Unicode Version
နယူးကာဆယ်ယူနိုက်တက်အသင်းကို ဆော်ဒီအင်အားစုက ဝယ်ယူပြီး ၂၄ နာရီအတွင်းမှာပဲ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေဟာ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေပြုလုပ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
စပါးအသင်း ဥက္ကဌဒန်နီရယ်လီဗိုင်းက ဦးဆောင်ကာ ဒီအရောင်းအဝယ်ကို ပျက်ပြားအောင် ကြိုးစားနေတယ်လို့သိရပြီး အခြားသော အသင်းအားလုံးကလည်း ဒီလက်လွှဲပြောင်းဝယ်ယူမှုအပေါ်မှာ စိတ်တိုင်းမကျဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ပေါင် ၃၀၅ သန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကာ စပါး၊ လီဗာပူးလ်၊ ယူနိုက်တက်၊ အာဆင်နယ်တို့က တော်တော်လေးဆန့်ကျင်နေပြီး ဆော်ဒီလုပ်ငန်းစုကို ပရီးမီးယားလိဂ်ဆီမရောက်လာစေဖို့ လှုံ့ဆော်မှုမှာ စပါးက အဓိကနေရာကနေ ပါဝင်နေပါတယ်။
ကျန်အသင်း ၁၉ သင်းက ပရီးမီးယားလိဂ်အဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေး ချင်နေတယ်လို့သိရပြိး နယူးကာဆယ်ကို ဝယ်ယူခဲ့မှုအပေါ်မှာ ဘာကြောင့် သဘောတူညီချက်ပေးခဲ့ရလဲဆိုတာကို မေးခွန်းထုတ် သွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။
နယူးကာဆယ်အသင်းပိုင်ရှင်သစ်ကတော့ အသင်းကို ပုံစံပြောင်းလဲမှုတွေပြုလုပ်ကာ ဥရောပအဆင့်မှာပါ အောင်မြင်မှုရဖို့အထိ ရည်မှန်းထားတယ်လို့ မနေ့ကပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသင်းဒါရိုက်တာသစ် အမ်မန်ဒါစတာဗီလေက
ပြောဆိုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင် ကြိုးစားသွားမယ့်အကြောင်းနဲ့ ဥရောပမှာပါ ခေါင်းထောင်လာနိုင်အောင် ပြုလုပ်သွားဖို့ ရေရှည်စီမံကိန်းတွေနဲ့ ဆောင်ရွက်သွားမယ်လို့ လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်ကင်းထောက်ချုပ်ဟောင်းနဲ့ အကယ်ဒမီနည်းပြ ဖရန့်မက်ခ်ပါလန်းကို ဘောလုံးအကြံပေးအဖြစ် နယူးကာဆယ်က ခေါ်ယူလိုက်ပြီး ပါလန်းဟာ ဘရန်ဒါရော်ဂျာ၊ စတီဗင်ဂျရတ်တို့နဲ့ အနီးကပ်ဆက်သွယ်မှုတွေရှိသူလို့ သိရပါတယ်။
အဆိုပါလူနှစ်ဦးဟာ နယူးကာဆယ်နည်းပြသစ်အဖြစ်နဲ့ စတိဗ်ဘရုစ်နေရာကို အစားဝင်နိုင်တယ်လို့ ရေပန်းစားနေပြီး လက်ရှိမှာ လက်ထောက်နည်းပြဂျရမီဂျုံးစ်က စပါးနဲ့ပွဲမှာ ယာယီနည်းပြအဖြစ် တာဝန်ယူဖွယ်ရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
ဆော်ဒီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခိုးယူပြသမှုတွေကြောင့် တရားဝင်မိတ်ဖက်အဖြစ်ရှိနေတဲ့ beIN SPORT ကလည်း ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ရဲ့ ဝယ်ယူမှုကို ကန့်ကွက်ဖို့အတွက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်က ခွင့်ပြုချက်ပေးခဲ့ပြီးနောက် မေးခွန်းထုတ်မှုတွေအများအပြားရှိလာခဲ့ပြီး ကျန်အသင်း ၁၉ သင်းကပါ PIF ရဲ့ ရင်းနှီးမြုပ်နှံမှုက လိဂ်ပုံရိပ်ကို ထိခိုက်မယ့်အပေါ် စိုးရိမ်နေပြီး အရေးပေါ်အစည်းအဝေး တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Zawgyi Version
နယူးကာဆယ္ယူနိုက္တက္အသင္းကို ေဆာ္ဒီအင္အားစုက ဝယ္ယူၿပီး ၂၄ နာရီအတြင္းမွာပဲ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းႀကီးေတြဟာ ျပင္းျပင္းထန္ထန္ကန႔္ကြက္မႈေတြျပဳလုပ္ေနတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။
စပါးအသင္း ဥကၠဌဒန္နီရယ္လီဗိုင္းက ဦးေဆာင္ကာ ဒီအေရာင္းအဝယ္ကို ပ်က္ျပားေအာင္ ႀကိဳးစားေနတယ္လို႔သိရၿပီး အျခားေသာ အသင္းအားလုံးကလည္း ဒီလက္လႊဲေျပာင္းဝယ္ယူမႈအေပၚမွာ စိတ္တိုင္းမက်ျဖစ္ေနၾကတယ္လို႔ ဆိုပါတယ္။
ေပါင္ ၃၀၅ သန္းနဲ႕ အေရာင္းအဝယ္ျဖစ္ခဲ့ကာ စပါး၊ လီဗာပူးလ္၊ ယူနိုက္တက္၊ အာဆင္နယ္တို႔က ေတာ္ေတာ္ေလးဆန႔္က်င္ေနၿပီး ေဆာ္ဒီလုပ္ငန္းစုကို ပရီးမီးယားလိဂ္ဆီမေရာက္လာေစဖို႔ လႈံ႕ေဆာ္မႈမွာ စပါးက အဓိကေနရာကေန ပါဝင္ေနပါတယ္။
က်န္အသင္း ၁၉ သင္းက ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္နဲ႕ ေတြ႕ဆုံေဆြးေႏြး ခ်င္ေနတယ္လို႔သိရၿပိး နယူးကာဆယ္ကို ဝယ္ယူခဲ့မႈအေပၚမွာ ဘာေၾကာင့္ သေဘာတူညီခ်က္ေပးခဲ့ရလဲဆိုတာကို ေမးခြန္းထုတ္ သြားဖို႔ ရွိေနေၾကာင္းလည္း သိရပါတယ္။
နယူးကာဆယ္အသင္းပိုင္ရွင္သစ္ကေတာ့ အသင္းကို ပုံစံေျပာင္းလဲမႈေတြျပဳလုပ္ကာ ဥေရာပအဆင့္မွာပါ ေအာင္ျမင္မႈရဖို႔အထိ ရည္မွန္းထားတယ္လို႔ မေန႕ကပဲ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အသင္းဒါရိုက္တာသစ္ အမ္မန္ဒါစတာဗီေလက
ေျပာဆိုခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ထိပ္တန္းအသင္းတစ္သင္းျဖစ္လာေအာင္ ႀကိဳးစားသြားမယ့္အေၾကာင္းနဲ႕ ဥေရာပမွာပါ ေခါင္းေထာင္လာနိုင္ေအာင္ ျပဳလုပ္သြားဖို႔ ေရရွည္စီမံကိန္းေတြနဲ႕ ေဆာင္႐ြက္သြားမယ္လို႔ လူသိရွင္ၾကားေျပာဆိုခဲ့ပါတယ္။
လီဗာပူးလ္ကင္းေထာက္ခ်ဳပ္ေဟာင္းနဲ႕ အကယ္ဒမီနည္းျပ ဖရန႔္မက္ခ္ပါလန္းကို ေဘာလုံးအႀကံေပးအျဖစ္ နယူးကာဆယ္က ေခၚယူလိုက္ၿပီး ပါလန္းဟာ ဘရန္ဒါေရာ္ဂ်ာ၊ စတီဗင္ဂ်ရတ္တို႔နဲ႕ အနီးကပ္ဆက္သြယ္မႈေတြရွိသူလို႔ သိရပါတယ္။
အဆိုပါလူႏွစ္ဦးဟာ နယူးကာဆယ္နည္းျပသစ္အျဖစ္နဲ႕ စတိဗ္ဘ႐ုစ္ေနရာကို အစားဝင္နိုင္တယ္လို႔ ေရပန္းစားေနၿပီး လက္ရွိမွာ လက္ေထာက္နည္းျပဂ်ရမီဂ်ဳံးစ္က စပါးနဲ႕ပြဲမွာ ယာယီနည္းျပအျဖစ္ တာဝန္ယူဖြယ္ရွိတယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။
ေဆာ္ဒီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ခိုးယူျပသမႈေတြေၾကာင့္ တရားဝင္မိတ္ဖက္အျဖစ္ရွိေနတဲ့ beIN SPORT ကလည္း ေဆာ္ဒီမင္းသားဘင္ဆယ္လ္မန္ရဲ႕ ဝယ္ယူမႈကို ကန႔္ကြက္ဖို႔အတြက္ ျပင္းျပင္းထန္ထန္ႀကိဳးစားခဲ့ဖူးပါတယ္။
ဒါေပမယ့္လည္း ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဘက္က ခြင့္ျပဳခ်က္ေပးခဲ့ၿပီးေနာက္ ေမးခြန္းထုတ္မႈေတြအမ်ားအျပားရွိလာခဲ့ၿပီး က်န္အသင္း ၁၉ သင္းကပါ PIF ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈက လိဂ္ပုံရိပ္ကို ထိခိုက္မယ့္အေပၚ စိုးရိမ္ေနၿပီး အေရးေပၚအစည္းအေဝးေတာင္းဆိုခဲ့တာျဖစ္ပါတယ္။