Spots news

မက်ဂွိုင်းယား ဒဏ်ရာရနေချိန် ဗာရန်းပါ ဒဏ်ရာရသွားပြန်တဲ့ ယူနိုက်တက်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ Nations League ဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်းဟာ စပိန်ရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် တိုက်စစ်မှူး ဘန်ဇီမာ နဲ့ အမ်ဘာပေတို့ရဲ့ သွင်းဂိုးများဖြင့် ၂−၁ ဂိုး နဲ့ စပိန်အသင်းကို

အနိုင်ရပြီး ဗိုလ်စွဲ သွားခဲ့ပါတယ်။ ချန်ပီယံ ပြင်သစ်ကတော့ ကမ္ဘာ့ဖလား ယူရိုဖလား နေးရှင်းစ်လိဂ်ဖလားအားလုံးကို သိမ်းပိုက်ရယူနိုင်တဲ့ ပထမဆုံးသော အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ပေါဘာ နဲ့ နောက်ခံလူ ဗာရန်းတို့ ပွဲထွက် ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး တိုက်စစ်မှူး အန်သိုနီ မာရှယ်ကတော့ အရန်လူစာရင်းမှာ

ပါဝင်လာပါတယ်။ ပွဲချိန် မိနစ် ၄၀ ကျော်မှာတော့ နောက်ခံလူ ဗာရန်းဟာ ပြိုင်ဘက်အသင်းရဲ့ ဘောလုံးအသင်းကို ဖျက်ထုတ်ရင်းကနေ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။

ဗာရန်းရဲ့ ဒဏ်ရာအခြေအနေကတော့ ပြင်းထန်ပုံမရပေမယ့်လည်း အသေးစိတ်ကိုတော့ ဒီနေ့မှသာ သိရမယ့် သဘောရှိပါတယ်။ မန်ယူနိုက်တက် အသင်းဟာ လာမယ့် စနေနေ့မှာ လက်စတာအသင်းနဲ့

အဝေးကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဥ် သွားရောက်ယှဥ်ပြိုင်ဖို့ ရှိနေတာကြောင့် ဗာရန်းအနေနဲ့ အဆိုပါ ပွဲကို ပါဝင်မှာလား ၊ လွဲချော်မှာလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရတော့မှာပါ။

Zawgyi Version

မေန႕ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ Nations League ဗိုလ္လုပြဲမွာေတာ့ ျပင္သစ္အသင္းဟာ စပိန္ရဲ႕ ဦးေဆာင္မႈကို ခံခဲ့ရေပမယ့္ တိုက္စစ္မႉး ဘန္ဇီမာ နဲ႕ အမ္ဘာေပတို႔ရဲ႕ သြင္းဂိုးမ်ားျဖင့္ ၂−၁ ဂိုး နဲ႕ စပိန္အသင္းကို

အနိုင္ရၿပီး ဗိုလ္စြဲ သြားခဲ့ပါတယ္။ ခ်န္ပီယံ ျပင္သစ္ကေတာ့ ကမာၻ႔ဖလား ယူရိုဖလား ေနးရွင္းစ္လိဂ္ဖလားအားလုံးကို သိမ္းပိုက္ရယူနိုင္တဲ့ ပထမဆုံးေသာ အသင္းတစ္သင္း ျဖစ္လာခဲ့ပါတယ္။

ဒီပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ကြင္းလယ္လူ ေပါဘာ နဲ႕ ေနာက္ခံလူ ဗာရန္းတို႔ ပြဲထြက္ ကစားသမားအျဖစ္ ပါဝင္လာခဲ့ၿပီး တိုက္စစ္မႉး အန္သိုနီ မာရွယ္ကေတာ့ အရန္လူစာရင္းမွာ

ပါဝင္လာပါတယ္။ ပြဲခ်ိန္ မိနစ္ ၄၀ ေက်ာ္မွာေတာ့ ေနာက္ခံလူ ဗာရန္းဟာ ၿပိဳင္ဘက္အသင္းရဲ႕ ေဘာလုံးအသင္းကို ဖ်က္ထုတ္ရင္းကေန ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ လူစားလဲခဲ့ရပါတယ္။

ဗာရန္းရဲ႕ ဒဏ္ရာအေျခအေနကေတာ့ ျပင္းထန္ပုံမရေပမယ့္လည္း အေသးစိတ္ကိုေတာ့ ဒီေန႕မွသာ သိရမယ့္ သေဘာရွိပါတယ္။ မန္ယူနိုက္တက္ အသင္းဟာ လာမယ့္ စေနေန႕မွာ လက္စတာအသင္းနဲ႕

အေဝးကြင္းမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ သြားေရာက္ယွဥ္ၿပိဳင္ဖို႔ ရွိေနတာေၾကာင့္ ဗာရန္းအေနနဲ႕ အဆိုပါ ပြဲကို ပါဝင္မွာလား ၊ လြဲေခ်ာ္မွာလား ဆိုတာကေတာ့ ဆက္လက္ ေစာင့္ၾကည့္ရေတာ့မွာပါ။