Spots news

ဂျော်ဂျင်ဟိုသာ ရွှေဘောလုံးဆု ရရှိသင့်ကြောင်း နည်းပြတူချယ်လ် ထောက်ခံ

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ်လ်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရသင့်ကြောင်း ထောက်ခံစကား ပြောကြားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ် ဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့သလို အီတလီအသင်းရဲ့ ယူရို၂၀၂၀ အောင်ပွဲမှာလည်း အဓိက ကျခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စုစုပေါင်း ၄၃ပွဲ ကစားခဲ့ရာ သွင်းဂိုး ၈ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် သူ ပါဝင် ကစားတဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းနဲ့ အီတလီအသင်းတို့ရဲ့ ကစားပုံဟာ ပိုမို ကောင်းမွန်လာသလို တဖက်အသင်းရဲ့ ကစားကွက်ကိုလည်း ထိန်းချုပ်နိုင်လေ့ ရှိပါတယ်။

ဂျော်ဂျင်ဟိုဟာ မက်ဆီ ၊ လီဝမ်ဒေါစကီးတို့နဲ့ အပြိုင် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေပြီး အီတလီအသင်းရဲ့ နည်းပြဖြစ်သူ မန်စီနီက ဂျော်ဂျင်ဟိုဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ချီးကျူးထားသလို ချယ်လ်ဆီးရဲ့ နည်းပြ တူချယ်လ်က ဂျော်ဂျင်ဟိုဟာ ရွှေဘောလုံးဆု ရသင့်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ထောက်ခံလာပါတယ်။

ဂျော်ဂျင်ဟို တယောက် ရွှေဘောလုံးဆုနဲ့ ထိုက်တန်မှု ရှိကြောင်းကို တူချယ်လ်က  “ဂျော်ဂျင်ဟိုက ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမားပါ။ သူက အရမ်း ဉာဏ်ကောင်းတဲ့ ကစားသမား တဦး ဖြစ်သလို သူ့ကို နည်းပြခွင့် ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပျဖစ္သူ ေသာမတ္စ္ တူခ်ယ္လ္ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ ေပးအပ္ ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုကို ရသင့္ေၾကာင္း ေထာက္ခံစကား ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၉ႏွစ္ အ႐ြယ္ အီတလီ လက္ေ႐ြးစင္ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ ဆုဖလား ရရွိေအာင္ ကူညီေပးနိုင္ခဲ့သလို အီတလီအသင္းရဲ႕ ယူရို၂၀၂၀ ေအာင္ပြဲမွာလည္း အဓိက က်ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ စုစုေပါင္း ၄၃ပြဲ ကစားခဲ့ရာ သြင္းဂိုး ၈ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့ေပမယ့္ သူ ပါဝင္ ကစားတဲ့ ပြဲစဥ္ေတြမွာ ခ်ယ္လ္ဆီးအသင္းနဲ႕ အီတလီအသင္းတို႔ရဲ႕ ကစားပုံဟာ ပိုမို ေကာင္းမြန္လာသလို တဖက္အသင္းရဲ႕ ကစားကြက္ကိုလည္း ထိန္းခ်ဳပ္နိုင္ေလ့ ရွိပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ မက္ဆီ ၊ လီဝမ္ေဒါစကီးတို႔နဲ႕ အၿပိဳင္ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းစားေနၿပီး အီတလီအသင္းရဲ႕ နည္းျပျဖစ္သူ မန္စီနီက ေဂ်ာ္ဂ်င္ဟိုဟာ ေ႐ႊေဘာလုံးဆုနဲ႕ ထိုက္တန္သူ ျဖစ္ေၾကာင္း ခ်ီးက်ဴးထားသလို ခ်ယ္လ္ဆီးရဲ႕ နည္းျပ တူခ်ယ္လ္က ေဂ်ာ္ဂ်င္ဟိုဟာ ေ႐ႊေဘာလုံးဆု ရသင့္တဲ့ ကစားသမား တဦး ျဖစ္ေၾကာင္း ေထာက္ခံလာပါတယ္။

ေဂ်ာ္ဂ်င္ဟို တေယာက္ ေ႐ႊေဘာလုံးဆုနဲ႕ ထိုက္တန္မႈ ရွိေၾကာင္းကို တူခ်ယ္လ္က  “ေဂ်ာ္ဂ်င္ဟိုက ေ႐ႊေဘာလုံးဆုနဲ႕ ထိုက္တန္တဲ့ ကစားသမားပါ။ သူက အရမ္း ဉာဏ္ေကာင္းတဲ့ ကစားသမား တဦး ျဖစ္သလို သူ႕ကို နည္းျပခြင့္ ရတဲ့ အတြက္ ေပ်ာ္႐ႊင္မိပါတယ္” ဆိုၿပီး ေျပာၾကားခဲ့တာပါ။