Spots news

Balloon D’ Or ဆုရရှိဖို့ မျှော်လင့်နေပါတယ်ဆိုတဲ့ တိုက်စစ်မှူး ဘန်ဇီမာ

Unicode Version

စပိနိလာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့  ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာဟာ မိမိအနေနဲ့ ငယ်စဉ် ကလေးဘဝကတည်းက Ballon d’Or ဆု (ရွှေဘောလုံးဆု) ကို အရယူနိုင်ရန် အိပ်မက်ထားခဲ့ပြီး တစ်နေ့နေ့မှာ ထိုအိပ်မက်ကို အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူး ဘန်ဇီမာဟာ အသင်းဖော် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို ထွက်ခွာသွားပြီး နောက်ပိုင်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ဂိုးသွင်းအများဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာလည်း အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ကာ သွင်းဂိုးများဖြင့် အဓိက ထမ်းတင်ပေးနေသူ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ ကစားသမား ဘဝမှာ ဆုဖလားအောင်မြင်မှု များစွာရယူနိုင်ခဲ့ဖူး သော်လည်း တစ်ဦးချင်း အမြင့်ဆုံး ဆုတံဆိပ်များကို ရယူနိုင်ခြင်း မရှိသေးသူဖြစ်ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီအတွက် ထုတ်ပြန်ခဲ့တဲ့ Ballon d’Or ဆု ဆန်ခါတင် ကစားသမား ၃၀ ဦးစာရင်းမှာ ပါဝင်ထားသူဖြစ်ကာ Ballon d’Or ဆုနှင့်ပတ်သက်ပြီး သူ့ရဲ့ မျှော်လင့်ချက်ကို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဘန်ဇီမာက ” Ballon d’Or ဆုကိုရယူနိုင်ဖို့ ကျွန်တော်က ကလေးဘဝကတည်းက အိပ်မက်ခဲ့တာပါ။ ဒါဟာ ကစားသမားတိုင်းရဲ့ အိပ်မက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးအတွက်က အသင်းအောင်မြင်မှုက အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ အသင်းကို အောင်မြင်မှုတွေရအောင် ခြေစွမ်းပြကစားပေးပြီး

ဂိုးအများကြီး သွင်းပေးနိုင်ခဲ့မယ်ဆိုရင် ခင်ဗျားအတွက် Ballon d’Or ဆုကိုမျှော်လင့်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အရာအားလုံးကို မျှော်လင့်ချက်တွေနဲ့ ဖြစ်နိုင်သမျှအကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး ကျွန်တော်ငယ်စဉ်ဘဝကတည်းက အိပ်မက်ခဲ့ရတဲ့ Ballon d’Or ဆုကို တစ်နေ့မှာ ရယူနိုင်ပါလိမ့်မယ်” ဟု စပိန်အားကစားသတင်းစာ AS သို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version

စပိနိလာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕  ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဘန္ဇီမာဟာ မိမိအေနနဲ႕ ငယ္စဥ္ ကေလးဘဝကတည္းက Ballon d’Or ဆု (ေ႐ႊေဘာလုံးဆု) ကို အရယူနိုင္ရန္ အိပ္မက္ထားခဲ့ၿပီး တစ္ေန႕ေန႕မွာ ထိုအိပ္မက္ကို အေကာင္အထည္ ေဖာ္နိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီ ျဖစ္တဲ့ တိုက္စစ္မႉး ဘန္ဇီမာဟာ အသင္းေဖာ္ ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒို ထြက္ခြာသြားၿပီး ေနာက္ပိုင္း ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ အဓိက ဂိုးသြင္းအမ်ားဆုံးကစားသမားတစ္ဦး ျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္မွာလည္း အသင္းရဲ႕ တိုက္စစ္ကို အေကာင္းဆုံး ဦးေဆာင္ကာ သြင္းဂိုးမ်ားျဖင့္ အဓိက ထမ္းတင္ေပးေနသူ ျဖစ္ပါတယ္။

ဘန္ဇီမာဟာ ကစားသမား ဘဝမွာ ဆုဖလားေအာင္ျမင္မႈ မ်ားစြာရယူနိုင္ခဲ့ဖူး ေသာ္လည္း တစ္ဦးခ်င္း အျမင့္ဆုံး ဆုတံဆိပ္မ်ားကို ရယူနိုင္ျခင္း မရွိေသးသူျဖစ္ပါတယ္။ ဘန္ဇီမာဟာ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီအတြက္ ထုတ္ျပန္ခဲ့တဲ့ Ballon d’Or ဆု ဆန္ခါတင္ ကစားသမား ၃၀ ဦးစာရင္းမွာ ပါဝင္ထားသူျဖစ္ကာ Ballon d’Or ဆုႏွင့္ပတ္သက္ၿပီး သူ႕ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

ဘန္ဇီမာက ” Ballon d’Or ဆုကိုရယူနိုင္ဖို႔ ကြၽန္ေတာ္က ကေလးဘဝကတည္းက အိပ္မက္ခဲ့တာပါ။ ဒါဟာ ကစားသမားတိုင္းရဲ႕ အိပ္မက္လည္းျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အားလုံးအတြက္က အသင္းေအာင္ျမင္မႈက အေရးအႀကီးဆုံးျဖစ္ပါတယ္။ ဒါေပမဲ့ ခင္ဗ်ားအေနနဲ႕ အသင္းကို ေအာင္ျမင္မႈေတြရေအာင္ ေျခစြမ္းျပကစားေပးၿပီး

ဂိုးအမ်ားႀကီး သြင္းေပးနိုင္ခဲ့မယ္ဆိုရင္ ခင္ဗ်ားအတြက္ Ballon d’Or ဆုကိုေမွ်ာ္လင့္နိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္အေနနဲ႕ အရာအားလုံးကို ေမွ်ာ္လင့္ခ်က္ေတြနဲ႕ ျဖစ္နိုင္သမွ်အေကာင္းဆုံးႀကိဳးစားသြားမွာျဖစ္ၿပီး ကြၽန္ေတာ္ငယ္စဥ္ဘဝကတည္းက အိပ္မက္ခဲ့ရတဲ့ Ballon d’Or ဆုကို တစ္ေန႕မွာ ရယူနိုင္ပါလိမ့္မယ္” ဟု စပိန္အားကစားသတင္းစာ AS သို႔ ေျပာၾကားခဲ့ပါတယ္။