Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဆိုးလ်ရှားက ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်တဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားရက်ဖို့ဒ်ကို နိုင်ငံတကာဘောလုံးပွဲတွေအပြီး ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်တဲ့ လက်စတာ အသင်းနဲ့ ပွဲစဥ်မှာ ပြန်လည် ပါဝင်ကစားနိုင်ဖို့ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ရက်ဖို့ဒ်ဟာ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ ရတာကြောင့် ယူနိုက်တက်အသင်း ကစားခဲ့တဲ့ရာသီအစ ပွဲတွေအားလုံးကို လွဲချော်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရက်ဖို့ဒ်ရဲ့ဒဏ်ရာအနေအထားက တိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အပြင် ဘလက်ဘန်းအသင်းနဲ့ ကစားခဲ့တဲ့ အိမ်ကွင်း တံခါးပိတ် ခြေစမ်းပွဲမှာ အသင်းအတွက်ပါဝင်ကစားခဲ့သလို ၂ ဂိုး သွင်းယူခဲ့ပါတယ်။
အဲဒါကြောင့် ဆိုးလ်ရှားက “လက်စတာနဲ့ပွဲ ကျရင် ရက်ဖို့ဒ် ပါဝင်ကစားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုရှိလာအောင် ကြိုးစားလေ့ကျင့်ခဲ့ပြီး မကြာခင် ပုံမှန်ခြေစွမ်း ပြန်ရမယ်လို့ ယုံကြည်ရပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။
ယူနိုက်တက် အသင်းတိုက်စစ်မှာ ဆန်ချို၊ ဂရင်းဝုဒ်၊ မာရှယ် တို့ဟာ အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ အတွက် ရက်ဖို့ဒ် အသင်းအတွက် ဘောလုံး ပြန်ကစားနိုင်မယ့်သတင်းက ရလဒ်တွေဆိုးရွားနေတဲ့ ယူနိုက်တက် အသင်းအတွက် အားတက်စရာဖြစ်ပါတယ်။
တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ယမန်နေ့က မန်ချက်စတာ တက္ကသိုလ်မှ ပေးအပ်တဲ့ ဒေါက်တာဘွဲ့ကို လက်ခံရယူခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်။ ရက်ဖို့ဒ်ဟာ မန်ချက်စတာ တက္ကသိုလ်မှ ပေးအပ်တဲ့ ဒေါက်တာဘွဲ့ကို ရရှိခဲ့သူတွေထဲမှာ ရက်ဖိုဒ့်ဟာ အသက်ငယ်ဆုံး ရရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ နည္းျပဆိုးလ္ရွားက ႀကံ့ခိုင္မႈ ျပန္လည္ ျပည့္ဝလာၿပီျဖစ္တဲ့ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ တိုက္စစ္ကစားသမားရက္ဖို႔ဒ္ကို နိုင္ငံတကာေဘာလုံးပြဲေတြအၿပီး ျပန္လည္စတင္မယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ ျဖစ္တဲ့ လက္စတာ အသင္းနဲ႕ ပြဲစဥ္မွာ ျပန္လည္ ပါဝင္ကစားနိုင္ဖို႔ ရွိတယ္လို႔ ေျပာဆိုလိုက္ပါတယ္။
ရက္ဖို႔ဒ္ဟာ ပခုံးဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူခဲ့ ရတာေၾကာင့္ ယူနိုက္တက္အသင္း ကစားခဲ့တဲ့ရာသီအစ ပြဲေတြအားလုံးကို လြဲေခ်ာ္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ရက္ဖို႔ဒ္ရဲ႕ဒဏ္ရာအေနအထားက တိုးတက္ေကာင္းမြန္လာၿပီျဖစ္တဲ့အျပင္ ဘလက္ဘန္းအသင္းနဲ႕ ကစားခဲ့တဲ့ အိမ္ကြင္း တံခါးပိတ္ ေျခစမ္းပြဲမွာ အသင္းအတြက္ပါဝင္ကစားခဲ့သလို ၂ ဂိုး သြင္းယူခဲ့ပါတယ္။
အဲဒါေၾကာင့္ ဆိုးလ္ရွားက “လက္စတာနဲ႕ပြဲ က်ရင္ ရက္ဖို႔ဒ္ ပါဝင္ကစားနိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ သူဟာ ခႏၶာကိုယ္ ႀကံ့ခိုင္မႈရွိလာေအာင္ ႀကိဳးစားေလ့က်င့္ခဲ့ၿပီး မၾကာခင္ ပုံမွန္ေျခစြမ္း ျပန္ရမယ္လို႔ ယုံၾကည္ရပါတယ္”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။
ယူနိုက္တက္ အသင္းတိုက္စစ္မွာ ဆန္ခ်ိဳ၊ ဂရင္းဝုဒ္၊ မာရွယ္ တို႔ဟာ အခုေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပနိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ အတြက္ ရက္ဖို႔ဒ္ အသင္းအတြက္ ေဘာလုံး ျပန္ကစားနိုင္မယ့္သတင္းက ရလဒ္ေတြဆိုး႐ြားေနတဲ့ ယူနိုက္တက္ အသင္းအတြက္ အားတက္စရာျဖစ္ပါတယ္။
တိုက္စစ္မႉး ရက္ဖို႔ဒ္ဟာ ယမန္ေန႕က မန္ခ်က္စတာ တကၠသိုလ္မွ ေပးအပ္တဲ့ ေဒါက္တာဘြဲ႕ကို လက္ခံရယူခဲ့ၿပီ ျဖစ္ေၾကာင္းသိရပါတယ္။ ရက္ဖို႔ဒ္ဟာ မန္ခ်က္စတာ တကၠသိုလ္မွ ေပးအပ္တဲ့ ေဒါက္တာဘြဲ႕ကို ရရွိခဲ့သူေတြထဲမွာ ရက္ဖိုဒ့္ဟာ အသက္ငယ္ဆုံး ရရွိတဲ့ ပုဂၢိဳလ္ျဖစ္ပါတယ္။