Spots news

ဒေါက်တာဘွဲ့ ချီးမြှင့်ခံရတဲ့ ရက်ဖိုဒ့် ၊ ပေါ့ဘာရဲ့ စာချုပ် အခြေအနေနဲ့ မန်ယူသတင်းတိုများ

Unicode Version

ပေါ့ဘာ အတွက် စာချုပ်အသစ် ချုပ်ဆိုရန် ဇူလိုင်လ ကတည်းက ယူနိုက်တက်ဘက်က ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အဆိုပါ စာချုပ်သစ်ဟာ ပေါ့ဘာ အတွက် ကာလရှည် စာချုပ် ဖြစ်တဲ့အပြင် လစာပေးချေမှုပိုင်းအရလည်း အမြင့်ဆုံး အနေအထားတစ်ခုမှာရှိတယ်လို့သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ပေါ့ဘာ ဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် စိတ်အားထက်သန်မှုရှိနေသော်လည်း သူ့အတွက်ပြင်ဆင်ထားတဲ့စာချုပ် နဲ့ပတ်သတ်ပြီး ပေါ့ဘာ အနေနဲ့ရော အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာ အနေနဲ့ကပါ ဘာမှ တုံ့ပြန်မှု မရှိသေးပဲ ယူနိုက်တက် အသင်းဘက်ကလည်း ကစားသမားဘက်က တုံ့ပြန်လာတဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေဆဲဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ မန်ချက်စတာတက္ကသိုလ်မှ ပေးအပ်တဲ့ ဒေါက်တာဘွဲ့ကို လက်ခံရယူခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်။ ရက်ဖို့ဒ်ဟာ မန်ချက်စတာ တက္ကသိုလ်မှ ပေးအပ်တဲ့ ဒေါက်တာဘွဲ့ကို ရရှိခဲ့သူတွေထဲမှာ ရက်ဖိုဒ့်ဟာ အသက်ငယ်ဆုံး ရရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားပြီး လက်ရှိအချိန်ထိ Free Agent ကစားသမားတစ်ယောက်ဖြစ်နေတဲ့ ဝါရင့်ဂိုးသမားကြီး ဆာဂျီယိုရိုမဲရိုးဟာ စီးရီးအေ တန်းတတ်ကလပ် ဗင်နီဇီယာ

အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်နေပြီလို့ သိရှိရပါတယ်။ အာဂျင်တီးနားဂိုးသမား ရိုမဲရိုးဟာ ဆမ်ဒိုရီးယားအသင်းနဲ့အတူ အီတလီစီးရီးအေမှာ ကျင်လည်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Zawgyi Version




