Spots news

လက်စတာနဲ့ ပွဲစဉ်မှာ ဘိုင်လီ နဲ့ လင်ဒီလောဖ့်ကို ပွဲထုတ်ရဖွယ်ရှိနေတဲ့ မန်ယူနဲ့ သတင်းတိုများ

Unicode Version

စပိန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ဗိုလ်လုပွဲမှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ နောက်ခံလူ ဗာရန်းရဲ့ ဒဏ်ရာ ပြင်းထန်မှု အခြေအနေကို လက်ရှိအချိန်ထိ မသိရသေးပါဘူး။ ဗာရန်းဟာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ယူနိုက်တက် အနေနဲ့ ဗာရန်း ရဲ့ ဒဏ်ရာကို ကာရင်တန် သို့ ပြန်လည် ရောက်ရှိမှ အတည်ပြု နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ၁၆ ရက်နေ့မှာ လက်စတာ နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး လက်ရှိ အချိန်မှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယား အနေနဲ့ နောက်ဆုံးပွဲစဉ် နှစ်ပွဲမှာ ခြေချင်းဝတ် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး ဗာရန်း နှင့် လင်ဒီလော့ တို့ တွဲပြီး ပွဲထွက်ခဲ့ရပါတယ်။

ယခုလို ဗာရန်း ရဲ့ ဒဏ်ရာ အ‌ခြေအနေကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အနေနဲ့ ဗဟိုနောက်ခံလူ နေရာမှာ ရွေးချယ်ဖို့ အခက်အခဲ ဖြစ်နိုင်ဖွယ် ရှိပြီး လက်ရှိအနေအထားအရ လက်စတာ နှင့် ကန်မယ့် အဝေးကွင်းပွဲမှာ လင်ဒီလော့ နှင့် အဲရစ် ဘိုင်လီ အား ပွဲထုတ်ဖွယ် ရှိနေပါတယ်။

ပြင်သင်ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို တစ်နှစ်လုပ်ခ ယူရို ၂၈ သန်းဖြင့်ကမ်းလှမ်းလာဖွယ်ရှိကြောင်း သိရပါတယ်။ ပေါဘာနဲ့ နှင့် ယူနိုက်တက်တို့ အကြား စာချုပ်သက်တမ်းဟာ ၈ လခန့်သာကျန်ရှိနေပြီး ဇွန်လ ၃၀ ရက် ၂၀၂၂ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်မှာ ဒါဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ယူနိုက်တက် လူငယ်ကြယ်ပွင့် အာမက် ဒီယာလို ကို နွေရာသီအပြောင်းအရွေ့တုန်းက ခေါ်ယူဖို့ကြိုးစားဖူးတဲ့ ဖီယင်နု အသင်းဟာ အခုလာမယ့် ဇန်နဝါရီအပြောင်းအရွေ့မှာ ထပ်မံကြိုးစားလာမှာဖြစ်ကြောင်း သိရပါတယ်။

တကယ်လို့ ယူနိုက်တက် သာ အာမက်ကို လာမယ့် ဆောင်းရာသီမှာ အငှားထွက်ခွာဖို့ ခွင့်ပြုလိုက်မယ်ဆိုရင်တော့ အာမက်ကိုခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ချန်ပီယံရှစ် ကလပ်အသင်းဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက် အသင်းလည်းပါဝင်လာပါလိမ့်မယ်။

Zawgyi Version

စပိန္အသင္းႏွင့္ ယွဥ္ၿပိဳင္ခဲ့ေသာ ဗိုလ္လုပြဲမွာ ဒဏ္ရာ ရရွိ ခဲ့တဲ့ ေနာက္ခံလူ ဗာရန္းရဲ႕ ဒဏ္ရာ ျပင္းထန္မႈ အေျခအေနကို လက္ရွိအခ်ိန္ထိ မသိရေသးပါဘူး။ ဗာရန္းဟာ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရၿပီး ယူနိုက္တက္ အေနနဲ႕ ဗာရန္း ရဲ႕ ဒဏ္ရာကို ကာရင္တန္ သို႔ ျပန္လည္ ေရာက္ရွိမွ အတည္ျပဳ နိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

ယူနိုက္တက္ဟာ ၁၆ ရက္ေန႕မွာ လက္စတာ နဲ႕ အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားဖို႔ ရွိေနၿပီး လက္ရွိ အခ်ိန္မွာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိုင္းယား အေနနဲ႕ ေနာက္ဆုံးပြဲစဥ္ ႏွစ္ပြဲမွာ ေျခခ်င္းဝတ္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရၿပီး ဗာရန္း ႏွင့္ လင္ဒီေလာ့ တို႔ တြဲၿပီး ပြဲထြက္ခဲ့ရပါတယ္။

ယခုလို ဗာရန္း ရဲ႕ ဒဏ္ရာ အ‌ေျခအေနေၾကာင့္ ယူနိုက္တက္ နည္းျပ ဆိုးလ္ရွား အေနနဲ႕ ဗဟိုေနာက္ခံလူ ေနရာမွာ ေ႐ြးခ်ယ္ဖို႔ အခက္အခဲ ျဖစ္နိုင္ဖြယ္ ရွိၿပီး လက္ရွိအေနအထားအရ လက္စတာ ႏွင့္ ကန္မယ္ါ အေဝးကြင္းပြဲမွာ လင္ဒီေလာ့ ႏွင့္ အဲရစ္ ဘိုင္လီ အား ပြဲထုတ္ဖြယ္ ရွိေနပါတယ္။

ျပင္သင္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီ အသင္းဟာ ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာကို တစ္ႏွစ္လုပ္ခ ယူရို ၂၈ သန္းျဖင့္ကမ္းလွမ္းလာဖြယ္ရွိေၾကာင္း သိရပါတယ္။ ေပါဘာနဲ႕ ႏွင့္ ယူနိုက္တက္တို႔ အၾကား စာခ်ဳပ္သက္တမ္းဟာ ၈ လခန႔္သာက်န္ရွိေနၿပီး ဇြန္လ ၃၀ ရက္ ၂၀၂၂ မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမည္ ျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္မွာ ဒါဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္တဲ့ ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ အာမက္ ဒီယာလို ကို ေႏြရာသီအေျပာင္းအေ႐ြ႕တုန္းက ေခၚယူဖို႔ႀကိဳးစားဖူးတဲ့ ဖီယင္ႏု အသင္းဟာ အခုလာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ ထပ္မံႀကိဳးစားလာမွာျဖစ္ေၾကာင္း သိရပါတယ္။

တကယ္လို႔ ယူနိုက္တက္ သာ အာမက္ကို လာမယ့္ ေဆာင္းရာသီမွာ အငွားထြက္ခြာဖို႔ ခြင့္ျပဳလိုက္မယ္ဆိုရင္ေတာ့ အာမက္ကိုေခၚယူခ်င္တဲ့ အသင္းေတြထဲမွာ ခ်န္ပီယံရွစ္ ကလပ္အသင္းျဖစ္တဲ့ ရွက္ဖီးလ္ယူနိုက္တက္ အသင္းလည္းပါဝင္လာပါလိမ့္မယ္။