Spots news

ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ကော်တင်ဟိုကို ခေါ်ယူမယ့် နယူးကာဆယ်

Unicode Version

ဆော်ဒီလုပ်ငန်းရှင်များ ဝယ်ယူပြီးနောက် ဘဏ္ဍာရေးအင်အား တောင့်တင်းလာတဲ့ နယူးကာဆယ်အသင်းဟာ ပထမဆုံး ကစားသမားအခေါ်ယူမှုအဖြစ် ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်

ဆော်ဒီရင်းနှီးမြှုပ်နှံကုမ္ပဏီ(PIF)ဟာ နယူးကာဆယ်အသင်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပေါင် ၃၀၅ သန်းဖြင့် ဝယ်ယူပြီးနောက် နယူးကာဆယ်အသင်းကို ၃ နှစ်အတွင်း ထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်လာအောင် တည်ဆောက်သွားရန် ရည်ရွယ်နေကြောင်း သိရှိရပါတယ်။

နယူးကာဆယ် အသင်းပိုင်ရှင်သစ် များက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှ စတင်ကာ အသင်းကို ထိပ်တန်း ကစားသမားများဖြင့် အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ပစ်မှတ်ထားနေခြင်း ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဘရာဇီး ကွင်းလယ်ကစားသမား ကော်တင်ဟိုဟယ ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသလို၊ ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ဘာစီလိုနာအသင်း ရောင်းထုတ်လိုနေတဲ့ ကစားသမားများထဲမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

ထို့ကြောင့် နယူးကာဆယ်အသင်းဟာ ဆော်ဒီလုပ်ငန်းရှင်များလက်ထက်မှာ ပထမဆုံး နာမည်ကျော် ကစားသမား ခေါ်ယူမှုအဖြစ် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူရန် စီစဉ်နေပြီး ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၅ သန်း ဝန်းကျင်ခန့်သာ ရှိကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ပိုင်ရှင်သစ်ဖြင့် ငွေအလုံးအရင်းနဲ့ အင်အား ဖြည့်တင်းမှု ပြုလုပ်လာမယ့် နယူးကာဆယ်အသင်းဟာ UEFA ရဲ့ ဘဏ္ဍာရေး သာတူညီမျှစည်းမျဉ်း(FFP)အတိုင်း လိုက်နာမယ်ဆိုပါက လာမည့် ၃ ရာသီအတွင်း ပေါင်သန်း ၂၀၀ အထိ သုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Zawgyi Version

ေဆာ္ဒီလုပ္ငန္းရွင္မ်ား ဝယ္ယူၿပီးေနာက္ ဘ႑ာေရးအင္အား ေတာင့္တင္းလာတဲ့ နယူးကာဆယ္အသင္းဟာ ပထမဆုံး ကစားသမားအေခၚယူမႈအျဖစ္ ဘာစီလိုနာကြင္းလယ္လူ ေကာ္တင္ဟိုကို ေခၚယူရန္ စီစဥ္ေနေၾကာင္း ၿဗိတိန္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္

ေဆာ္ဒီရင္းႏွီးျမႇုပ္ႏွံကုမၸဏီ(PIF)ဟာ နယူးကာဆယ္အသင္းရဲ႕ ရွယ္ယာ ၈၀ ရာခိုင္ႏႈန္းကို ေပါင္ ၃၀၅ သန္းျဖင့္ ဝယ္ယူၿပီးေနာက္ နယူးကာဆယ္အသင္းကို ၃ ႏွစ္အတြင္း ထိပ္တန္းအသင္းႀကီးတစ္သင္း ျဖစ္လာေအာင္ တည္ေဆာက္သြားရန္ ရည္႐ြယ္ေနေၾကာင္း သိရွိရပါတယ္။

နယူးကာဆယ္ အသင္းပိုင္ရွင္သစ္ မ်ားက လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွ စတင္ကာ အသင္းကို ထိပ္တန္း ကစားသမားမ်ားျဖင့္ အင္အားျဖည့္တင္းရန္ စီစဥ္ေနၿပီး ဘာစီလိုနာကြင္းလယ္လူ ေကာ္တင္ဟိုကို ပစ္မွတ္ထားေနျခင္း ျဖစ္ပါတယ္။။

အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ဘရာဇီး ကြင္းလယ္ကစားသမား ေကာ္တင္ဟိုဟယ ဘာစီလိုနာအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနသလို၊ ဘ႑ာေရး အက်ပ္အတည္းမ်ားေၾကာင့္ ဘာစီလိုနာအသင္း ေရာင္းထုတ္လိုေနတဲ့ ကစားသမားမ်ားထဲမွာ ပါဝင္ေနသူလည္း ျဖစ္ပါတယ္။

ထို႔ေၾကာင့္ နယူးကာဆယ္အသင္းဟာ ေဆာ္ဒီလုပ္ငန္းရွင္မ်ားလက္ထက္မွာ ပထမဆုံး နာမည္ေက်ာ္ ကစားသမား ေခၚယူမႈအျဖစ္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ ဘာစီလိုနာကြင္းလယ္လူ ေကာ္တင္ဟိုကို ေခၚယူရန္ စီစဥ္ေနၿပီး ေျပာင္းေ႐ႊ႕ေၾကးမွာ ေပါင္ ၂၅ သန္း ဝန္းက်င္ခန႔္သာ ရွိေၾကာင္း Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ပိုင္ရွင္သစ္ျဖင့္ ေငြအလုံးအရင္းနဲ႕ အင္အား ျဖည့္တင္းမႈ ျပဳလုပ္လာမယ့္ နယူးကာဆယ္အသင္းဟာ UEFA ရဲ႕ ဘ႑ာေရး သာတူညီမွ်စည္းမ်ဥ္း(FFP)အတိုင္း လိုက္နာမယ္ဆိုပါက လာမည့္ ၃ ရာသီအတြင္း ေပါင္သန္း ၂၀၀ အထိ သုံးစြဲခြင့္ ရရွိမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။