Unicode Version
အာဆင်နယ် အသင်းရဲ့ ကစားသမား အိုဇေး ဟာ ယခု ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ တူရကီကလပ် ဖီနာဖာချီ အသင်းသို့ အလွတ် ပြောင်းရွေ့ကြေး ဖြင့် ပြောင်းရွေ့ တော့မှာ ဖြစ်ပါတယ်။
ဂျာမနီ ကွင်းလယ်လူ ဟာ အာဆင်နယ်ရဲ့ လစာ အများဆုံး ကစားသမား ဖြစ်ပြီး တစ်ပတ်လျှင် ပေါင် ၃၅၀၀၀၀ ရရှိ နေသူပါ။
အိုဇေးသည် အာဆင်နယ် အသင်းမှ ၃ နှစ်အတွင်း အလွတ် ပြောင်းရွေ့ ကြေးဖြင့် လက်လွတ် ခဲ့ရသော ၈ ယောက် မြောက် ကစားသမား ဖြစ်လာ ခဲ့ပြီး ထို ကစားသမား ၈ ယောက် ၏ စုစုပေါင်း တန်ကြေး ကို တွက်ချက်ကြည့် ပါက ပေါင် ၁၄၅ သန်း ခန့် ရှိနေ ပါတယ်။
အသင်းရဲ့ ဘဏ္ဍာရေး ကို အမြဲ စီစစ် သုံးစွဲလေ့ရှိ သော အာဆင်နယ် အသင်း အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ပါတယ်။
ဂျာမနီ ကွင်းလယ်လူ အိုဇေးဟာ ယခု ဇန်နဝါရီမှာ အာဆင်နယ် အသင်းက ပြောင်းရွေ့ခဲ့ ပေမယ့် ကျန်ရှိ နေသော စာချုပ်မှာ ရာသီကုန် ထိ ဖြစ်နေ တာမို့ နောက်ထပ် ခြောက်လစာ ကို အာဆင်နယ် အသင်း ကပဲ ပေးချေ နေရ ဦးမှာ ဖြစ်ပါတယ်
သုံးနှစ် အတွင်း အာဆင်နယ် အသင်းမှ အလွတ် ပြောင်းရွေ့ ပြီး ထွက်ခွာ သွားခဲ့တဲ့ ကစားသမား ၈ ယောက် ကိုစုစည်း တင်ပြ လိုက်ပါတယ်။
မက်သရူးဒီဘူချီ (ပေါင် ၁.၈ သန်း)
ဒီဘူချီသည် အာဆင်နယ် အသင်းမှ စိန့် အေတီယန် အသင်းသို့ အလွတ် ပြောင်းရွေ့ ကြေးဖြင့် ပြောင်းရွေ့ သွားခဲ့သူ ဖြစ်ပါတယ်။
ဒီဘူချီကိုနယူးကာဆယ် မှ အာဆင်နယ် သို့ ခေါ်ယူ ခဲ့စဉ် က ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်း ပေးခဲ့ ရပါတယ်။
ကာဇိုလာ (ပေါင် ၂ သန်း)
လက်ရှိ ကာတာလိဂ်တွင် ကစားနေတဲ့ ကာဇိုလာ ဟာ မာလာဂါ အသင်းမှ ပေါင် ၁၀ သန်း ဖြင့် ပြောင်း ရွေ့လာ ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၈ မှာ ဗီလာ ရီးရဲလ် အသင်းသို့ အလွတ် ပြောင်းရွေ့ကြေး ဖြင့် ထွက်ခွာ သွားခဲ့ပါတယ်။
ရမ်ဆေး (ပေါင် ၃၆ သန်း)
ဂျူဗင်တပ် အသင်းသို့ အလွတ် ပြောင်းရွေ့ကြေး ဖြင့် ထွက်ခွာ ခွင့် ပြုခဲ့သော ကြောင့် အာဆင်နယ် ဟာ ပရိတ်သတ် များ ရဲ့ ဝေဖန်မှု တွေ ရင်ဆိုင် ခဲ့ရပါ သေးတယ်။
ဝီလ်ရှီးယား (ပေါင် ၁၈ သန်း)
အာဆင်နယ် နဲ့ အင်္ဂလန် ရဲ့ အနာဂတ် အဖြစ် သတ်မှတ် ခံခဲ့ရတဲ့ ဂျက်ဝီလ်ရှီးယား ဟာ ကစားသမား ဘဝမှာ ဒဏ်ရာ ပြသနာတွေနဲ့ ရင်ဆိုင် ခဲ့ရပြီး ဆေးရုံ ပေါ်မှာ ရှိနေခဲ့တဲ့ အချိန်က သာ များခဲ့ပါတယ်။
ဝီလ်ရှီးယားဟာ ဝက်စ်ဟမ်းအသင်းမှ စာချုပ် ဖျက်သိမ်းခဲ့ပြီး နောက် ကလပ် အသင်း လက်မဲ့ ဖြစ်နေပါတယ်။
အဲလက်ဆစ်ဆန်းချက်ဇ် (ပေါင် ၆၃ သန်း)
အိုဇေး နဲ့ တွဲဖက်၍ အာဆင်နယ် အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူ ခဲ့တဲ့ ချီလီ ကစားသမားဟာ မန်ယူသို့ အလွတ်ပြောင်း ရွေ့ကြေးဖြင့် ထွက်ခွာ ခဲ့တာ မဟုတ်ပေမယ့် တန်ရာတန်ကြေး မရရှိ ခဲ့တာမို့ အာဆင်နယ် အတွက် နစ်နာခဲ့ပါတယ်။
ဆန်းချက်ဟာ မန်ယူမှာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပဲ ယခု အင်တာမီလန်မှာ ကစား နေပါတယ်။
ဝဲလ်ဘက် (ပေါင် ၁၀ သန်း)
ဝလ်ဘက်ဟာ အာဆင်နယ်မှ အလွတ် ပြောင်းရွှေ့ ကြေးဖြင့် ပြောင်းရွှေ့ ပြီးနောက် ဝတ်ဖို့ သို့ ပြီးခဲ့သည့် ဘောလုံး ရာသီက ရောက်ရှိ ခဲ့ပါတယ် အသက် ၃၀ အရွယ်ရှိ ဝဲလ်ဘက် သည် ယခု ရာသီတွင် ဘရိုက်တန် အသင်း၌ ကစား နေသည်။
မီခီတာရန် (ပေါင် ၁၈ သန်း)
ဆန်းချက်ဇ် ၏ အလဲအထပ် ဖြစ်တဲ့ မန်ယူမှ အာဆင်နယ် သို့ ပြောင်းရွှေ့ ခဲ့သော မီခီတာရန်သည် အာဆင်နယ် တွင် တစ်ရာသီ ကစား ပြီးနောက် ရိုမာသို့ အငှားဖြင့် ပြောင်းရွှေ့ ခဲ့သည်။
ရိုးမားတွင် ခြေစွမ်း ပြခဲ့ပြီး စာချုပ် ကုန်ဆုံးသည့် အခါ ရိုးမား မှာပဲ ဆက်လက် ရှိနေပါ တော့တယ်။
မီဆွတ်အိုဇေး (ပေါင် ၄.၅ သန်း)
အိုဇေး၏ ဇာတ်လမ်းမှာ အာဆင်နယ် ပရိသတ်များ အတွက် ဝမ်းနည်းစရာ ဖြစ်ခဲ့ ရပါတယ်။ ပရိတ်သတ် အကြိုက်ဆုံး ကစားသမား ဖြစ်ပြီး ခြေစွမ်း ကျဆင်းမှုလဲ မရှိခဲ့ပေမယ့် ပြသနာ အနည်းငယ် ကြောင့် အာဆင်နယ်ဟာ အသင်းကို အထိခိုက် မခံပဲ အိုဇေးကို ၂၀၂၀ မတ်လ ကတည်း က အသင်း မှာ ကစားခွင့် မပေ းတော့တာပါ။ အိုဇေးဟာ ဖီနာဖာချီ သို့ အလွတ်ပြောင်းရွေ့သွား တော့ မှာပါ။