Spots news

လီဗာပူးအသင်းကို လစာတနင့်တပိုးတောင်းထားတဲ့ ဆာလတ်ကို မန်စီးတီး ကမ်းလှမ်းမည်

Unicode Version

မန်ချက်စတာ စီးတီးအသင်းဟာ စာချုပ်သစ်အတွက် လီဗာပူးအသင်းအား လစာငွေများစွာတောင်းဆိုထားသူ အီဂျစ်တိုက်စစ်မှူး ဆာလတ်ကို ပစ်မှတ်ထားနေပြီး ပြောင်းရွေ့ကြေး ပေါင် ၇၅ သန်းဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်း ဥရောပ အခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားပါတယ်။

ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး လီဗာပူးအသင်းအတွက် ခြေစွမ်းပြ ဂိုးများသွင်းယူနေတဲ့ ဆာလတ်ဟာ လီဗာပူးအသင်းမှ ကမ်းလှမ်းထားတဲ့ စာချုပ်သစ်မှာ သူ့အတွက် ကလပ် စံချိန်တင် လုပ်ခလစာငွေ ပေါင် ၄ သိန်းခန့်ပေးဖို့ အေးဂျင့်မှတစ်ဆင့် တောင်းဆိုထားပြီး ငွေကြေးစီစစ်တဲ့ လီဗာပူးအသင်းဟာ အနည်းငယ် တွန့်ဆုတ်နေကြောင်း သိရပါတယ်။

ထို့ကြောင့် လီဗာပူးအသင်းနှင့် ဆာလတ်ရဲ့ စာချုပ်အခြေအနေကို ပြိုင်ဘက် မန်စီးတီးအသင်းက စောင့်ကြည့်နေပြီး အကယ်၍ သဘောတူညီမှုမရပါက ဆာလတ်ကို ကမ်းလှမ်းမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ တိုက်စစ်မှူးလိုအပ်နေတဲ့ မန်စီးတီးအတွက် အသင်းလဲ အင်အားတောင့်တင်းစေသလို ပြိုင်ဘက်ကိုလဲ အင်အားလျော့နည်းစေမှာ ဖြစ်လို့ မန်စီးတီးက အင်တိုက်အားတိုက် ကြိုးစားလာမှာ ဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး ဆာလတ်ဟာ လက်ရှိ လီဗာပူးအသင်းမှာ တစ်ပတ်လုပ်ခ လစာငွေ ပေါင် ၂ သိန်းဝန်းကျင် ရရှိနေတာဖြစ်ပြီး လီဗာပူး အသင်းအနေနဲ့ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ပေးနိုင်တဲ့ ဂိုးသွင်းစက်ကို ဆက်လက်ထိန်းသိမ်း သင့်ကြောင်း ဘောလုံးဝေဖန်သုံးသပ်သူအချို့က ဝေဖန်အကြံပြု ပေးထားပါတယ်။

 

လစာငွေတိုးမြှင့်ပေးရန် လီဗာပူးအသင်းထံ ဆာလတ်ရဲ့ တောင်းဆိုမှုမာ ပြီးခဲ့သည့်ရက်ပိုင်းက ပြင်ပသို့ပေါက်ကြားခဲ့ပြီး လစာငွေ ၃ သိန်းမှ ၃ သိန်း ၈ သောင်းအထိ တိုးမြှင့်ပေးရန်တောင်းဆိုထားကြောင်း သိရှိရပါတယ်။ ဆာလတ်ဟာ ရိုးမားမှ လီဗာပူးသို့ ပြောင်းရွှေ့ကြေး ပေါင် ၃၆.၅ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး လီဗာပူးအသင်းရဲ့ အဓိက ကစားသမားအဖြစ် နေရာယူ ထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ စီးတီးအသင္းဟာ စာခ်ဳပ္သစ္အတြက္ လီဗာပူးအသင္းအား လစာေငြမ်ားစြာေတာင္းဆိုထားသူ အီဂ်စ္တိုက္စစ္မႉး ဆာလတ္ကို ပစ္မွတ္ထားေနၿပီး ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၇၅ သန္းျဖင့္ ကမ္းလွမ္းဖြယ္ရွိေၾကာင္း ဥေရာပ အေျခစိုက္ သတင္းမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။

ဥေရာပရဲ႕ အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွ တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရၿပီး လီဗာပူးအသင္းအတြက္ ေျခစြမ္းျပ ဂိုးမ်ားသြင္းယူေနတဲ့ ဆာလတ္ဟာ လီဗာပူးအသင္းမွ ကမ္းလွမ္းထားတဲ့ စာခ်ဳပ္သစ္မွာ သူ႕အတြက္ ကလပ္ စံခ်ိန္တင္ လုပ္ခလစာေငြ ေပါင္ ၄ သိန္းခန႔္ေပးဖို႔ ေအးဂ်င့္မွတစ္ဆင့္ ေတာင္းဆိုထားၿပီး ေငြေၾကးစီစစ္တဲ့ လီဗာပူးအသင္းဟာ အနည္းငယ္ တြန႔္ဆုတ္ေနေၾကာင္း သိရပါတယ္။

ထို႔ေၾကာင့္ လီဗာပူးအသင္းႏွင့္ ဆာလတ္ရဲ႕ စာခ်ဳပ္အေျခအေနကို ၿပိဳင္ဘက္ မန္စီးတီးအသင္းက ေစာင့္ၾကည့္ေနၿပီး အကယ္၍ သေဘာတူညီမႈမရပါက ဆာလတ္ကို ကမ္းလွမ္းမႈ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒါဟာ တိုက္စစ္မႉးလိုအပ္ေနတဲ့ မန္စီးတီးအတြက္ အသင္းလဲ အင္အားေတာင့္တင္းေစသလို ၿပိဳင္ဘက္ကိုလဲ အင္အားေလ်ာ့နည္းေစမွာ ျဖစ္လို႔ မန္စီးတီးက အင္တိုက္အားတိုက္ ႀကိဳးစားလာမွာ ျဖစ္ပါတယ္။

အီဂ်စ္လက္ေ႐ြးစင္ တိုက္စစ္မႉး ဆာလတ္ဟာ လက္ရွိ လီဗာပူးအသင္းမွာ တစ္ပတ္လုပ္ခ လစာေငြ ေပါင္ ၂ သိန္းဝန္းက်င္ ရရွိေနတာျဖစ္ၿပီး လီဗာပူး အသင္းအေနနဲ႕ အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ေပးနိုင္တဲ့ ဂိုးသြင္းစက္ကို ဆက္လက္ထိန္းသိမ္း သင့္ေၾကာင္း ေဘာလုံးေဝဖန္သုံးသပ္သူအခ်ိဳ႕က ေဝဖန္အႀကံျပဳ ေပးထားပါတယ္။

လစာေငြတိုးျမႇင့္ေပးရန္ လီဗာပူးအသင္းထံ ဆာလတ္ရဲ႕ ေတာင္းဆိုမႈမာ ၿပီးခဲ့သည့္ရက္ပိုင္းက ျပင္ပသို႔ေပါက္ၾကားခဲ့ၿပီး လစာေငြ ၃ သိန္းမွ ၃ သိန္း ၈ ေသာင္းအထိ တိုးျမႇင့္ေပးရန္ေတာင္းဆိုထားေၾကာင္း သိရွိရပါတယ္။ ဆာလတ္ဟာ ရိုးမားမွ လီဗာပူးသို႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၆.၅ သန္းျဖင့္ ေရာက္ရွိလာသူျဖစ္ၿပီး လီဗာပူးအသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ေနရာယူ ထားပါတယ္။