Spots news

ဆိုးလ်ရှားအတွက် ဟာလန်းကိုခေါ်ယူပေးဖို့ သဘောတူညီလိုက်တဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် ရေရှည်အတွက် အားကိုးရမယ့် တိုက်စစ်မှူးတစ်ယောက် လိုအပ်လာမယ်ဆိုတာကို အသင်းတာဝန်ရှိသူတွေက ယူဆထားကြပါတယ်။

ယူနိုက်တက်ဟာ ဆန်ချို၊ ဗာရန်း၊ ရော်နယ်ဒိုတို့အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၀၀ ကျော် အသုံးပြုခဲ့ပြီး လာမယ့်နွေရာသီမှာတော့ ဗဟိုတိုက်စစ်မှူးနေရာအတွက် ငွေကြေးအလုံးအရင်း ထပ်မံ သုံးစွဲသွားဖို့ ပြင်ဆင်ထားတာပါ။

ယူနိုက်တက်အနေနဲ့ သူတို့ကာလရှည် စိတ်ဝင်စားခဲ့တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းကိုရော မန်စီးတီးနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနိုင်မလားလို့ ပရိသတ်တွေအကြား မေးခွန်းတွေရှိနေပေမယ့် လက်ရှိအချိန်မှာတော့

အပြောင်းအရွှေ့အတွက် အဓိကျတဲ့ ဒါရိုက်တာ မာတာ့ဖ်နဲ့ ဆိုးလ်ရှားတို့က ဟာလန်းကိုသာ အရခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဆောင်းရာသီတုန်းကလည်း ဟာလန်းကို ဆဲလ်ဘာ့ဂ်ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က အသင်း အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝက်ကိုယ်တိုင် ဟာလန်း၊ အေးဂျင့် ရွိုင်အိုလာတို့နဲ့ ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဟာလန်းက ဒေါ့မွန်ကိုသာ ရွေးချယ်သွားခဲ့တာပါ။

ဟာလန်းဟာ ဒေါ့မွန်ကစားသမားဘဝမှာလည်း ပြိုင်ပွဲစုံ ၆၇ ပွဲကစား၊ ၆၈ ဂိုးသွင်းယူထားပြီး ရော်နယ်ဒို၊ မက်ဆီတို့ အလွန် ဘောလုံးလောကကို ဦးဆောင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

သူ့ရဲ့ ကစားပုံကလည်း ကြံ့ခိုင်မှုအသားပေး ပရီးမီးယားလိဂ်နဲ့ အဆင်ပြေနိုင်ပြီး လာမယ့်နွေရာသီမှာ စာချုပ်ပါ လျော်ကြေး ယူရို ၇၅ သန်းအထိ ကျဆင်းမှာကလည်း အားသာချက်ပါ။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့ကလည်း

ဟာလန်းကိုခေါ်ယူဖို့ ကြိုးစားလာနိုင်ဖွယ်ရှိပြီး ယူနိုက်တက်တို့ ဆိုးလ်ရှားနဲ့ဟာလန်းအကြား ရင်းနှီးတဲ့ဆက်ဆံရေး၊ ရော်နယ်ဒိုရှိနေခြင်း အစရှိတာတွေကို အသုံးချပြီး ဟာလန်းကို အရခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူခဲ့ေပမယ့္ ေရရွည္အတြက္ အားကိုးရမယ့္ တိုက္စစ္မႉးတစ္ေယာက္ လိုအပ္လာမယ္ဆိုတာကို အသင္းတာဝန္ရွိသူေတြက ယူဆထားၾကပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳ၊ ဗာရန္း၊ ေရာ္နယ္ဒိုတို႔အတြက္ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕မွာ ေပါင္သန္း ၁၀၀ ေက်ာ္ အသုံးျပဳခဲ့ၿပီး လာမယ့္ေႏြရာသီမွာေတာ့ ဗဟိုတိုက္စစ္မႉးေနရာအတြက္ ေငြေၾကးအလုံးအရင္း ထပ္မံ သုံးစြဲသြားဖို႔ ျပင္ဆင္ထားတာပါ။

ယူနိုက္တက္အေနနဲ႕ သူတို႔ကာလရွည္ စိတ္ဝင္စားခဲ့တဲ့ စပါးတိုက္စစ္မႉး ဟာရီကိန္းကိုေရာ မန္စီးတီးနဲ႕အၿပိဳင္ ေခၚယူဖို႔ ႀကိဳးစားဖြယ္ ရွိနိုင္မလားလို႔ ပရိသတ္ေတြအၾကား ေမးခြန္းေတြရွိေနေပမယ့္ လက္ရွိအခ်ိန္မွာေတာ့

အေျပာင္းအေ႐ႊ႕အတြက္ အဓိက်တဲ့ ဒါရိုက္တာ မာတာ့ဖ္နဲ႕ ဆိုးလ္ရွားတို႔က ဟာလန္းကိုသာ အရေခၚယူဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ေဆာင္းရာသီတုန္းကလည္း ဟာလန္းကို ဆဲလ္ဘာ့ဂ္ကေန ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။ အဲ့ဒီအခ်ိန္က အသင္းအမႈေဆာင္အရာရွိခ်ဳပ္ အက္ဝုဒ္ဝက္ကိုယ္တိုင္ ဟာလန္း၊ ေအးဂ်င့္ ႐ြိုင္အိုလာတို႔နဲ႕ ေဆြးေႏြးခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ဟာလန္းက ေဒါ့မြန္ကိုသာ ေ႐ြးခ်ယ္သြားခဲ့တာပါ။

ဟာလန္းဟာ ေဒါ့မြန္ကစားသမားဘဝမွာလည္း ၿပိဳင္ပြဲစုံ ၆၇ ပြဲကစား၊ ၆၈ ဂိုးသြင္းယူထားၿပီး ေရာ္နယ္ဒို၊ မက္ဆီတို႔ အလြန္ ေဘာလုံးေလာကကို ဦးေဆာင္နိုင္လိမ့္မယ္လို႔ ခန့္မွန္းထားၾကပါတယ္။

သူ႕ရဲ႕ ကစားပုံကလည္း ႀကံ့ခိုင္မႈအသားေပး ပရီးမီးယားလိဂ္နဲ႕ အဆင္ေျပနိုင္ၿပီး လာမယ့္ေႏြရာသီမွာ စာခ်ဳပ္ပါ ေလ်ာ္ေၾကး ယူရို ၇၅ သန္းအထိ က်ဆင္းမွာကလည္း အားသာခ်က္ပါ။ ဒါေပမယ့္ ရီးရဲယ္မက္ဒရစ္နဲ႕ PSG တို႔ကလည္း

ဟာလန္းကိုေခၚယူဖို႔ ႀကိဳးစားလာနိုင္ဖြယ္ရွိၿပီး ယူနိုက္တက္တို႔ ဆိုးလ္ရွားနဲ႕ဟာလန္းအၾကား ရင္းႏွီးတဲ့ဆက္ဆံေရး၊ ေရာ္နယ္ဒိုရွိေနျခင္း အစရွိတာေတြကို အသုံးခ်ၿပီး ဟာလန္းကို အရေခၚယူနိုင္မလား ေစာင့္ၾကည့္ရမွာပါ။