Spots news

ဇန်နဝါရီမှာ အသင်း‌ဟောင်း အာဆင်နယ်ကို တစ်ကျော့ပြန်ရောက်လာနိုင်တဲ့ ဆန်းချက်ဇ်

Unicode Version

ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွေ့ စျေးကွက်အတွင်းမှာပဲ သူရဲ့လက်ရှိကလပ် အင်တာမီလန်ကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိနေပြီး သူရဲ့အသင်းဟောင်း အာဆင်နယ်အသင်းဆီကို တကျော့ပြန် ပြောင်းရွေ့ဖို့ နီးစပ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

အသက် ၃၂ အရွယ်ရှိ ချီလီ တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ၄ နှစ်နီးပါး ပါဝင်ကစားခဲ့ပြီး ပွဲပေါင်း ၁၂၂ ပွဲမှာ သွင်းဂိုး ၆၀ အထိကို သွင်းယူနိုင်ခဲ့ကာ အသင်းအတွက် အရေးပါဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ရတော့မယ်လို့ သိရပြီး ကြယ်ပွင့်ကစားသမားဟောင်း သူ့ကို ခေါ်ယူချင်တဲ့ကလပ်အသင်းအများအပြား ပေါ်ထွက်လာကြောင်း သတင်းတွေအရ သိရပါတယ်။

အာဆင်နယ်နဲ့ ဘာစီလိုနာ ကြယ်ပွင့်ဟောင်း ဆန်းချက်ဇ်ဟာ ၂၀၁၈ ဇန်နဝါရီမှာ မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရကာ ၂၀၂၀ မှာ အင်တာကို အမြဲတမ်းစာချုပ်နဲ့ ရောက်လာချိန်မှာ ခြေစွမ်းကောင်းတချို့ ပြသနိုင်ခဲ့ပေမယ့် အခုတော့ အသင်းမှာ သူ့ရဲ့အနာဂတ် ပျောက်ဆုံးတော့မယ့် အနေအထားဖြစ်နေပါတယ်။

ဆန်းချက်ဇ်ရဲ့ မြင့်မားတဲ့လစာက အပြောင်း အရွှေ့ အတွက် အနည်းငယ် အတားအဆီးဖြစ်လာနိုင်ပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ မကြာခင်အချိန်အတွင်းမှာ ဆန်းချက်ဇ်အနေနဲ့ အင်တာမီလန် အသင်းမှထွက်ခါကာ တစ်ချိန်က ခြေစွမ်းတောက်ပခဲ့တဲ့ အာဆင်နယ်အသင်း ဆီသို့ ပြန်လည်ရောက်ရှိ လာနိုင်ကြောင်း ဥရောပမီဒီယာများက ဆိုကြပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အလက္ဆစ္ဆန္းခ်က္ဇ္ဟာ လာမယ့္ ေဆာင္းရာသီ အေျပာင္းအေ႐ြ႕ ေစ်းကြက္အတြင္းမွာပဲ သူရဲ႕လက္ရွိကလပ္ အင္တာမီလန္ကေန အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ထြက္ခြာဖြယ္ရွိေနၿပီး သူရဲ႕အသင္းေဟာင္း အာဆင္နယ္အသင္းဆီကို တေက်ာ့ျပန္ ေျပာင္းေ႐ြ႕ဖို႔ နီးစပ္လ်က္ ရွိေနတယ္လို႔ သိရွိရပါတယ္။

အသက္ ၃၂ အ႐ြယ္ရွိ ခ်ီလီ တိုက္စစ္ကစားသမား ဆန္းခ်က္ဇ္ဟာ အာဆင္နယ္အသင္းမွာ ၄ ႏွစ္နီးပါး ပါဝင္ကစားခဲ့ၿပီး ပြဲေပါင္း ၁၂၂ ပြဲမွာ သြင္းဂိုး ၆၀ အထိကို သြင္းယူနိုင္ခဲ့ကာ အသင္းအတြက္ အေရးပါဆုံး ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရသူလည္း ျဖစ္ပါတယ္။

ဆန္းခ်က္ဇ္ဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ကာလမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ အသင္းကေန ထြက္ခြာခြင့္ရေတာ့မယ္လို႔ သိရၿပီး ၾကယ္ပြင့္ကစားသမားေဟာင္း သူ႕ကို ေခၚယူခ်င္တဲ့ကလပ္အသင္းအမ်ားအျပား ေပၚထြက္လာေၾကာင္း သတင္းေတြအရ သိရပါတယ္။

အာဆင္နယ္နဲ႕ ဘာစီလိုနာ ၾကယ္ပြင့္ေဟာင္း ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ဇန္နဝါရီမွာ မန္ခ်က္စတာ ယူနိုက္တက္ကို ေရာက္လာၿပီး ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရကာ ၂၀၂၀ မွာ အင္တာကို အၿမဲတမ္းစာခ်ဳပ္နဲ႕ ေရာက္လာခ်ိန္မွာ ေျခစြမ္းေကာင္းတခ်ိဳ႕ ျပသနိုင္ခဲ့ေပမယ့္ အခုေတာ့ အသင္းမွာ သူ႕ရဲ႕အနာဂတ္ ေပ်ာက္ဆုံးေတာ့မယ့္ အေနအထားျဖစ္ေနပါတယ္။

ဆန္းခ်က္ဇ္ရဲ႕ ျမင့္မားတဲ့လစာက အေျပာင္း အေ႐ႊ႕ အတြက္ အနည္းငယ္ အတားအဆီးျဖစ္လာနိုင္ေပမယ့္ ထြက္ေပၚလာတဲ့ သတင္းေတြအရ မၾကာခင္အခ်ိန္အတြင္းမွာ ဆန္းခ်က္ဇ္အေနနဲ႕ အင္တာမီလန္ အသင္းမွထြက္ခါကာ တစ္ခ်ိန္က ေျခစြမ္းေတာက္ပခဲ့တဲ့ အာဆင္နယ္အသင္း ဆီသို႔ ျပန္လည္ေရာက္ရွိ လာနိုင္ေၾကာင္း ဥေရာပမီဒီယာမ်ားက ဆိုၾကပါတယ္။