Unicode Version
ယူနိုက်တက်ရဲ့လူငယ် ကစားသမား တယောက်ဖြစ်တဲ့ နယ်သာလန်နိုင်ငံသား တာဟစ်ချောင်ဟာ ဘာမင်ဂမ်စီးတီး အသင်းသို့ တရာသီအဌားဖြင့် ပြောင်းရွေ့ကစားနေတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။ ဘာမင်ဂမ် စီးတီးအသင်းမှာ
ခြေစွမ်းကောင်းများ ပြသထားပြီး အနာဂတ်မှာ အလားလာရှိတဲ့လူငယ် လေးတဦးဖြစ်ပါတယ်။ အင်တာဗျူး တခုမှာသူက ယူနိုက်တက်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အခု လိုဘဲဖြေကြားထားပါတယ်။
“ကျွန်တော်ဘောလုံးနဲ့ ပတ်သတ်ပြီး လုပ်နိုင်တာအကုန်လုပ်မယ်။ တခါတလေ ကျတော့လဲ ကိုလုပ်နေတဲ့ အခြေနေကိုနားလည်နိုင်ဖို့ ခက်ခဲပါတယ်။ ကျွန် တော်က သိပ်ရှည်ရှည် ဝေးဝေး မတွေးထားပါဘူး။
အခု ကျွန်တော်ဒီမှာ ရောက်နေတဲ့အတွက် ဒီအသင်း ကိုအကောင်းဆုံးကူညီမယ်၊ ပွဲစဥ်တိုင်းကိုအာရုံစိုက် ကစားမယ်။ အမှားတွေထဲကနေ သင်ခန်းစာယူမယ်။ ရှေ့မှာ ပြင်ပြီးအကောင်းဆုံး လုပ်မယ်။ဒါပါဘဲ ”
“ ယူနိုက်တက်က ကျွန်တော်ရဲ့အသင်းပါ။အဲ့ဒီကလူ အကုန်လုံးနဲ့ ကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ အထူးသဖြင့် နည်းပြတွေနဲ့ပေါ့။ကျွန်တော့်ရဲ့အသင်း နည်းပြဆိုရင် အမြဲတမ်း ဆက်သွယ်ဖြစ်တယ်။ တခါတလေဆို ပွဲလာကြည့်ပါတယ်။
တခါတလေတော့ Ole က မင်းကိုငါ စောင့်ကြည့်နေတယ်။ ကောင်းကောင်းလုပ် ဆိုပြီး စာတွေပို့တာတွေ ရှိပါတယ်။ အခု ကျွန်တော် တိုးတက်အောင် လုပ်နေတာတွေက ယူနိုက်တက်အတွက်ပါ ” ဟု ပြောကြားခဲ့ပါတယ်။
Zawgyi Version