Spots news

ဒမ်ဘီလီကို အလွတ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ လီဗာပူးနဲ့ မန်ယူနိုက်တက်

Unicode Version

ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ် ကစားသမား အူစမန်ဒမ်ဘီလီကို အချိန်ကာလများစွာ ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီကို မြောက်များစွာသော ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင် ၁၃၈ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးဖို့ထက် ဒဏ်ရာတွေကြောင့်သာ အသင်းမှာ ဆေးကုသနေချိန်က ပိုများနေရတာ ဖြစ်ပါတယ်။

အခုဆိုရင် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ပါ စာချုပ်သက်တမ်းက သိပ်မကျန်ရှိတော့သလို ဒမ်ဘီလီလို ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ ကစားသမားမျိုးကိုလည်း ဘာစီလိုနာဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ တွန့်ဆုတ်နေတာကြောင့် ဒီအခြေအနေတွေကို လီဗာပူးနဲ့ ယူနိုက်တက်တို့က ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီကို လီဗာပူးအသင်းက အတော်လေးကို စိတ်ဝင်စားလျက်ရှိနေပြီး နည်းပြ ယာဂန်ကလော့ပ်ကိုယ်တိုင် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒမ်ဘီလီကို ထည့်သွင်းချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူး နဲ့အပြိုင် ဒမ်ဘီလီကို ယူနိုက်တက်အသင်းကလည်း အလိုရှိနေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူနိုင်မယ်ဆိုရင် ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

ဒမ်ဘီလီကို စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ် ဂျာမန်ဘွန်ဒစ်လီဂါရဲ့ အင်အားအကြီးမားဆုံးအသင်း ဘိုင်ယန်မြူးနစ်တို့ကလည်း စောင့်ကြည့်လျက်ရှိနေသလို ပိုင်ရှင်သစ်လက်အောက်မှာ ငွေကြေးသုံးစွဲမှုများစွာ လုပ်ဆောင်သွားဖွယ် ရှိနေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းကလည်း ဒမ်ဘီလီကိုရော သူရဲ့ ဘာစီအသင်းဖော် ကော်တင်ဟိုကိုပါ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ တိုက္စစ္ ကစားသမား အူစမန္ဒမ္ဘီလီကို အခ်ိန္ကာလမ်ားစြာ ပစ္မွတ္ထား ေစာင့္ၾကည့္ေနတဲ့ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းကလပ္အသင္းေတြျဖစ္တဲ့ လီဗာပူးနဲ႕ မန္ခ်က္စတာယူနိုက္တက္ အသင္းတို႔ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူသြားဖို႔အတြက္ အၿပိဳင္အဆိုင္ စိတ္ဝင္စားေနတယ္လို႔ သိရွိရပါတယ္။

ဒမ္ဘီလီဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္းက ေဒါ့မြန္ကေန ဘာစီလိုနာအသင္းဆီကို ေျမာက္မ်ားစြာေသာ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ျဖစ္တဲ့ ေပါင္ ၁၃၈ သန္းနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းအတြက္ အေကာင္းဆုံး စြမ္းေဆာင္ေပးဖို႔ထက္ ဒဏ္ရာေတြေၾကာင့္သာ အသင္းမွာ ေဆးကုသေနခ်ိန္က ပိုမ်ားေနရတာ ျဖစ္ပါတယ္။

အခုဆိုရင္ ဒမ္ဘီလီဟာ ဘာစီလိုနာအသင္းနဲ႕ပါ စာခ်ဳပ္သက္တမ္းက သိပ္မက်န္ရွိေတာ့သလို ဒမ္ဘီလီလို ဒဏ္ရာေတြနဲ႕ လုံးပန္းေနရတဲ့ ကစားသမားမ်ိဳးကိုလည္း ဘာစီလိုနာဘက္ကေန စာခ်ဳပ္သက္တမ္းတိုးဖို႔ တြန႔္ဆုတ္ေနတာေၾကာင့္ ဒီအေျခအေနေတြကို လီဗာပူးနဲ႕ ယူနိုက္တက္တို႔က ပစ္မွတ္ထားလာခဲ့တာ ျဖစ္ပါတယ္။

ဒမ္ဘီလီကို လီဗာပူးအသင္းက အေတာ္ေလးကို စိတ္ဝင္စားလ်က္ရွိေနၿပီး နည္းျပ ယာဂန္ကေလာ့ပ္ကိုယ္တိုင္ အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ဒမ္ဘီလီကို ထည့္သြင္းခ်င္ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ လီဗာပူး နဲ႕အၿပိဳင္ ဒမ္ဘီလီကို ယူနိုက္တက္အသင္းကလည္း အလိုရွိေနၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕သာ ေခၚယူနိုင္မယ္ဆိုရင္ ကမ္းလွမ္းလာဖြယ္ ရွိေနပါတယ္။

ဒမ္ဘီလီကို စီးရီးေအ ထိပ္သီးကလပ္ ဂ်ဳဗင္တပ္စ္ ဂ်ာမန္ဘြန္ဒစ္လီဂါရဲ႕ အင္အားအႀကီးမားဆုံးအသင္း ဘိုင္ယန္ျမဴးနစ္တို႔ကလည္း ေစာင့္ၾကည့္လ်က္ရွိေနသလို ပိုင္ရွင္သစ္လက္ေအာက္မွာ ေငြေၾကးသုံးစြဲမႈမ်ားစြာ လုပ္ေဆာင္သြားဖြယ္ ရွိေနတဲ့ နယူးကာဆယ္ယူနိုက္တက္အသင္းကလည္း ဒမ္ဘီလီကိုေရာ သူရဲ႕ ဘာစီအသင္းေဖာ္ ေကာ္တင္ဟိုကိုပါ ေခၚယူသြားဖြယ္ ရွိေနပါတယ္။