Spots news

လက်စတာအသင်း နဲ့ ‌အဝေးကွင်းပွဲစဉ်ကို လွဲချော်မယ့် ကာဗာနီ နဲ့ ဖရက်ဒ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ်နဲ့ တိုက်စစ်မှူး ကာဗာနီတို့ဟာ နိုင်ငံလက်ရွေးစင် အသင်းများက အသီးသီး ရွေးချယ်ခံထား ရတဲ့ အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားရမှာ ဖြစ်လို့ လက်စတာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေကြောင်း သိရပါတယ်။

ဖရက်ဒ်ရဲ့ ဘရာဇီးအသင်းနဲ့ ကာဗာနီရဲ့ ဥရုဂွေးအသင်းတို့ဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထိပ်တိုက် ရင်ဆိုင် ကစားရဖို့ ရှိနေတာဖြစ်ပြီး ဖရက်ဒ်နဲ့ ကာဗာနီတို့ဟာ နိုင်ငံအသင်းအတွက် မဖြစ်မနေ ဝင်ရောက် ကစားရဖို့ ရှိနေကာ အင်္ဂလန်နိုင်ငံကို အောက်တိုဘာလ ၁၆ရက်နေ့မှသာ ပြန်လာလို့ ရမှာပါ။

လက်စတာစီးတီးအသင်းရဲ့ ကွင်းကို သွားရောက်ကစားရမယ့် ယူနိုက်တက်အတွက် ပွဲစဉ်ဟာလဲ အောက်တိုဘာ ၁၆ ရက်နေ့မှာ ဖြစ်တဲ့အတွက် ကွင်းလယ်လူ ဖရက်ဒ်နဲ့ တိုက်စစ်မှူး ကာဗာနီတို့ဟာ ယူနိုက်တက်ရဲ့ ပွဲစဉ်ကို သေချာပေါက် လွဲချော်တော့မှာ ဖြစ်ပါတယ်။

သို့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အဓိက တိုက်စစ်မှူး တဦး ဖြစ်တဲ့ မားကပ်ရက်ဖို့ဒ် တယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် လက်စတာနဲ့ပွဲစဉ်မှာ တော်မီနေး ၊ ပေါ့ဘာ ၊ ဖာနန်ဒက်တို့ရဲ့ ကွင်းလယ်အတွဲ ၊ ဆန်ချို ၊ ရော်နယ်ဒိုနဲ့ ရက်ဖို့ဒ်တို့ရဲ့ တိုက်စစ်အတွဲတို့ကို မြင်တွေ့ရနိုင်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ဖရက္ဒ္နဲ႕ တိုက္စစ္မႉး ကာဗာနီတို႔ဟာ နိုင္ငံလက္ေ႐ြးစင္ အသင္းမ်ားက အသီးသီး ေ႐ြးခ်ယ္ခံထား ရတဲ့ အတြက္ ကမာၻ႔ဖလား ေျခစစ္ပြဲေတြ ကစားရမွာ ျဖစ္လို႔ လက္စတာနဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရွိေနေၾကာင္း သိရပါတယ္။

ဖရက္ဒ္ရဲ႕ ဘရာဇီးအသင္းနဲ႕ ကာဗာနီရဲ႕ ဥ႐ုေဂြးအသင္းတို႔ဟာ ေအာက္တိုဘာလ ၁၅ ရက္ေန႕မွာ ထိပ္တိုက္ ရင္ဆိုင္ ကစားရဖို႔ ရွိေနတာျဖစ္ၿပီး ဖရက္ဒ္နဲ႕ ကာဗာနီတို႔ဟာ နိုင္ငံအသင္းအတြက္ မျဖစ္မေန ဝင္ေရာက္ ကစားရဖို႔ ရွိေနကာ အဂၤလန္နိုင္ငံကို ေအာက္တိုဘာလ ၁၆ရက္ေန႕မွသာ ျပန္လာလို႔ ရမွာပါ။

လက္စတာစီးတီးအသင္းရဲ႕ ကြင္းကို သြားေရာက္ကစားရမယ့္ ယူနိုက္တက္အတြက္ ပြဲစဥ္ဟာလဲ ေအာက္တိုဘာ ၁၆ ရက္ေန႕မွာ ျဖစ္တဲ့အတြက္ ကြင္းလယ္လူ ဖရက္ဒ္နဲ႕ တိုက္စစ္မႉး ကာဗာနီတို႔ဟာ ယူနိုက္တက္ရဲ႕ ပြဲစဥ္ကို ေသခ်ာေပါက္ လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

သို႔ေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ အဓိက တိုက္စစ္မႉး တဦး ျဖစ္တဲ့ မားကပ္ရက္ဖို႔ဒ္ တေယာက္ ဒဏ္ရာကေန ျပန္လည္ သက္သာလာၿပီ ျဖစ္တာေၾကာင့္ လက္စတာနဲ႕ပြဲစဥ္မွာ ေတာ္မီေနး ၊ ေပါ့ဘာ ၊ ဖာနန္ဒက္တို႔ရဲ႕ ကြင္းလယ္အတြဲ ၊ ဆန္ခ်ိဳ ၊ ေရာ္နယ္ဒိုနဲ႕ ရက္ဖို႔ဒ္တို႔ရဲ႕ တိုက္စစ္အတြဲတို႔ကို ျမင္ေတြ႕ရနိုင္ပါတယ္။