Spots news

ရိုးမားကို လျော်ကြေးပေးပြီး မော်ရင်ဟိုကို ခေါ်ဖို့ ပြင်နေတဲ့ နယူးကာဆယ် ပိုင်ရှင်သစ်

Unicode Version

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် ဦးဆောင်တဲ့ Public Investment Fund (PIF) ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို အလုံးစုံပိုင်ဆိုင်သွားပြီလို့ နယူးကာဆယ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုဝယ်ယူမှုမှာ PCP Capital Partners နဲ့ RB Sports & Media တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး စုစုပေါင်း ပေါင် ၃၀၅ သန်းဖြင့် ဒီနေ့၊ အောက်တိုဘာ ၇ မှာ ပရီးမီးယားလိဂ်ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့အတူ အရောင်းအဝယ်ဖြစ်မြောက်ခဲ့တယ်လို့ သိရှိရပါတယ်။

ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း(PIF)ဟာ စုစုပေါင်း ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝချမ်းသာတဲ့ အဖွဲ့အစည်း တခု ဖြစ်ပြီး နယူးကာဆယ်အသင်းကို ဝယ်ယူပြီးပါက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘောလုံးအသင်းပိုင်ရှင် ဖြစ်လာမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ နယူးကာဆယ် အသင်းရဲ့ ပိုင်ရှင်အသစ်များက အသင်းအတွက် အလုံးစုံ ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ဖို့ ရည်ကရွယ်ထားပြီး နည်းစနစ်ဒါရိုက်တာအသစ်နှင့် နည်းပြအသစ် ခန့်အပ်ရန်အတွက် လျာထားစာရင်းပင် ပြုစုပြီးပြီ ဖြစ်ကြောင်း သိရပါတယ်။

အသင်း​ရဲ့ လက်ရှိနည်းပြဖြစ်သူ စတိဗ်ဘရုစ်မှာ ရာထူးမှ ချက်ချင်း ဖယ်ရှားခြင်းခံသွားရနိုင်ပြီး ကောလဟာလများအရ ပိုင်ရှင်အသစ်များဟာ ရိုးမားကို လျော်ကြေးငွေပုံပေးပြီး နာမည်ကျော်နည်းပြ ဟိုဆေးမော်ရင်ဟိုအား ခေါ်ယူရန်ပင် ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီ အပြောင်းအရွေ့အတွင်း အနည်းဆုံး ပြောင်းရွေ့ကြေး ပေါင်သန်း ၁၀၀ ခန့် အသုံးပြုမှာ ဖြစ်ပါတယ်

Zawgyi Version

ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆာလ္မန္ ဦးေဆာင္တဲ့ Public Investment Fund (PIF) ဟာ အဂၤလန္ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္ကို အလုံးစုံပိုင္ဆိုင္သြားၿပီလို႔ နယူးကာဆယ္ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုဝယ္ယူမႈမွာ PCP Capital Partners နဲ႕ RB Sports & Media တို႔လည္း ပူးေပါင္းပါဝင္ခဲ့ၾကၿပီး စုစုေပါင္း ေပါင္ ၃၀၅ သန္းျဖင့္ ဒီေန႕၊ ေအာက္တိုဘာ ၇ မွာ ပရီးမီးယားလိဂ္ရဲ႕ တရားဝင္ ခြင့္ျပဳခ်က္နဲ႕အတူ အေရာင္းအဝယ္ျဖစ္ေျမာက္ခဲ့တယ္လို႔ သိရွိရပါတယ္။

ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္း(PIF)ဟာ စုစုေပါင္း ေပါင္ ၃၂၀ ဘီလီယံ အထိ ႂကြယ္ဝခ်မ္းသာတဲ့ အဖြဲ႕အစည္း တခု ျဖစ္ၿပီး နယူးကာဆယ္အသင္းကို ဝယ္ယူၿပီးပါက ကမာၻေပၚမွာ အခ်မ္းသာဆုံး ေဘာလုံးအသင္းပိုင္ရွင္ ျဖစ္လာမယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ နယူးကာဆယ္ အသင္းရဲ႕ ပိုင္ရွင္အသစ္မ်ားက အသင္းအတြက္ အလုံးစုံ ျပဳျပင္ေျပာင္းလဲ မႈေတြ ျပဳလုပ္ဖို႔ ရည္က႐ြယ္ထားၿပီး နည္းစနစ္ဒါရိုက္တာအသစ္ႏွင့္ နည္းျပအသစ္ ခန႔္အပ္ရန္အတြက္ လ်ာထားစာရင္းပင္ ျပဳစုၿပီးၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

အသင္း​ရဲ႕ လက္ရွိနည္းျပျဖစ္သူ စတိဗ္ဘ႐ုစ္မွာ ရာထူးမွ ခ်က္ခ်င္း ဖယ္ရွားျခင္းခံသြားရနိုင္ၿပီး ေကာလဟာလမ်ားအရ ပိုင္ရွင္အသစ္မ်ားဟာ ရိုးမားကို ေလ်ာ္ေၾကးေငြပုံေပးၿပီး နာမည္ေက်ာ္နည္းျပ ဟိုေဆးေမာ္ရင္ဟိုအား ေခၚယူရန္ပင္ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ဇန္နဝါရီ အေျပာင္းအေ႐ြ႕အတြင္ အနည္းဆုံး ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၁၀၀ ခန႔္ အသုံးျပဳမွာ ျဖစ္ပါတယ္