Spots news

မန်ယူနိုက်တက်ရဲ့ အပယ်ခံတွေကို ခေါ်ကာ ရွှေခေတ်ထူထောင်မယ့် နယူးကာဆယ်

Unicode Version

ဆော်ဒီရင်းနှီးမြှပ်နှံမှုကုမ္မဏီ (PIE)ဟာ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ နယူးကာဆယ် အသင်းကို ဝယ်ယူပြီးနောက် ပရီးမီးယားလိဂ်နဲ့ ဥရောပရဲ့ အသင်းကြီး တစ်သင်းဖြစ်လာအောင် အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား ၄ ယောက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆော်ဒီလုပ်ငန်းရှင်များဟာ ယမန်နှစ်ကတည်းက နယူးကာဆဲလ်အသင်းကို လွဲပြောင်းဝယ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆော်ဒီနိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ အရှုပ်အထွေးတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အသင်းဝယ်ယူမှုကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကလည်း အသိအမှတ်ပြုပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ပိုင်ရှင်သစ်လက်အောက်ကို ရောက်ရှိသွားခဲ့တဲ့ နယူးကာဆယ်အသင်းဟာ လာမယ့် ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ ယူနိုက်တက်အသင်းရဲ့ ကစားသမား ၄ ယောက်ကို ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။

နယူးကာဆယ်ဟာ ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား အန်တိုနီမာရှယ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက်ရှိနေသလို ယူနိုက်တက်ရဲ့ခံစစ်မှာ နေရာပျောက်ဆုံးလို့နေတဲ့ နောက်ခံလု ဘိုင်လီ အသင်းမှာ ပုံမှန်နေရာရဖို့ ခက််ခဲနေတဲ့ ဂျက်ဆီလင်ဂတ်နဲ့ ဒွန်နီဗန်ဒီဘိခ်တို့ကို အလိုရှိနေတာ ဖြစ်ပါတယ်။

ဒီကစားသမားတွေအားလုံးက ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ဖွယ် ရှိလို့နေတဲ့ ကစားသမားတွေ ဖြစ်နေတာကြောင့် နယူးကာဆယ်ရဲ့ ကြိုးပမ်းမှုက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဒါ့အပြင် နယူးကာဆယ်အသင်းဟာ လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့နေရာမှာလည်း ချယ်လ်ဆီးနဲ့ အင်တာနည်းပြဟောင်း အန်တိုနီယိုကွန်တီကိုပါ အစားထိုး ခန့်အပ်သွားချင်နေတယ်လို့ သိရှိရပါတယ်။

Zawgyi Version

ေဆာ္ဒီရင္းႏွီးျမႇပ္ႏွံမႈကုမၼဏီ (PIE)ဟာ ပရီးမီးယားလိဂ္ ကလပ္အသင္း တစ္သင္းျဖစ္တဲ့ နယူးကာဆယ္ အသင္းကို ဝယ္ယူၿပီးေနာက္ ပရီးမီးယားလိဂ္နဲ႕ ဥေရာပရဲ႕ အသင္းႀကီး တစ္သင္းျဖစ္လာေအာင္ အင္အားျဖည့္တင္းဖို႔ ျပင္ဆင္ေနၿပီး လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကစားသမား ၄ ေယာက္နဲ႕ အေျပာင္းအေ႐ႊ႕ သတင္းေတြ ထြက္ေပၚလာပါတယ္။

ေဆာ္ဒီလုပ္ငန္းရွင္မ်ားဟာ ယမန္ႏွစ္ကတည္းက နယူးကာဆဲလ္အသင္းကို လြဲေျပာင္းဝယ္ယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေဆာ္ဒီနိုင္ငံရဲ႕ နိုင္ငံေရးဆိုင္ရာ အရႈပ္အေထြးေတြနဲ႕ လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ အသင္းဝယ္ယူမႈကို ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ကလည္း အသိအမွတ္ျပဳေပးဖို႔ ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။

အခုလည္း ပိုင္ရွင္သစ္လက္ေအာက္ကို ေရာက္ရွိသြားခဲ့တဲ့ နယူးကာဆယ္အသင္းဟာ လာမယ့္ ေဆာင္းရာသီ ေစ်းကြက္အတြင္းမွာပဲ ယူနိုက္တက္အသင္းရဲ႕ ကစားသမား ၄ ေယာက္ကို ေခၚယူသြားဖို႔ အစီအစဥ္ ရွိေနတယ္လို႔ ၿဗိတိန္သတင္းမီဒီယာ Daily Express ကေန ေဖာ္ျပလာခဲ့ပါတယ္။

နယူးကာဆယ္ဟာ ယူနိုက္တက္ရဲ႕ တိုက္စစ္ကစားသမား အန္တိုနီမာရွယ္ကို အသင္းရဲ႕ အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားလ်က္ရွိေနသလို ယူနိုက္တက္ရဲ႕ခံစစ္မွာ ေနရာေပ်ာက္ဆုံးလို႔ေနတဲ့ ေနာက္ခံလု ဘိုင္လီ အသင္းမွာ ပုံမွန္ေနရာရဖို႔ ခက္္ခဲေနတဲ့ ဂ်က္ဆီလင္ဂတ္နဲ႕ ဒြန္နီဗန္ဒီဘိခ္တို႔ကို အလိုရွိေနတာ ျဖစ္ပါတယ္။

ဒီကစားသမားေတြအားလုံးက ယူနိုက္တက္နဲ႕ လက္တြဲျဖဳတ္ဖြယ္ ရွိလို႔ေနတဲ့ ကစားသမားေတြ ျဖစ္ေနတာေၾကာင့္ နယူးကာဆယ္ရဲ႕ ႀကိဳးပမ္းမႈက စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။ ဒါ့အျပင္ နယူးကာဆယ္အသင္းဟာ လက္ရွိနည္းျပ စတိဗ္ဘ႐ုစ္ရဲ႕ေနရာမွာလည္း ခ်ယ္လ္ဆီးနဲ႕ အင္တာနည္းျပေဟာင္း အန္တိုနီယိုကြန္တီကိုပါ အစားထိုး ခန႔္အပ္သြားခ်င္ေနတယ္လို႔ သိရွိရပါတယ္။