Unicode Version
နာမည်ကျော် ဘောလုံးအပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာနဲ့ အေးဂျင့်ဖြစ်သူတို့ဟာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းထားမှုကို အခုချိန်ထိ အကြောင်းပြန်ထားခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။
ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယူနိုက်တက်ဘက်က သူတို့ရဲ့ အဓိက ကစားသမားတစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရအောင် ဇူလိုင်လကတည်းက သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတယ်လို့ ဖာဘရီဇီယိုက ဖော်ပြထားခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ထဲမှာ ကာလရှည် စာချုပ်သစ်တစ်ရပ်အပြင် ပေါ့ဘာရဲ့ တစ်ပတ်လုပ်ခကိုပါ ကလပ်အသင်းရဲ့ အမြင့်ဆုံး လုပ်ခလစာ အထိ တိုးမြှင့်ပေးထားခဲ့ပေမယ့် ကစားသမားနဲ့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာတို့က ဒီကမ်းလှမ်းမှုကို အကြောင်းပြန်ထားခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။
လက်ရှိအချိန်မှာ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လျက်ရှိနေသလို သူရဲ့အေးဂျင့်ဖြစ်သူကလည်း ပေါ့ဘာကို ယူနိုက်တက်နဲ့ သက်တမ်းတိုးခြင်း မပြုလုပ်ပဲ ရီးရဲလ်မက်ဒရစ် အသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရှိရပါတယ်။
ပေါ့ဘာရဲ့ အနာဂတ်အခြေအနေတွေက သဲသဲကွဲကွဲ သေချာမသိရှိရသေးပေမယ့်လည်း ယူနိုက်တက်အသင်းဘက်ကနေ ပေါ့ဘာအတွက် စံချိန်တင် လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ပေါ့ဘာဘက်ကနေ လက်ခံလာဖွယ် ရှိနေသလို အနိမ့်ဆုံး တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းလောက်နဲ့ကို ကမ်းလှမ်းရနိုင်ပါတယ်။
ဂျူဗင်တပ် အသင်းကနေ ပြန်လည်ရောက်ရှိလာတဲ့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းအတွက် ၆ ရာသီမြောက် အဖြစ် ပါဝင်ကစားနေတာဖြစ်ပြီး အသင်းနဲ့အတူ ပွဲစဉ်ပေါင်း ၂၀၈ ပွဲ ပါဝင်ကစားထားခဲ့ရာ သွင်းဂိုးစုစုပေါင်း ၃၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ အသင်းနဲ့ ယူရိုပါလိဂ်ဖလား လိဂ်ဖလားတို့ကို ရယူထားပါတယ်။
Zawgyi Version
နာမည္ေက်ာ္ ေဘာလုံးအေျပာင္းအေ႐ႊ႕ သတင္းေထာက္ ဖာဘရီဇီယိုရိုမာနိုရဲ႕ ေဖာ္ျပခ်က္မွာ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာနဲ႕ ေအးဂ်င့္ျဖစ္သူတို႔ဟာ ယူနိုက္တက္အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းထားမႈကို အခုခ်ိန္ထိ အေၾကာင္းျပန္ထားျခင္း မရွိေသးဘူးလို႔ သိရွိရပါတယ္။
ေပါ့ဘာဟာ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာပဲ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္းက ကုန္ဆုံးေတာ့မွာျဖစ္တဲ့အတြက္ ယူနိုက္တက္ဘက္က သူတို႔ရဲ႕ အဓိက ကစားသမားတစ္ေယာက္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္မလြတ္ရေအာင္ ဇူလိုင္လကတည္းက သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္ထားတယ္လို႔ ဖာဘရီဇီယိုက ေဖာ္ျပထားခဲ့ပါတယ္။
ယူနိုက္တက္ရဲ႕ ကမ္းလွမ္းခ်က္ထဲမွာ ကာလရွည္ စာခ်ဳပ္သစ္တစ္ရပ္အျပင္ ေပါ့ဘာရဲ႕ တစ္ပတ္လုပ္ခကိုပါ ကလပ္အသင္းရဲ႕ အျမင့္ဆုံး လုပ္ခလစာ အထိ တိုးျမႇင့္ေပးထားခဲ့ေပမယ့္ ကစားသမားနဲ႕ ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူ ႐ြိုင္အိုလာတို႔က ဒီကမ္းလွမ္းမႈကို အေၾကာင္းျပန္ထားျခင္း မရွိေသးဘူးလို႔ သိရွိရပါတယ္။
လက္ရွိအခ်ိန္မွာ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါ့ဘာရဲ႕ အနာဂတ္ အေျခအေနေတြက လႈပ္ခတ္လ်က္ရွိေနသလို သူရဲ႕ေအးဂ်င့္ျဖစ္သူကလည္း ေပါ့ဘာကို ယူနိုက္တက္နဲ႕ သက္တမ္းတိုးျခင္း မျပဳလုပ္ပဲ ရီးရဲလ္မက္ဒရစ္ အသင္းကိုသာ ေျပာင္းေ႐ႊ႕ကစားဖို႔ တိုက္တြန္းမႈေတြ လုပ္ေဆာင္ထားတယ္လို႔ သိရွိရပါတယ္။
ေပါ့ဘာရဲ႕ အနာဂတ္အေျခအေနေတြက သဲသဲကြဲကြဲ ေသခ်ာမသိရွိရေသးေပမယ့္လည္း ယူနိုက္တက္အသင္းဘက္ကေန ေပါ့ဘာအတြက္ စံခ်ိန္တင္ လုပ္ခလစာမ်ိဳးနဲ႕ ကမ္းလွမ္းလာခဲ့မယ္ဆိုရင္ေတာ့ ေပါ့ဘာဘက္ကေန လက္ခံလာဖြယ္ ရွိေနသလို အနိမ့္ဆုံး တစ္ပတ္လုပ္ခ ေပါင္ ၄ သိန္းေလာက္နဲ႕ကို ကမ္းလွမ္းရနိုင္ပါတယ္။
ဂ်ဴဗင္တပ္ အသင္းကေန ျပန္လည္ေရာက္ရွိလာတဲ့ ေပါ့ဘာဟာ ယူနိုက္တက္အသင္းအတြက္ ၆ ရာသီေျမာက္ အျဖစ္ ပါဝင္ကစားေနတာျဖစ္ၿပီး အသင္းနဲ႕အတူ ပြဲစဥ္ေပါင္း ၂၀၈ ပြဲ ပါဝင္ကစားထားခဲ့ရာ သြင္းဂိုးစုစုေပါင္း ၃၈ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ကာ အသင္းနဲ႕ ယူရိုပါလိဂ္ဖလား လိဂ္ဖလားတို႔ကို ရယူထားပါတယ္။