Spots news

ပိုင်ရှင်သစ်ကြောင့် အထုတ်ခံရဖို့ သေချာနေကြောင်း ပြောလာခဲ့တဲ့ စတိဗ်ဘရုစ်

Unicode Version

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်အသင်းကို ဆော်ဒီ အဖွဲ့အစည်းရဲ့ ဝယ်ယူမှုပြီးနောက် အသင်းရဲ့ ပိုင်ရှင်နဲ့ ဒါရိုက်တာများက အသင်းကို ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်မှာ ဖြစ်လို့ နယူးကာဆယ် နည်းပြ စတိဗ်ဘရုစ်ဟာ သူ့ကိုယ်သူ အထုတ်ရနိုင်ချေများကြောင်း ပြောပြသွားခဲ့ပါတယ်။

ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း(PIF)ဟာ စုစုပေါင်း ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝချမ်းသာတဲ့ အဖွဲ့အစည်း တခု ဖြစ်ပြီး နယူးကာဆယ်အသင်းကို ဝယ်ယူပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘောလုံးအသင်းပိုင်ရှင် ဖြစ်လာမယ်လို့ သိရပါတယ်။

အသင်းပိုင်ရှင်က နယူးကာဆယ်အသင်းကို ဥရောပ ထိပ်သီးအသင်းဖြစ်အောင် ပြင်ဆင်လာမှာ ဖြစ်တဲ့ အတွက် နည်းပြ စတိဗ်ဘရုစ်ဟာ လာမယ့်စ ပါးအသင်းနဲ့ပွဲစဉ်အတွင်း နည်းပြဘဝ ပွဲ ၁၀၀၀ ပြည့်တော့မှာဆိုပေမယ့် သူ့အနေနဲ့ အဲ့အချိန်ထိတောင် ရှိပါ့မလားဆိုတာ မသေချာကြောင်း ဝန်ခံသွားခဲ့ပါတယ်။

စတိဗ်ဘရုစ်က “ကျွန်တော်က ဖြစ်နိုင်ရင် ဆက်နေချင် ပါသေးတယ်။ ပိုင်ရှင်သစ်တွေကို ကျွန်တော့်လုပ်နိုင်စွမ်း ပြချင်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့ ခက်ခဲတာ ကျွန်တော် ကိုယ်တိုင်လည်း နားလည်ပါတယ်။ အသင်းပိုင်ရှင် အသစ်ဆိုတာ နည်းပြအသစ်နဲ့ အလုပ်လုပ်ချင်လေ့ ရှိတာကိုလည်း ကျွန်တော့် အတွေ့အကြုံတွေအရ သိပြီးသားပါ။

သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော့်ဘက်က လေးစား လိုက်နာသွားပေးမှာပါ။ ကျွန်တော် ပြောခဲ့ပါတယ် ဒါဟာ နယူးကာဆယ်အသင်းအတွက် အကောင်းဆုံးဖြစ်ရပ် တစ်ခုဖြစ်ကြောင်း ဆိုတာကိုပေါ့။ ဒါကြောင့်လည်း သူတို့ ဆုံးဖြတ်ချက်တွေအတိုင်း ကျွန်တော်ဘာမှ စိတ်ဆိုး ဒေါသထွက်တာမျိုးမရှိဘဲ ကူညီပေးသွားမှာပါ” လို့ ဖြေကြားသွားခဲ့ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္ နယူးကာဆယ္အသင္းကို ေဆာ္ဒီ အဖြဲ႕အစည္းရဲ႕ ဝယ္ယူမႈၿပီးေနာက္ အသင္းရဲ႕ ပိုင္ရွင္နဲ႕ ဒါရိုက္တာမ်ားက အသင္းကို ႀကီးမားတဲ့ ျပဳျပင္ ေျပာင္းလဲမႈမ်ား လုပ္ေဆာင္မွာ ျဖစ္လို႔ နယူးကာဆယ္ နည္းျပ စတိဗ္ဘ႐ုစ္ဟာ သူ႕ကိုယ္သူ အထုတ္ရနိုင္ေခ်မ်ားေၾကာင္း ေျပာျပသြားခဲ့ပါတယ္။

ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္း(PIF)ဟာ စုစုေပါင္း ေပါင္ ၃၂၀ ဘီလီယံ အထိ ႂကြယ္ဝခ်မ္းသာတဲ့ အဖြဲ႕အစည္း တခု ျဖစ္ၿပီး နယူးကာဆယ္အသင္းကို ဝယ္ယူၿပီး ကမာၻေပၚမွာ အခ်မ္းသာဆုံး ေဘာလုံးအသင္းပိုင္ရွင္ ျဖစ္လာမယ္လို႔ သိရပါတယ္။

အသင္းပိုင္ရွင္က နယူးကာဆယ္အသင္းကို ဥေရာပ ထိပ္သီးအသင္းျဖစ္ေအာင္ ျပင္ဆင္လာမွာ ျဖစ္တဲ့ အတြက္ နည္းျပ စတိဗ္ဘ႐ုစ္ဟာ လာမယ့္စ ပါးအသင္းနဲ႕ပြဲစဥ္အတြင္း နည္းျပဘဝ ပြဲ ၁၀၀၀ ျပည့္ေတာ့မွာဆိုေပမယ့္ သူ႕အေနနဲ႕ အဲ့အခ်ိန္ထိေတာင္ ရွိပါ့မလားဆိုတာ မေသခ်ာေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

စတိဗ္ဘ႐ုစ္က “ကြၽန္ေတာ္က ျဖစ္နိုင္ရင္ ဆက္ေနခ်င္ ပါေသးတယ္။ ပိုင္ရွင္သစ္ေတြကို ကြၽန္ေတာ့္လုပ္နိုင္စြမ္း ျပခ်င္ပါတယ္။ ဒီလိုျဖစ္နိုင္ဖို႔ ခက္ခဲတာ ကြၽန္ေတာ္ ကိုယ္တိုင္လည္း နားလည္ပါတယ္။ အသင္းပိုင္ရွင္ အသစ္ဆိုတာ နည္းျပအသစ္နဲ႕ အလုပ္လုပ္ခ်င္ေလ့ ရွိတာကိုလည္း ကြၽန္ေတာ့္ အေတြ႕အႀကဳံေတြအရ သိၿပီးသားပါ။

သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ကြၽန္ေတာ့္ဘက္က ေလးစား လိုက္နာသြားေပးမွာပါ။ ကြၽန္ေတာ္ ေျပာခဲ့ပါတယ္ ဒါဟာ နယူးကာဆယ္အသင္းအတြက္ အေကာင္းဆုံးျဖစ္ရပ္ တစ္ခုျဖစ္ေၾကာင္း ဆိုတာကိုေပါ့။ ဒါေၾကာင့္လည္း သူတို႔ ဆုံးျဖတ္ခ်က္ေတြအတိုင္း ကြၽန္ေတာ္ဘာမွ စိတ္ဆိုး ေဒါသထြက္တာမ်ိဳးမရွိဘဲ ကူညီေပးသြားမွာပါ” လို႔ ေျဖၾကားသြားခဲ့ပါတယ္။