Spots news

ပထမအသင်းတွင် ကိုဗစ်ကူးစက်မှုမြင့်မားနေ၍ လီဗာပူးကို လူငယ်အသင်းနှင့် ရင်ဆိုင်မယ့် ဗီလာ

အက်စတွန်ဗီလာဟာအသင်းအတွင်းတွင်ကိုဗစ်ကူးစက်မှုမြင့်မားနေခြင်းကြောင့်ယနေ့ညတွင်လီဗာပူးအား ဧည့်ခံ ကစားရမယ့်အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုလူငယ်အသင်းဖြင့်ရင်ဆိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဗီလာဟာအသင်းအတွင်းတွင်ကိုဗစ်ကူးစက်မှုမြင့်မားနေခြင်းကြောင့်အက်ဖ်အေဖလားပြိုင်ပွဲမှအထုတ်ခံရနိုင်တဲ့ အနေအထားမျိုးတွင်ရှိနေပြီးလူငယ်အသင်းနှင့်ကစားမလား၊ အထုတ်ခံရမလားဆိုတာပွဲကစားခါနီးမှဆုံးဖြတ်လာဖို့ ရှိပါတယ်။

လက်ရှိအချိန်တွင်ဗီလာအသင်းလေ့ကျင့်ရေးကွင်းကိုပိတ်ထားရပြီးလီဗာပူးနှင့်အက်ဖ်အေဖလားပွဲကစားရေးအပေါ် ဗီလာ၊ပရီးမီးယားလိဂ်၊အက်ဖ်အေတို့ဆွေးနွေးမှုများပြုလုပ်နေပါတယ်။

ဗီလာကတော့လီဗာပူးနှင့်ပွဲကိုကစားရန်ဆန္ဒပြင်းပြနေပြီးပွဲဖြစ်မြောက်လာရေးအတွက်အစွမ်းကုန်လုပ်ဆောင်နေပါတယ်။ဗီလာအသင်းကိုယူ-၂၃နည်းပြမတ်ဒီလာနေးကသူ့နည်းပြအဖွဲ့နဲ့ကြီးကြပ် မှာဖြစ်ပြီးလူငယ်ကစားသ မားများနှင့်ပင် ရင်ဆိုင်ကစားသွားပါမယ်။

အခြားတစ်ဖက်တွင် ဗီလာရဲ့လာမယ့်ဗုဒ္ဓဟူးနေ့တွင်ကစားရမယ့်စပါးစ်နှင့်အိမ်ကွင်းပွဲစဉ်မှာလည်းကစားရန်သေ ချာရေရာမှုမရှိသေးပါဘူး။

ဒါ့အပြင်ဝိန်းရွန်းနီဦးဆောင်နေတဲ့ဒါဘီကောင်တီမှာလည်းပထမအသင်းတွင်ကိုဗစ်ကူးစက်မှုရှိနေ၍စနေနေ့တွင်ကစားရမယ့်အပျော်တမ်းကလပ်ချော်လေးနဲ့ ပွဲစဉ်တွင်လူငယ်အသင်းဖြင့်ရင်ဆိုင်ကစားသွားပါမယ်။