Spots news

အသင်းရဲ့တိုက်စစ်အတွက် အသင်းဖော်ဟောင်း ချီယေဆာကို ခေါ်စေချင်တဲ့ ရော်နယ်ဒို

Unicode Version

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို အသင်းဟောင်း ဂျူဗင်တပ်အသင်းရဲ့ ကစားသမားတွေနဲ့ ယခုအချိန်ထိ အဆက်သွယ်ရှိ နေပြီး သူဟာ ယူနိုက်တက် အသင်းကို

တိုက်စစ် အင်အား ဖြည့်တင်းမှု အဖြစ် ဂျူဗင်တပ် အသင်းဖော်ဟောင်း အီတလီ နိုင်ငံသား ချီယေဆာ ယူနိုက်တက်အသင်းကို ခေါ်ယူလို နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အီတလီလက်ရွေးစင် တိုက်စစ်မှူး ချီ‌ယေဆာဟာ ဂျုဗင်တပ် အသင်းရဲ့ အဓိကကစားသမား တဦးလဲဖြစ်နေပြီး သူ့ကိုခေါ်ယူလိုတဲ့ ဥရောပ ထိပ်သီးကလပ်

များစွာ ရှိနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်လ်ဆီးအသင်းကလဲ ချီယေဆာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်

 

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ချီယေဆာရဲ့ လက်ရှိ ပြောင်းရွေ့ကြေးဟာ ယူရို သန်း ၅၀ ဝန်းကျင်ရှိနေပြီး အပြိုင်အဆိုင် ခေါ်ယူလိုတဲ့ အသင်း များပြားလာပါက

တန်ကြေး မြင့်တက် လာဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ကာလအတွင်း အင်အား ဖြည့်တင်းမှု အဖြစ်

ရော်နယ်ဒို၊ ဆန်ချိုစတဲ့ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူ အင်အား ဖြည့်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက အားနည်းချက်တွေရှိနေပြီး ဂိုးရဖို့က

ရော်နယ်ဒို တစ်ဦးတည်းကိုသာ အားကိုးနေရသလို ဖြစ်နေပါတယ်။ အဲဒါကြောင့် ရော်နယ်ဒိုဟာ ချီယေဆာကို ခေါ်ယူလိုစေချင် နေတာ ဖြစ်ပါတယ်။

ချီယေဆာဟာ ကစားပုံ လျင်မြန်ပြီး အကြောက်အလန့် မရှိ သလို နိုင်ငံအသင်းမှာလဲ စွမ်းဆောင်ရည် ကောင်းတွေပြသထားပြီး လုပ်အားနှုန်း ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဇန်နဝါရီမှာ အသင်းရဲ့ တိုက်စစ်ကစားသမား တစ်ဦးကို လက်လွှတ်ခဲ့ရပါက ချီယေဆာကို ပစ်မှတ်ထား ခေါ်ယူဖွယ် ရှိပါတယ်

Zawgyi Version

ယူနိုက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒို အသင္းေဟာင္း ဂ်ဴဗင္တပ္အသင္းရဲ႕ ကစားသမားေတြနဲ႕ ယခုအခ်ိန္ထိ အဆက္သြယ္ရွိ ေနၿပီး သူဟာ ယူနိုက္တက္အသင္းကို

တိုက္စစ္ အင္အား ျဖည့္တင္းမႈ အျဖစ္ ဂ်ဴဗင္တပ္ အသင္းေဖာ္ေဟာင္း အီတလီ နိုင္ငံသား ခ်ီေယဆာ ယူနိုက္တက္အသင္းကို ေခၚယူလို ေနတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ အီတလီလက္ေ႐ြးစင္ တိုက္စစ္မႉး ခ်ီ‌ေယဆာဟာ ဂ်ဳဗင္တပ္ အသင္းရဲ႕ အဓိကကစားသမား တဦးလဲျဖစ္ေနၿပီး သူ႕ကိုေခၚယူလိုတဲ့ ဥေရာပ ထိပ္သီးကလပ္

မ်ားစြာ ရွိေနတာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းကလဲ ခ်ီေယဆာကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္

အသက္ ၂၃ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ခ်ီေယဆာရဲ႕ လက္ရွိ ေျပာင္းေ႐ြ႕ေၾကးဟာ ယူရို သန္း ၅၀ ဝန္းက်င္ရွိေနၿပီး အၿပိဳင္အဆိုင္ ေခၚယူလိုတဲ့ အသင္း မ်ားျပားလာပါက

တန္ေၾကး ျမင့္တက္ လာဖြယ္ ရွိေနပါတယ္။ ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕ ကာလအတြင္း အင္အား ျဖည့္တင္းမႈ အျဖစ္

ေရာ္နယ္ဒို၊ ဆန္ခ်ိဳစတဲ့ နာမည္ေက်ာ္ကစားသမားေတြကို ေခၚယူ အင္အား ျဖည့္ခဲ့ေပမယ့္ တိုက္စစ္ပိုင္းက အားနည္းခ်က္ေတြရွိေနၿပီး ဂိုးရဖို႔က

ေရာ္နယ္ဒို တစ္ဦးတည္းကိုသာ အားကိုးေနရသလို ျဖစ္ေနပါတယ္။ အဲဒါေၾကာင့္ ေရာ္နယ္ဒိုဟာ ခ်ီေယဆာကို ေခၚယူလိုေစခ်င္ ေနတာ ျဖစ္ပါတယ္။

ခ်ီေယဆာဟာ ကစားပုံ လ်င္ျမန္ၿပီး အေၾကာက္အလန့္ မရွိ သလို နိုင္ငံအသင္းမွာလဲ စြမ္းေဆာင္ရည္ ေကာင္းေတြျပသထားၿပီး လုပ္အားႏႈန္း ေကာင္းမြန္တဲ့ ကစားသမား တစ္ဦး ျဖစ္ပါတယ္။

ယူနိုက္တက္အေနနဲ႕ ဇန္နဝါရီမွာ အသင္းရဲ႕ တိုက္စစ္ကစားသမား တစ္ဦးကို လက္လႊတ္ခဲ့ရပါက ခ်ီေယဆာကို ပစ္မွတ္ထား ေခၚယူဖြယ္ ရွိပါတယ္