Spots news

အငှားချထားတာ ၂ လရှိသေးတဲ့ ပယ်လီစထရီကို ပြန်ခေါ်တော့မယ့်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့လူငယ် ကြယ်ပွင့် ကစားသမားတွေ ကို အတွေ့ကြုံကောင်းများ နဲ့ ပွဲကစားချိန် ပိုမို ရရှိရန်အတွက် သူတို့နဲ့ သင့်တော်မယ့် အသင်းတွေဆီ အငှားချထားတာလဲ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ ပြီးခဲ့တဲ့ ဘောလုံးရာသီက ခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့် ပယ်လီစထရီလဲ အပါအဝင်ဖြစ်ပါတယ်။

ပယ်လီစထရီဟာ ရာသီကြိုမှာ ယူနိုက်တက် နဲ့ကောင်းမွန်းတဲ့ ခြေစွမ်းတချို့ ပြသထားပေမယ့် လာလီဂါလိဂ် ဒီပို့တီပို အလာဗတ် အသင်းကို ၁ ရာသီအငှား ချခဲ့ပါတယ်။ သို့ပေမယ့် ပယ်လီစထရီကို ယူနိုက်တက်က အလားလာရှိတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားတာကြောင့် ကစားချိန်ပိုရရှိရန်

စာချုပ်မှာ ဒီဇင်ဘာလအထိမိနစ် ၁၀၀၀ ခန့်မကစားရပါက ပြန်လည် ခေါ်ယူနိုင်တယ် ဆိုတဲ့အချက်ကို စာချုပ် မှာ ထည့်သွင်းချုပ် ဆိုခဲ့ပါတယ်။ ယခုအချိန်အထိ ပယ်လီစထရီဟာ ၇ ပွဲမှာ ၁ ပွဲကစားထားပြီး ကျန်ပွဲတွေမှာလူစားဝင် ကစားသမား အဖြစ် ကစားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စုစုပေါင်း ကစားတဲ့ မိနစ်က ၁၉၅ ခန့်သာ ကစားထားတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီထက်ပို ကစားခွင့် ရရှိနိုင်ရေးအတွက် သူ့ကို ဒီဇင်ဘာမှာ အသင်းထံ ပြန်လည်ခေါ်ယူပြီး တခြားစိတ်ဝင်စားတဲ့ အသင်းတသင်း သို့မဟုတ် ယူနိုက်တက်မှာပဲ နေရာပေးဖို့ နည်းပြဆိုးလ်ရှားနဲ့ အဖွဲ့က ပြင်ဆင်လာတာပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ”သူ့ကိုကျွန်တော်သိတယ်။သူဒီထက်ပိုပြီးတိုးတက် လာမယ့်ကစားသမားတယောက်။ ဒီမှာအဆင်မပြေ နိုင်သေးလို့ အတွေ့ကြုံတွေပိုရအောင် ပွဲကစားချိန် အများကြီးပေးနိုင်တဲ့ အသင်းကို ပြောင်းရွေ့ကစား ခိုင်းတာပါ။ ဒီအတိုင်းဆို ကျွန်တော်တို့ တခုခုလုပ်ရ ပါလိမ့်မယ်။” ဟု ပြောဆိုခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ သူတို႔ရဲ႕လူငယ္ ၾကယ္ပြင့္ ကစားသမားေတြ ကို အေတြ႕ႀကဳံေကာင္းမ်ား နဲ႕ ပြဲကစားခ်ိန္ ပိုမို ရရွိရန္အတြက္ သူတို႔နဲ႕ သင့္ေတာ္မယ့္ အသင္းေတြဆီ အငွားခ်ထားတာလဲ ျဖစ္ပါတယ္။ အဲဒီထဲမွာမွ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ေခၚယူထားတဲ့ လူငယ္ၾကယ္ပြင့္ ပယ္လီစထရီလဲ တေယာက္ အပါအဝင္ျဖစ္ပါတယ္။

ပယ္လီစထရီဟာ ရာသီႀကိဳမွာ ယူနိုက္တက္ နဲ႕ေကာင္းမြန္းတဲ့ ေျခစြမ္းတခ်ိဳ႕ ျပသထားေပမယ့္ လာလီဂါလိဂ္ ဒီပို႔တီပို အလာဗတ္ အသင္းကို ၁ ရာသီအငွား ခ်ခဲ့ပါတယ္။ သို႔ေပမယ့္ ပယ္လီစထရီကို ယူနိုက္တက္က အလားလာရွိတဲ့ ကစားသမား အျဖစ္ သတ္မွတ္ထားတာေၾကာင့္ ကစားခ်ိန္ပိုရရွိရန္

စာခ်ဳပ္မွာ ဒီဇင္ဘာလအထိမိနစ္ ၁၀၀၀ ခန့္မကစားရပါက ျပန္လည္ ေခၚယူနိုင္တယ္ ဆိုတဲ့အခ်က္ကို စာခ်ဳပ္ မွာ ထည့္သြင္းခ်ဳပ္ ဆိုခဲ့ပါတယ္။ ယခုအခ်ိန္အထိ ပယ္လီစထရီဟာ ၇ ပြဲမွာ ၁ ပြဲကစားထားၿပီး က်န္ပြဲေတြမွာလူစားဝင္ ကစားသမား အျဖစ္ ကစားရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ စုစုေပါင္း ကစားတဲ့ မိနစ္က ၁၉၅ ခန႔္သာ ကစားထားတာ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ဒီထက္ပို ကစားခြင့္ ရရွိနိုင္ေရးအတြက္ သူ႕ကို ဒီဇင္ဘာမွာ အသင္းထံ ျပန္လည္ေခၚယူၿပီး တျခားစိတ္ဝင္စားတဲ့ အသင္းတသင္း သို႔မဟုတ္ ယူနိုက္တက္မွာပဲ ေနရာေပးဖို႔ နည္းျပဆိုးလ္ရွားနဲ႕ အဖြဲ႕က

ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက ”သူ႕ကိုကြၽန္ေတာ္သိတယ္။သူဒီထက္ပိုၿပီးတိုးတက္ လာမယ့္ကစားသမားတေယာက္။ ဒီမွာအဆင္မေျပ နိုင္ေသးလို႔ အေတြ႕ႀကဳံေတြပိုရေအာင္ ပြဲကစားခ်ိန္ အမ်ားႀကီးေပးနိုင္တဲ့ အသင္းကို ေျပာင္းေ႐ြ႕ကစား ခိုင္းတာပါ။ ဒီအတိုင္းဆို ကြၽန္ေတာ္တို႔ တခုခုလုပ္ရ ပါလိမ့္မယ္။” ဟု ေျပာဆိုခဲ့ပါတယ္။