Spots news

မန်စီးတီး ၊ ချယ်လ်ဆီးတို့ထက် ငွေသုံးကြမ်းပြတော့မယ့် နယူးကာဆယ်

Unicode Version

ဆော်ဒီတော်ဝင်မိသားစုရဲ့ ကျောထောက် နောက်ခံကို ရရှိထားတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ ပရီးမီးယားလိဂ် ကလပ်အသင်း တသင်း ဖြစ်တဲ့ နယူးကာဆယ်အသင်းကို ဝယ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့နှစ်ထဲက နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားသလို နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ အက်ရှလေကလည်း သူ့ရဲ့အသင်းကို ဆော်ဒီအဖွဲ့အစည်းထံ ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ တားဆီးမှုကြောင့်သာ ကလပ်အသင်း ရောင်းချမှုဟာ မဖြစ်ပေါ်ခဲ့တာပါ။

ဒါပေမယ့် အက်ရှလေဟာ နယူးကာဆယ်အသင်းကို ရောင်းချဖို့ ကိစ္စနဲ့ ပတ်သတ်ပြီး တရားရုံးတွေ အထိ အယူခံဝင်မှုတွေ ပြုလုပ်ခဲ့သလို ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းနဲ့လည်း ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရာ ယခုအချိန်မှာတော့ နယူးကာဆယ်အသင်းကို ရောင်းချနိုင်ဖို့ နီးစပ်နေပါပြီ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဟာ ဘောလုံးပွဲတွေကို တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ချန်နယ်တခု ဖြစ်တဲ့ Bein Sports Channelကို ဆော်ဒီနိုင်ငံက ပြည်ဝင်ခွင့် ပိတ်ထားတဲ့ အချက်အပေါ် အခြေခံကာ အားကစားအရ လုပ်ပိုင်ခွင့် တစုံတရာ ရှိမှုကို တားဆီးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းထံ ရောင်းချမှုကို ပိတ်ပင်ခဲ့တာပါ။

လက်ရှိမှာတော့ ဆော်ဒီနိုင်ငံဟာ Bein Sports Channelကို ပြည်ဝင်ခွင့် ပိတ်ထားမှုအား ပြန်လည် ပယ်ဖျက်ဖို့ ဆုံးဖြတ်ထားတာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နယူးကာဆယ်အသင်းဟာ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းထံ ရောင်းချမှုအား တားဆီးနိုင်ဖွယ် မရှိတော့ပါဘူး။

ဒါကြောင့် ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို လာမယ့် ရက်ပိုင်းအတွင်း ဝယ်ယူနိုင်တော့မှာ ဖြစ်ပြီး ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ

နယူးကာဆယ်အသင်းကို ဝယ်ယူပြီးပါက နည်းပြ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားထားသလို လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာလည်း ပြောင်းရွှေ့ကြေး ပေါင် ၂၅၀သန်းနီးပါး သုံးစွဲဖို့ လျာထားကြောင်း သိရပါတယ်။

Zawgyi Version

ေဆာ္ဒီေတာ္ဝင္မိသားစုရဲ႕ ေက်ာေထာက္ ေနာက္ခံကို ရရွိထားတဲ့ ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္းဟာ ပရီးမီးယားလိဂ္ ကလပ္အသင္း တသင္း ျဖစ္တဲ့ နယူးကာဆယ္အသင္းကို ဝယ္ယူနိုင္ဖို႔ နီးစပ္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္းဟာ ၿပီးခဲ့တဲ့ႏွစ္ထဲက နယူးကာဆယ္အသင္းကို ဝယ္ယူဖို႔ ကမ္းလွမ္းထားသလို နယူးကာဆယ္အသင္းရဲ႕ ပိုင္ရွင္ျဖစ္သူ အက္ရွေလကလည္း သူ႕ရဲ႕အသင္းကို ေဆာ္ဒီအဖြဲ႕အစည္းထံ ေရာင္းခ်ဖိဳ႕ ဆႏၵရွိေနေပမယ့္ အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ တားဆီးမႈေၾကာင့္သာ ကလပ္အသင္း ေရာင္းခ်မႈဟာ မျဖစ္ေပၚခဲ့တာပါ။

ဒါေပမယ့္ အက္ရွေလဟာ နယူးကာဆယ္အသင္းကို ေရာင္းခ်ဖိဳ႕ ကိစၥနဲ႕ ပတ္သတ္ၿပီး တရား႐ုံးေတြ အထိ အယူခံဝင္မႈေတြ ျပဳလုပ္ခဲ့သလို ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္းနဲ႕လည္း ေဆြးေႏြး ညွိႏွိုင္းမႈေတြ ျပဳလုပ္ခဲ့ရာ ယခုအခ်ိန္မွာေတာ့ နယူးကာဆယ္အသင္းကို ေရာင္းခ်နိဳင္ဖို႔ နီးစပ္ေနပါၿပီ။

အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ေဘာလုံးပြဲေတြကို တိုက္ရိုက္ ထုတ္လႊင့္ျပသတဲ့ ခ်န္နယ္တခု ျဖစ္တဲ့ Bein Sports Channelကို ေဆာ္ဒီနိုင္ငံက ျပည္ဝင္ခြင့္ ပိတ္ထားတဲ့ အခ်က္အေပၚ အေျခခံကာ အားကစားအရ လုပ္ပိုင္ခြင့္ တစုံတရာ ရွိမႈကို တားဆီးတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ နယူးကာဆယ္အသင္းကို ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္းထံ ေရာင္းခ်မႈကို ပိတ္ပင္ခဲ့တာပါ။

လက္ရွိမွာေတာ့ ေဆာ္ဒီနိုင္ငံဟာ Bein Sports Channelကို ျပည္ဝင္ခြင့္ ပိတ္ထားမႈအား ျပန္လည္ ပယ္ဖ်က္ဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႕ နယူးကာဆယ္အသင္းဟာ ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္းထံ ေရာင္းခ်မႈအား တားဆီးနိုင္ဖြယ္ မရွိေတာ့ပါဘူး။

ဒါေၾကာင့္ ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္းဟာ နယူးကာဆယ္အသင္းကို လာမယ့္ ရက္ပိုင္းအတြင္း ဝယ္ယူနိုင္ေတာ့မွာ ျဖစ္ၿပီး ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္းဟာ

နယူးကာဆယ္အသင္းကို ဝယ္ယူၿပီးပါက နည္းျပ စတိဗ္ဘ႐ုစ္ကို ရာထူးကေန ထုတ္ပယ္ဖို႔ စဥ္းစားထားသလို လာမယ့္ အေျပာင္းအေ႐ႊ႕ ေဈးကြက္ေတြမွာလည္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅၀သန္းနီးပါး သုံးစြဲဖို႔ လ်ာထားေၾကာင္း သိရပါတယ္။