Spots news
ရော်နယ်ဒိုရဲ့ လစာဟာ အခြားအသင်း ၃ သင်းက လုပ်ခလစာစုစုပေါင်းထက် ပိုများနေ
Unicode Version
ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ တပတ်လုပ်ခလစာ ဟာ ပေါင်(၄၈၀၀၀၀)သိန်း  ရရှိပါတယ်။ တနှစ်စုစုပေါင်း လုပ်ခလစာကတော့ပေါင် (၂၄.၉၆)သန်း ဖြစ်ပါတယ်။ သူပရီးမီးယားလိဂ်ကိုပြန်မလာခင်က လစာအများဆုံးဖြစ်တဲ့
ကီဗင်ဒီဘရိုင်းရဲ့ ပေါင် (၃၈၅၀၀၀)သိန်း ထက် ပိုများပြီး ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး သက်ကြီးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လစာပေးရတဲ့ ပမာဏဟာ
ချဲလ်ဆီးအသင်းရဲ့လစာပေးချေမူ ထက် ပေါင်(၆၄)သန်း ပိုများခဲ့ပါတယ်။ထိုနည်းအတူ ပရီး မီးယားလိဂ်ရဲ့ ကြီးခြောက်ကြီး အသင်းတွေဟာ အနည်းနဲ့အများတော့ ငွေကြေးသုံးစွဲမူတွေသိသိသာ သာ များလာတာကိုတွေ့ရပါတယ်။
ဘရန့်ဖိုဒ့် အသင်းဟာ တန်းတက်လာတဲ့ အသင်းတသင်းဖြစ်ပြီး ယခု ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသထားနိုင်တဲ့ အသင်းတ သင်းဘဲဖြစ်ပါတယ်။ သူတို့အသင်းရဲ့ စုစုပေါင်းလ စာငွေပေးချေမူဟာ တနှစ်မှာ ပေါင်သန်း(၁၂.၈) ဘဲ ရှိပါတယ်။
လိဒ်ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကစားသ မားများကိုစုစုပေါင်းပေးချေရတဲ့ လုပ်ခလစာကတော့ ပေါင်သန်း (၁၇.၉)သန်းထိရှိပါတယ်။ ဒါဟာ တနှစ်အတွင်းပေးချေရတဲ့ပမာဏဘဲဖြစ်ပါတယ်။ နော်ဝှစ်(ချ်) အသင်းကတော့ ပေါင်သန်း (၂၄.၄) ဖြစ်ပါတယ်။
Zawgyi Version