Spots news

ကစားသမား ၄ ဦးကို ဇန်နဝါရီ ဈေးကွက်မှာ လက်လွှတ်ဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

စပိန်အင်အားကြီး ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် အပြောင်းအရွှေ့မှာ ကလပ်အသင်းကို အင်အားဖြည့်ဖို့ အသင်းရဲ့ လစာမြင့်မားတဲ့ ကစားသမား ၄ ဦးကို အသင်းနဲ့ လက်တွဲဖြုတ်ခွင့် ပေးဖွယ် ဂါရတ်ဘေးလ်၊ ဝါရင့် နောက်ခံလူ မာဆယ်လို၊ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာယိုဗစ်နဲ့ မာရီယာနို ဒီယက်ဇ်တို့ ဖြစ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ နောက်ခံလူ ဗာရန်း နဲ့ အိုဒီဂွာတို့ကို အသင်းကနေ ရောင်းချခဲ့သလို အသင်းခေါင်းဆောင် ဝါရင့်‌ နောက်ခံလူ ဆာဂျီယိုရာမို့စ်ကိုလည်း အလွတ် ထွက်ခွာခွင့်ပေးခဲ့ပြီး ရာမိုစ့်ဟာ ပီအက်စ်ဂျီ အသင်းဆီသို့ ပြောင်းရွေ့သွားပါတယ်။ ရီးရဲလ်ဟာ အင်အား ဖြည့်တင်းမှု အဖြစ် အလာဘာနဲ့ ကာမာဗင်ဂါတို့ကိုသာ ပြန်လည် ခေါ်ယူ ခဲ့ပါတယ်။

ရီးရဲလ်ဟာ လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဘာပေကို ထပ်မံကမ်းလှမ်းမှု ပြုလုပ်မှာ ဖြစ်ပြီး ဘာပေအတွက် အသုံးစရိတ်က များစွာ ကုန်ကျမှာဖြစ်လို့ အသင်းမှာ ပွဲထွက်ခွင့်မရတဲ့ ၄ ဦးကို ထွက်ခွာခွင့်ပေးပြီး အသုံးစရိတ် ပြန်ရှာဖို့ စီစဉ်ထားလျက် ရှိနေပါတယ်။

အသင်းမှ လက်လွှတ်မယ့် စာရင်းမှာ အသင်းခေါင်းဆောင် ရာထူးကို လက်ခံရရှိထားတဲ့ ဘရာဇီး ဝါရင့်နောက်ခံအစွန်လူ မာဆယ်လို အပြင် မကြာခဏ ဒဏ်ရာ ပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂါရတ်ဘေးလ်တို့ ပါဝင်လာခဲ့ပြီး ဒီကစားသမား ၂ ယောက်လုံး ဟာလည်း ၂၀၂၂ခုနှစ် ဇွန် ၃၀ နေ့မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာ ဖြစ်ပါတယ်။

အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နေရာတစ်နေရာရဖို့ ရုန်းကန်နေရတဲ့ လူကာယိုဗစ်နဲ့ မာရီယာနိုဒီယက်ဇ်တို့ဟာလည်း အသင်းရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်လာခဲ့ပြီး ဒီကစားသမားတွေကို လာမယ့်ဆောင်းစျေးကွက် အတွင်းမှာပဲ အခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေအတွက် ဆွေးနွေးခွင့် ပြုသွားမယ်လို့ သိရှိရပါတယ်။

Zawgyi Version

စပိန္အင္အားႀကီး ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ အေျပာင္းအေ႐ႊ႕မွာ ကလပ္အသင္းကို အင္အားျဖည့္ဖို႔ အသင္းရဲ႕ လစာျမင့္မားတဲ့ ကစားသမား ၄ ဦးကို အသင္းနဲ႕ လက္တြဲျဖဳတ္ခြင့္ ေပးဖြယ္ ဂါရတ္ေဘးလ္၊ ဝါရင့္ ေနာက္ခံလူ မာဆယ္လို၊ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ လူကာယိုဗစ္နဲ႕ မာရီယာနို ဒီယက္ဇ္တို႔ ျဖစ္ေၾကာင္း သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္အတြင္းမွာ ေနာက္ခံလူ ဗာရန္း နဲ႕ အိုဒီဂြာတို႔ကို အသင္းကေန ေရာင္းခ်ခဲ့သလို အသင္းေခါင္းေဆာင္ ဝါရင့္‌ ေနာက္ခံလူ ဆာဂ်ီယိုရာမို႔စ္ကိုလည္း အလြတ္ ထြက္ခြာခြင့္ေပးခဲ့ၿပီး ရာမိုစ့္ဟာ ပီအက္စ္ဂ်ီ အသင္းဆီသို႔ ေျပာင္းေ႐ြ႕သြားပါတယ္။ ရီးရဲလ္ဟာ အင္အား ျဖည့္တင္းမႈ အျဖစ္ အလာဘာနဲ႕ ကာမာဗင္ဂါတို႔ကိုသာ ျပန္လည္ ေခၚယူ ခဲ့ပါတယ္။

ရီးရဲလ္ဟာ လာမယ့္ ဇန္နဝါရီ ေဈးကြက္မွာ အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ ျပင္သစ္ၾကယ္ပြင့္ တိုက္စစ္ကစားသမား ဘာေပကို ထပ္မံကမ္းလွမ္းမႈ ျပဳလုပ္မွာ ျဖစ္ၿပီး ဘာေပအတြက္ အသုံးစရိတ္က မ်ားစြာ ကုန္က်မွာျဖစ္လို႔ အသင္းမွာ ပြဲထြက္ခြင့္မရတဲ့ ၄ ဦးကို ထြက္ခြာခြင့္ေပးၿပီး အသုံးစရိတ္ ျပန္ရွာဖို႔ စီစဥ္ထားလ်က္ ရွိေနပါတယ္။

အသင္းမွ လက္လႊတ္မယ့္ စာရင္းမွာ အသင္းေခါင္းေဆာင္ ရာထူးကို လက္ခံရရွိထားတဲ့ ဘရာဇီး ဝါရင့္ေနာက္ခံအစြန္လူ မာဆယ္လို အျပင္ မၾကာခဏ ဒဏ္ရာ ျပသာနာေတြနဲ႕ ရင္ဆိုင္ေနရတဲ့ ဂါရတ္ေဘးလ္တို႔ ပါဝင္လာခဲ့ၿပီး ဒီကစားသမား ၂ ေယာက္လုံး ဟာလည္း ၂၀၂၂ခုႏွစ္ ဇြန္ ၃၀ ေန႕မွာပဲ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးၾကေတာ့မွာ ျဖစ္ပါတယ္။

အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ေနရာတစ္ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ လူကာယိုဗစ္နဲ႕ မာရီယာနိုဒီယက္ဇ္တို႔ဟာလည္း အသင္းရဲ႕ အေရာင္းစာရင္းထဲမွာ ပါဝင္လာခဲ့ၿပီး ဒီကစားသမားေတြကို လာမယ့္ေဆာင္းေစ်းကြက္ အတြင္းမွာပဲ အျခားကလပ္အသင္းေတြနဲ႕ အေျပာင္းအေ႐ႊ႕ ကိစၥရပ္ေတြအတြက္ ေဆြးေႏြးခြင့္ ျပဳသြားမယ္လို႔ သိရွိရပါတယ္။