Unicode Version
လာလီဂါ ထိပ်သီး ရီရဲ မက်ဒရစ် ဟာ စပါးတိုက်စစ်မှူး အာရှသား ဆွန်ယောင်မင် ကိုခေါ်ယူဖို့ ပြင်ဆင် နေတယ်လို့ သတင်းများ ထွက်ပေါ် လာပါတယ်။ နည်းပြဇီးဒန်း ရဲ့ ပထမဦးတည်ချက် ဖြစ်တဲ့ ဘာပေကို ခေါ်ယူမည့် ဆုံးဖြတ်ချက် ဟာ လီဗာပူးက ကြားဝင် နှောက်ယှက် နေတာ ဖြစ်လို့ မက်ဒရစ် အနေနဲ့ အနည်းငယ် ဈေး သက်သာမယ့် ဆွန်ကို ပြောင်းလဲ လိုက်တာပါ။
ဆွန်ကတော့ ယခုနှစ်မှာ စပါးအသင်း အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားပေး အပြီးမှာ ၁၆ ဂိုး သွင်းပြီး ၈ဂိုး ဖန်တီး ပေးထား နိုင်ပါတယ်။ရီးရဲ မက်ဒရစ် အသင်း သည် ၂၀၁၈ ရော်နယ်ဒို ထွက်ခွာသွားပြီး နောက် တိုက်စစ်အင်အား ချို့တဲ့နေခြင်း ဖြစ်ပြီး စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ဟာဇက်ကလဲ မျှော်လင့် သလောက် ခြေစွမ်း မပြနိုင်ဘဲ ဘန်ဇီမာ တစ်ဦး တည်းရဲ့ သွင်းဂိုး များကိုသာ အားထား နေရ ပါတယ်။
ဈေးသက်သာ မည်ဆိုပေမယ့် အနည်းဆုံး သန်း ၁၀၀ အထိ ရှိနိုင် ပါတယ်။ နည်းပြ ဇီဒန်းရဲ့ တောင်းဆို မှုကို လိုက်လျောပြီး ဆွန်ယောင်မင်ကို ယူရို သန်း ၁၀၀ လောက်ပေး၍ ခေါ်ယူဖို့ အတွက် အသင်းဥက္ကဌ ပီ ရက်ဇ် မှာ အနည်းငယ် ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲ ရှိနေ နိုင်ပါတယ်။
ထို့ကြောင့် အသင်းရဲ့ ကစားသမား အချို့ကို ရောင်းထုတ် ရဖွယ် ရှိနေပြီး လစာ များစွာ ပေးချေ နေရတဲ့ ကစားသမားများကို စာချုပ်သက်တမ်း ပြည့်ချိန်ထိ စောင့်ဖို့ လိုအပ် ပါသေးတယ်။
ရီးရဲဟာ လီဗာပူး တိုက်စစ်မှူး ဆာလတ် နဲ့ ဆွန်ယောင်မင်တို့ နှစ်ဦးကို အဓိက ပစ်မှတ်ထားနေပြီး လီဗာပူးက ဘာပေကို ခေါ်ယူရန် ဆာလတ်ကို ရီးရဲထံ သို့ ရောင်းချ နိုင်ပါတယ်။
စပါးကလဲ ယူရို သန်း ၁၀၀ လောက် ရမယ်ဆိုရင် စဥ်းစားနေဖွယ် မရှိပဲ ဆွန်ယောင်မင်ကို ရောင်းချ ဖွယ်ရှိ နေတယ် လို့လည်း သတင်းတွေက သုံးသပ် နေပါတယ်။
ရီးရဲ နဲ့ စပါးတို့ဟာ ဆက်ဆံရေးကောင်း များစွာ ရှိခဲ့ ဘူးပြီး ဂါရတ်ဘေးလ် ၊ ဗန်ဒါဘတ် ၊ မိုဒရစ် စတဲ့ ကစားသမား များစွာကို စပါးနဲ့ ပြောင်းရွေ့မှုများ ပြုလုပ် ဘူးပါတယ်။ လက်ရှိ မှာလဲ ဂါရတ်ဘေးလ် ကိုစပါး အသင်းထံ အငှားချထားတာလဲ ဖြစ်ပါတယ်။
Zawgyi Version