Unicode Version
ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း(PIF)ဟာ ယနေ့မှာပဲ နယူးကာဆယ်အသင်းကို ဝယ်ယူနိုင်ကြောင်း ကြေညာဖွယ် ရှိတယ်လို့ ဗြိတိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။
ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း(PIF)ဟာ စုစုပေါင်း ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝချမ်းသာတဲ့ အဖွဲ့အစည်း တခု ဖြစ်ပြီး နယူးကာဆယ်အသင်းကို ဝယ်ယူပြီးပါက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘောလုံးအသင်းပိုင်ရှင် ဖြစ်လာမယ်လို့ သိရပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အသင်းပိုင်ရှင်ဟာ မန်ချက်စတာ စီးတီးရဲ့ ပိုင်ရှင် ရှိတ်မန်ဆော် ဖြစ်ပြီး ရှိတ်မန်ဆော်ဟာ ပေါင် ၂၃.၄ ဘီလီယံ ချမ်းသာသူပါ။ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း(PIF) ကတော့
နယူးကာဆယ်အသင်းကို ဝယ်ယူပြီးနောက် အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် သုံးစွဲဖို့ လျာထားကာ ထိပ်တန်း နည်းပြတဦးကို ခန့်အပ်ဖို့ စီစဉ်နေပါတယ်။
Zawgyi Version
ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္း(PIF)ဟာ ယေန႕မွာပဲ နယူးကာဆယ္အသင္းကို ဝယ္ယူနိုင္ေၾကာင္း ေၾကညာဖြယ္ ရွိတယ္လို႔ ၿဗိတိန္အေျခစိုက္ နာမည္ႀကီး သတင္းဌာနေတြ အားလုံးက တညီတၫြတ္ထဲ ေဖာ္ျပသြားၾကပါတယ္။
ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္း(PIF)ဟာ စုစုေပါင္း ေပါင္ ၃၂၀ ဘီလီယံ အထိ ႂကြယ္ဝခ်မ္းသာတဲ့ အဖြဲ႕အစည္း တခု ျဖစ္ၿပီး နယူးကာဆယ္အသင္းကို ဝယ္ယူၿပီးပါက ကမာၻေပၚမွာ အခ်မ္းသာဆုံး ေဘာလုံးအသင္းပိုင္ရွင္ ျဖစ္လာမယ္လို႔ သိရပါတယ္။
လက္ရွိ ကမာၻေပၚမွာ အခ်မ္းသာဆုံး အသင္းပိုင္ရွင္ဟာ မန္ခ်က္စတာ စီးတီးရဲ႕ ပိုင္ရွင္ ရွိတ္မန္ေဆာ္ ျဖစ္ၿပီး ရွိတ္မန္ေဆာ္ဟာ ေပါင္ ၂၃.၄ ဘီလီယံ ခ်မ္းသာသူပါ။ ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္း(PIF) ကေတာ့
နယူးကာဆယ္အသင္းကို ဝယ္ယူၿပီးေနာက္ အသင္းကို အလုံးစုံ ျပဳျပင္ ေျပာင္းလဲမႈေတြ ျပဳလုပ္ဖို႔ စီစဥ္ထားၿပီး လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာတင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၀သန္းေက်ာ္ သုံးစြဲဖို႔ လ်ာထားကာ ထိပ္တန္း နည္းျပတဦးကို ခန႔္အပ္ဖို႔ စီစဥ္ေနပါတယ္။