Spots news
လင်ဂတ်ကို ခေါ်ယူမယ့် နယူးကာဆယ် ၊ ပေါ့ဘာကို ခေါ်ချင်တဲ့ ဂျူဗင်နဲ့ သတင်းတိုများ
Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်စ် အတွက် စာချုပ်သက်တမ်း ထပ်မံတိုးမြင့်နိုင်ရန်အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက အသင်းဘုတ်အဖွဲ့က ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ကစားသမားရဲ့ စာချုပ်စာတမ်း နှင့် လစာကိစ္စများနှင့် ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ စာချုပ်သက်တမ်း ထပ်မံတိုးမြင့်မယ့် ကစားသမားများ စာရင်းမှာ အသင်းရဲ့ အဓိက ဘယ်အစွန် ခံစစ်ကစားသမား လုရှော လည်းပါဝင်ပြီး ပေါ့ဘာ ရဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုမှု ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သိရပါတယ်။
ပိုင်ရှင်သစ်နဲ့ လက်တွဲခဲ့တဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းဟာ လာမယ့်အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်တ်နဲ့ ဘန်လေအသင်းရဲ့ အဓိကနောက်ခံလူ တာကောစကီးတို့ကို အရခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်
WhoScored သတင်းဌာနမှရွေးချယ် သည့် အောက်တိုဘာလ 8 ရက်နေ့မှ 9 ရက်နေ့အထိ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဥ် အပြီး အကောင်းဆုံးပွဲထွက် လူစာရင်းတွင် မန်ချက်စတာ ယူနိုက်တက်မှ တောင်ပံကစားသမား ဆန်ချို (အင်္ဂလန်) ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ အသင်းဟောင်း ဂျူဗင်တပ်က ပြန်လည် စိတ်ဝင်စားမှု ပြသနေပြီလို့ သိရပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်ဟာ ကွင်းလယ်လူ ဗန်ဒီဘိခ် ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ စပိန် ထိပ်သီး ဘာစီလိုနာ အသင်းဟာလည်း နယ်သာလန်သားကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက််နေခဲ့ပါတယ်။
Zawgyi Version
ယူနိုက်တက်ရဲ့ စာချုပ်သက်တမ်း ထပ်မံတိုးမြင့်မယ့် ကစားသမားများ စာရင်းမှာ အသင်းရဲ့ အဓိက ဘယ်အစွန် ခံစစ်ကစားသမား လုရှော လည်းပါဝင်ပြီး ပေါ့ဘာ ရဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုမှု ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်းသိရသည်။
ပိုင်ရှင်သစ်နဲ့ လက်တွဲခဲ့တဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းဟာ လာမယ့်အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်တ်နဲ့ ဘန်လေအသင်းရဲ့ အဓိကနောက်ခံလူ တာကောစကီးတို့ကို အရခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်