရာ္နယ္ဒိုဟာ ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိ

လာၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ ၅ ဂိုးသြင္းယူထားနိုင္ေပမယ့္ အသင္းလိုက္ကစားပုံသာ အခုထက္ ပိုမိုေကာင္းမြန္လာမယ္ဆိုရင္ သူ႕အတြက္ ဂိုးေတြပိုရနိုင္မယ္လို႔ ေရာ္နယ္ဒိုက ယူဆထားတာပါ။

ESPN ရဲ႕ ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုက ယူနိုက္တက္ေနာက္ခံလူေတြ ေဘာလုံးကို ေရွ႕ျမန္ျမန္ေပးပို႔ဖို႔ လိုလားေနၿပီး အသင္းလိုက္ကစားပုံကိုလည္း အခုထက္ပိုမိုျမန္ဆန္လာဖို႔ ဆႏၵရွိေနတာေၾကာင့္ ဒီအတြက္ ဆိုးလ္ရွားကို ေျပာၾကားထားပါတယ္။

ဗီလာရီးရဲယ္နဲ႕ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲမွာလည္း ေရာ္နယ္ဒိုက သူ႕ဆီ ေဘာလုံးေကာင္းေကာင္းမေရာက္လာတဲ့အေပၚ စိတ္ပ်က္ေနတယ္လို႔ အဲ့ဒီပြဲမွာ ပါဝင္ကစားခဲ့တဲ့ ဘယ္ေနာက္ခံလူ အဲလက္စ္တဲလက္စ္က ေျပာၾကားခဲ့ပါေသးတယ္။

အဲ့ဒါေၾကာင့္လည္းလက္ရွိအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုက နည္းျပဆိုးလ္ရွားကို အသင္းလိုက္ကစားပုံ အေျပာင္းအလဲလုပ္ဖို႔အတြက္ပါ ေတာင္းဆိုထားတယ္လို႔ သတင္းေတြထြက္ေပၚလာတာပါ။

ယူနိုက္တက္ဟာ ဒီရာသီမွာ ရလဒ္အရမ္းဆိုး႐ြားေနျခင္းမရွိေသးသည့္တိုင္ ခံစစ္ကိုပိတ္ဆို႔ကစားတဲ့အသင္းေတြနဲ႕ ေတြ႕ရင္ ဂိုးရဖို႔၊ အခြင့္အေရးေတြဖန္တီးနိုင္ဖို႔ ႐ုန္းကန္ရေလ့ရွိပါတယ္။