Spots news

မန်ယူနိုက်တက်ရဲ့ အပယ်ခံကို အငှားဖြင့် ခေါ်ယူရန် ဘာစီလိုနာ ပြင်ဆင်နေ

Unicode Version

စပိန် လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း စပိန်အခြေစိုက် သတင်း မီဒီယာ များက ဖော်ပြထားပါတယ်။

အေဂျက်စ် ကွင်းလယ်လူဟောင်း ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီ အပြောင်းအရွှေ့က မန်ချက်စတာ အသင်းသို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သို့ပေမယ့် ဗန်ဒီဘိခ်ဟာ နည်းပြဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ပွဲကစားခွင့်ရရန်ရုန်းကန်ခဲ့ရပြီး လာမည့်ဇန်နဝါရီမှာ အသင်းမှထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ အေးဂျင့်က ဝန်ခံထားသူ ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားဟာ ၄-၃-၃ ကစားကွက်နဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အသုံးပြုမည်ဟု အေးဂျင့်နှင့် ကစားသမားကိုပါ ကတိက၀တ်ပြုထားပေမယ့် နည်းပြအိုလေက ၄-၂-၃-၁ ကိုသာ ဆက်လက်အသုံးပြု နေတဲ့အတွက် ဗန်ဒီဘိခ်ဟာ ပွဲထွက်ခွင့်လုံး၀ပျောက်ဆုံးနေပြီး အသင်းမှာ မပျော်ရွှင်တော့ကြောင်း သိရပါတယ်။

ထို့ကြောင့် ပြောင်းရွှေ့ကြေး ကန့်သတ်မှုများခံထားရတဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲြ ကွင်းလယ်ပိုင်းကို ထပ်မံ အင်အားဖြည့်ရန်အတွက် ယူနိုက်တက်နှင့် အဆင်မပြေဖြစ်နေတဲ့ နယ်သာလန် ကြယ်ပွင့်ကို ပုံမှန်ကစားခွင့် မက်လုံးပေးကာ ဗန်ဒီဘိခ်အား ကနဦး အနေနဲ့ အငှားဖြင့်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းဟာ ကော်တင်ဟို၊ ဘူးစကွက်စ်၊ ပယ်ဒရီ၊ ဆာဂျီရောဘတ်တို၊ ဒီယွန်း၊ ဂါဗီ၊ ရီကီပွတချ်၊ နီကိုဂွန်ဇာလက်ဇ် တို့ရှိနေတဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ရန် ဆန္ဒရှိနေပြီး ဗန်ဒီဘိခ်အပြင် အန်ဒွမ်ဘီလီ၊ ဖရန့်ကတ်ဆီးနှင့် ဘရိုဇိုဗစ်တို့ကိုလည်း ပစ်မှတ်ထား နေကြောင်း သိရပါတယ်။

Zawgyi Version

စပိန် လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ဖွယရှိနေကြောင်း စပိန်အခြေစိုက် သတင်း မီဒီယာ များက ဖော်ပြထားပါတယ်။



ထို့ကြောင့် ပြောင်းရွှေ့ကြေး ကန့်သတ်မှုများခံထားရတဲ့ ဘာစီလိုနာအသင်းဟာ အသင်းရြဲ ကွင်းလယ်ပိုင်းကို ထပ်မံ အင်အားဖြည့်ရန်အတွက် ယူနိုက်တက်အသင်းနှင့် အဆင်မပြေဖြစ်နေတဲ့ နယ်သာလန်ကြယ်ပွင့်ကို ပုံမှန်ကစားခွင့် မက်လုံးပေးကာ ဗန်ဒီဘိခ်အား ကနဦး အနေနဲ့ အငှားဖြင့်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းဟာ ကော်တင်ဟို၊ ဘူးစကွက်စ်၊ ပယ်ဒရီ၊ ဆာဂျီရောဘတ်တို၊ ဒီယွန်း၊ ဂါဗီ၊ ရီကီပွတခ်ျ၊ နီကိုဂွန်ဇာလက်ဇ် တို့ရှိနေတဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ရန် ဆန္ဒရှိနေပြီး ဗန်ဒီဘိခ်အပြင် အန်ဒွမ်ဘီလီ၊ ဖရန့်ကတ်ဆီးနှင့် ဘရိုဇိုဗစ်တို့ကိုလည်း ပစ်မှတ်ထား နေကြောင်း သိရပါတယ်။