Unicode Version
ဆော်ဒီလုပ်ငန်းစုက နယူးကာဆယ်ကို ဝယ်ယူအပြီးမှာ အသင်းဒါရိုက်တာသစ် ဖြစ်လာခဲ့တဲ့ Amanda Staveley က သူမတို့အနေနဲ့ နယူးကာဆယ် အတွက် ရေရှည် ရည်မှန်းချက်တွေနဲ့ အတူ အင်အားဖြည့်တင်းမှု ပြုလုပ်ဖို့ အစီအစဉ်တွေ ချမှတ်ထားပြီး ပရီးမီယားလိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့အထိ ပြင်ဆင် မျှော်မှန်းထားကြောင်း ပြောဆိုလိုက်ပါတယ်။
Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူမက ပြောဆိုခဲ့တာ ဖြစ်ပြီး နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း ဖြစ်လာဖို့သာမက ဥရောပ ထိပ်သီးအသင်း တစ်သင်းအဖြစ် ပြုပြင် ပြောင်းလဲသွားမှာ ဖြစ်ပြီး အသင်းခေါင်းဆောင် လက်ဆဲလက်စ်နဲ့ တိုင်ပင် ဆွေးနွေးထားကြောင်း ပြောကြားခဲ့ပါတယ်။
“နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်မှာထိပ်တန်းအသင်း ဖြစ်လာဖို့ ထိုက်တန်ပါတယ်။ကျမတို့ အဲ့ဒီအဆင့်အတန်း ရောက်အောင်ကိုသွားမှာပါ။ အချိန် ယူရမယ်ဆိုတာ သိပေမယ့် ကျမတို့ အဲဒီ့အဆင့်အတန်းကို ရောက်ပါလိမ့်မယ်။
ပရီးမီးယားလိဂ်မှာ အစိတ်အပိုင်း တခုအဖြစ်ပါဝင် ရတာကိုလည်း ဂုဏ်ယူမိပါတယ်။ ဒီလိဂ်က မယုံစရာ ကောင်းလောက်အောင် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပါ။ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ် ဖြစ်သလို နယူးကာဆယ် အသင်းဟာလည်း အကောင်းဆုံးအသင်းတသင်းပါ။
ကျမတို့ မြင်ချင်တာက ဆုဖလားတွေကိုပါ။ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးပိုင်းမှာရော ဥရောပရဲ့ထိပ်ဆုံးပိုင်းမှာပါ အသင်းကို မြင်တွေ့ချင်ပါတယ်။ဆုဖလားတွေကို ရဖို့အတွက် စိတ်ရှည်မှု,အချိန်နဲ့ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ကလပ်ကိုတည်ဆောက်ဖို့ အတွက် အားလုံးရဲ့ အကူအညီကို လိုအပ်ပါတယ်။
ကျမတို့မှာ တောင့်တင်းတဲ့ လူစာရင်းရှိပါတယ်။အသင်းခေါင်းဆောင် လက်ဆဲလက်စ်နဲ့လည်းစကားပြော ပြီးပါပြီ။ကလပ်အသင်းကို ဒီထက်ပိုတောင့်တင်းအောင် ပြုလုပ်ဖို့ အရမ်းကိုစိတ်လှုပ်ရှား မိနေပါတယ်။ဒါပေမယ့် ကျမတို့ဟာ ဘဏ္ဍာရေး ပိုင်းဆိုင်ရာကိုလည်း မျှမျှတတနဲ့ဆောင်ရွက် သွားမှာပါ။ရေရှည်အတွက် စဉ်းစားဆောင်ရွက် သွားမှာပါ။
လူတိုင်းက နာမည်ကြီး ကစားသမားတွေနဲ့ ပတ်သတ်ပြီး ပြောကြတာတွေရှိပါတယ်။ဒါပေမယ့် တကယ်လိုအပ်တာက အသင်းကလူတွေအကုန်လုံး စုပေါင်းဆောင်ရွက် နိုင်ဖို့ပါ။အဲ့တာက အရမ်း အရေးကြီးပါတယ် ” ဟု သူမက ပြောဆိုခဲ့ပါတယ်။
Zawgyi Version
ေဆာ္ဒီလုပ္ငန္းစုက နယူးကာဆယ္ကို ဝယ္ယူအၿပီးမွာ အသင္းဒါရိုက္တာသစ္ ျဖစ္လာခဲ့တဲ့ Amanda Staveley က သူမတို႔အေနနဲ႕ နယူးကာဆယ္ အတြက္ ေရရွည္ ရည္မွန္းခ်က္ေတြနဲ႕ အတူ အင္အားျဖည့္တင္းမႈ ျပဳလုပ္ဖို႔ အစီအစဥ္ေတြ ခ်မွတ္ထားၿပီး ပရီးမီယားလိဂ္ အမွတ္ေပးဖလားကို ဆြတ္ခူးနိုင္ဖို႔အထိ ျပင္ဆင္ ေမွ်ာ္မွန္းထားေၾကာင္း ေျပာဆိုလိုက္ပါတယ္။
Sky Sports နဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ သူမက ေျပာဆိုခဲ့တာ ျဖစ္ၿပီး နယူးကာဆယ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းအသင္း ျဖစ္လာဖို႔သာမက ဥေရာပ ထိပ္သီးအသင္း တစ္သင္းအျဖစ္ ျပဳျပင္ ေျပာင္းလဲသြားမွာ ျဖစ္ၿပီး အသင္းေခါင္းေဆာင္ လက္ဆဲလက္စ္နဲ႕ တိုင္ပင္ ေဆြးေႏြးထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။
“နယူးကာဆယ္အသင္းဟာ ပရီးမီးယားလိဂ္မွာထိပ္တန္းအသင္း ျဖစ္လာဖို႔ ထိုက္တန္ပါတယ္။က်မတို႔ အဲ့ဒီအဆင့္အတန္း ေရာက္ေအာင္ကိုသြားမွာပါ။ အခ်ိန္ ယူရမယ္ဆိုတာ သိေပမယ့္ က်မတို႔ အဲဒီ့အဆင့္အတန္းကို ေရာက္ပါလိမ့္မယ္။
ပရီးမီးယားလိဂ္မွာ အစိတ္အပိုင္း တခုအျဖစ္ပါဝင္ ရတာကိုလည္း ဂုဏ္ယူမိပါတယ္။ ဒီလိဂ္က မယုံစရာ ေကာင္းေလာက္ေအာင္ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ လိဂ္ပါ။ပရီးမီးယားလိဂ္ဟာ ကမာၻေပၚမွာ အေကာင္းဆုံးလိဂ္ ျဖစ္သလို နယူးကာဆယ္ အသင္းဟာလည္း အေကာင္းဆုံးအသင္းတသင္းပါ။
က်မတို႔ ျမင္ခ်င္တာက ဆုဖလားေတြကိုပါ။ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆုံးပိုင္းမွာေရာ ဥေရာပရဲ႕ထိပ္ဆုံးပိုင္းမွာပါ အသင္းကို ျမင္ေတြ႕ခ်င္ပါတယ္။ဆုဖလားေတြကို ရဖို႔အတြက္ စိတ္ရွည္မႈ,အခ်ိန္နဲ႕ရင္းႏွီးျမႇုပ္ႏွံမႈေတြ လိုအပ္ပါတယ္။ကလပ္ကိုတည္ေဆာက္ဖို႔ အတြက္ အားလုံးရဲ႕ အကူအညီကို လိုအပ္ပါတယ္။
က်မတို႔မွာ ေတာင့္တင္းတဲ့ လူစာရင္းရွိပါတယ္။အသင္းေခါင္းေဆာင္ လက္ဆဲလက္စ္နဲ႕လည္းစကားေျပာ ၿပီးပါၿပီ။ကလပ္အသင္းကို ဒီထက္ပိုေတာင့္တင္းေအာင္ ျပဳလုပ္ဖို႔ အရမ္းကိုစိတ္လႈပ္ရွား မိေနပါတယ္။ဒါေပမယ့္ က်မတို႔ဟာ ဘ႑ာေရး ပိုင္းဆိုင္ရာကိုလည္း မွ်မွ်တတနဲ႕ေဆာင္႐ြက္ သြားမွာပါ။ေရရွည္အတြက္ စဥ္းစားေဆာင္႐ြက္ သြားမွာပါ။
လူတိုင္းက နာမည္ႀကီး ကစားသမားေတြနဲ႕ ပတ္သတ္ၿပီး ေျပာၾကတာေတြရွိပါတယ္။ဒါေပမယ့္ တကယ္လိုအပ္တာက အသင္းကလူေတြအကုန္လုံး စုေပါင္းေဆာင္႐ြက္ နိုင္ဖို႔ပါ။အဲ့တာက အရမ္း အေရးႀကီးပါတယ္ ” ဟု သူမက ေျပာဆိုခဲ့ပါတယ္။