Spots news

ဆိုးလ်ရှားရဲ့နေရာကို ပစ်မှတ်ထားနေတဲ့ ကွန်တီကို နယူးကာဆယ် ကမ်းလှမ်း

Unicode Version

နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်တဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် ပြုလုပ်ဖို့ စီစဉ်နေပြီး နည်းပြသစ်အဖြစ် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ထိပ်တန်းနည်းပြ ကွန်တီကို ခန့်အပ်နိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အဆင့် ၁၉နေရာ အထိ ကျရောက်နေသလို ကစားသမား အင်အားကလည်း အားရစရာ အနေအထားမှာ မရှိတာကြောင့် နယူးကာဆယ် အသင်းကို ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် နည်းပြကောင်း တဦးကို ခန့်အပ်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

ထို့ကြောင့် နယူးကာဆယ်ဟာ ပထမဆုံး အနေနဲ့ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ အင်တာမီလန် စတဲ့ အသင်းကြီးတွေမှာ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ ကွန်တီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး အီတလီ အခြေစိုက် သတင်းဌာနတွေကလည်း ကွန်တီနဲ့ နယူးကာဆယ်တို့ ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေကြောင်း အတည်ပြု ထားပါတယ်။

90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် ကွန်တီ ကတော့ သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်ရာမှာ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ဖို့ စဉ်းစားထားကာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ဟာ သူ့အတွက် ဦးစားပေး ပစ်မှတ် ဖြစ်နေပါတယ်။

အကယ်၍ ဇန်နဝါရီလ အပြောင်းအရွှေ့ ရောက်တဲ့ အထိ ရလဒ်ဆိုးများ ရှိနေတဲ့ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခြင်း မခံရသေးပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ရယူနိုင်ခြင်း မရှိမှသာ နည်းပြကွန်တီဟာ နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိ ကြောင်း သတင်းများက ဆိုပါတယ်။

Zawgyi Version

နယူးကာဆယ္အသင္းရဲ႕ ပိုင္ရွင္သစ္ ျဖစ္တဲ့ ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇုပ္ႏွံမႈ အဖြဲ႕အစည္းဟာ နယူးကာဆယ္အသင္းကို ဥေရာပရဲ႕ ထိပ္သီးအသင္း တသင္း ျဖစ္လာေအာင္ ျပဳလုပ္ဖို႔ စီစဥ္ေနၿပီး နည္းျပသစ္အျဖစ္ လက္ရွိမွာ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ထိပ္တန္းနည္းျပ ကြန္တီကို ခန႔္အပ္နိုင္ဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

လက္ရွိမွာေတာ့ နယူးကာဆယ္အသင္းဟာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ အဆင့္ ၁၉ေနရာ အထိ က်ေရာက္ေနသလို ကစားသမား အင္အားကလည္း အားရစရာ အေနအထားမွာ မရွိတာေၾကာင့္ နယူးကာဆယ္ အသင္းကို ထိပ္တန္းအသင္း တသင္း ျဖစ္လာေအာင္ နည္းျပေကာင္း တဦးကို ခန႔္အပ္ဖို႔ မျဖစ္မေန လိုအပ္ေနပါတယ္။

ထို႔ေၾကာင့္ နယူးကာဆယ္ဟာ ပထမဆုံး အေနနဲ႕ဂ်ဴဗင္တပ္ ၊ ခ်ယ္လ္ဆီး ၊ အင္တာမီလန္ စတဲ့ အသင္းႀကီးေတြမွာ ဆုဖလားေပါင္း မ်ားစြာ ရယူနိုင္ခဲ့တဲ့ ကြန္တီကို အသင္းရဲ႕ နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ႀကိဳးစားေနတာ ျဖစ္ၿပီး အီတလီ အေျခစိုက္ သတင္းဌာနေတြကလည္း ကြန္တီနဲ႕ နယူးကာဆယ္တို႔ ၾကားမွာ ခ်ိတ္ဆက္မႈေတြ ရွိေနေၾကာင္း အတည္ျပဳ ထားပါတယ္။

90 Min သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ နယူးကာဆယ္အသင္းဟာ ကြန္တီကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ႀကိဳးစားေနေပမယ့္ ကြန္တီ ကေတာ့ သူ႕ရဲ႕ အသင္းသစ္ကို ေ႐ြးခ်ယ္ရာမွာ စိတ္ရွည္ရွည္ထားၿပီး ေစာင့္ၾကည့္ဖို႔ စဥ္းစားထားကာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပရာထူးကို ရယူဖို႔ဟာ သူ႕အတြက္ ဦးစားေပး ပစ္မွတ္ ျဖစ္ေနပါတယ္။

အကယ္၍ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ ေရာက္တဲ့ အထိ ရလဒ္ဆိုးမ်ား ရွိေနတဲ့ နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ျခင္း မခံရေသးပဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပရာထူးကို ရယူနိုင္ျခင္း မရွိမွသာ နည္းျပကြန္တီဟာ နယူးကာဆယ္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံသြားဖြယ္ရွိ ေၾကာင္း သတင္းမ်ားက ဆိုပါတယ္။