Spots news

လင်ဂတ် ၊ဒက်ကလန်ရိုက်စ်နဲ့ စတာလင်တို့ကို ခေါ်ယူဖို့ နယူးကာဆယ်ကို ဖာဒီနန်ပြော

Unicode Version

မန်ယူနိုက်တက်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ရီယိုဖာဒီနန်ကတော့ ပိုင်ရှင်သစ်တွေရဲ့ လက်ထက်မှာ ငွေအလုံးအရင်းနဲ့ အင်အား ဖြည့်တင်းမယ့် နယူးကာဆယ် အသင်းအနေနဲ့ အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ ရာဟင်စတာလင် ဒက်ကလန်ရိုက်စ်နဲ့ ဂျက်ဆီလင်ဂတ်တို့ကို အသင်းအတွက် အရခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ပိုင်ရှင်သစ်လက်အောက် စတင်ရောက်ရှိပြီးကတည်းက နာမည်ကျော် ဘောလုံးသမားတွေနဲ့ နေ့စဉ်ရက်ဆက် သတင်းတွေ ထွက်ပေါ်လျက်ရှိနေတာဖြစ်ပြီး ဖာဒီနန်ကိုယ်တိုင်ကလည်း နယူးကာဆယ် ပိုင်ရှင်သစ်တွေအနေနဲ့ အသင်းကို အင်္ဂလန်ကြယ်ပွင့် ကစားသမားတွေနဲ့ သွေးသစ်လောင်း သင့်ကြောင်း ပြောဆိုလိုက် တာပါ။

ပရီးမီးယားလိဂ် အတွေ့အကြုံရင့် အင်္ဂလန် ကစားသမားတွေ ဖြစ်တဲ့ စတာလင် ရိုက်စ်နဲ့ လင်ဂတ်တို့လို ကစားသမားတွေကို ခေါ်ယူသင့်ကြောင်း အကြံပြု ပြောဆိုလို့သွားခဲ့ပါတယ်။ ဖာဒီိနန်က ဘာပေ ၊ ဟာလန်းကဲ့သို့ ဈေးကြပေးဝယ်ရမယ့် ပြည်ပလိဂ်က နာမည်ကျော် ကြယ်ပွင့်တွေထက် လိဂ်အတွေ့အကြုံရင့် အင်္ဂလန်ဒေသတွင်း ကစားသမားတွေကိုသာ ဦးစားပေးခေါ်ယူဖို့ အကြံပေးခဲ့တာပါ။

“အရင်ဆုံးတော့ စတာလင်လို ကစားသမားမျိုးကို စောင့်ကြည့်သွားမယ်။ စတာလင်က သူ့အသင်းမှာ ပုံမှန်ကစားခွင့်တွေ သိပ်မရဘူးဆိုတော့ သူ့ကို ကျွန်တော် မေးခွန်းလေးတွေ မေးသွားမယ်။ ပြီးရင်တော့ ဒက်ကလန်ရိုက်စ်ဆီ ဆက်သွယ်မယ်။ ဒီကစားသမား(၂)ယောက်ကတော့ ကျွန်တော်ရဲ့ အဓိက ခေါ်ယူမယ့် ကစားသမားတွေပဲ။

သူတို့(၂)ယောက်ကို အရင်ဆုံး ခေါ်ယူနိုင်အောင် ကြိုးစားပြီးသွားပြီဆိုရင်တော့ မန်ချက်စတာယူနိုက်တက်က ဂျက်ဆီလင်ဂတ်ကို ဆက်လက်ကြိုးပမ်းသွားမယ်။ ကစားသမားတွေကို အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ မေးခွန်းတွေ မမေးသေးချင်းကတော့ ဒါတွေဟာ

လက်တွေ့မကျနိုင်ဘူးလို့ ထင်မြင်နိုင်တယ်။ ကျွန်တော်ဆိုရင်တော့ ကိုယ်အလိုရှိနေတဲ့ ကစားသမားဆီကနေ ကိုယ်လိုချင်နေတဲ့ အဖြေစကားမျိုး ပြန်ကြားလာအောင် ကြိုးစားလုပ်ဆောင်သွားမယ်။ ပြီးမှ နောက်ထပ် ကစားသမားတွေကို ဆက်လက်စောင့်ကြည့်သွားမယ်” လို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

Zawgyi Version

မန္ယူနိုက္တက္အသင္းရဲ႕ ေနာက္ခံ ကစားသမားေဟာင္း ရီယိုဖာဒီနန္ကေတာ့ ပိုင္ရွင္သစ္ေတြရဲ႕ လက္ထက္မွာ ေငြအလုံးအရင္းနဲ႕ အင္အား ျဖည့္တင္းမယ့္ နယူးကာဆယ္ အသင္းအေနနဲ႕ အဂၤလန္ ကစားသမားေတြျဖစ္တဲ့ ရာဟင္စတာလင္ ဒက္ကလန္ရိုက္စ္နဲ႕ ဂ်က္ဆီလင္ဂတ္တို႔ကို အသင္းအတြက္ အရေခၚယူသြားသင့္တယ္လို႔ တိုက္တြန္းေျပာဆိုသြားခဲ့ပါတယ္။

နယူးကာဆယ္အသင္းဟာ ပိုင္ရွင္သစ္လက္ေအာက္ စတင္ေရာက္ရွိၿပီးကတည္းက နာမည္ေက်ာ္ ေဘာလုံးသမားေတြနဲ႕ ေန႕စဥ္ရက္ဆက္ သတင္းေတြ ထြက္ေပၚလ်က္ရွိေနတာျဖစ္ၿပီး ဖာဒီနန္ကိုယ္တိုင္ကလည္း နယူးကာဆယ္ ပိုင္ရွင္သစ္ေတြအေနနဲ႕ အသင္းကို အဂၤလန္ၾကယ္ပြင့္ ကစားသမားေတြနဲ႕ ေသြးသစ္ေလာင္း သင့္ေၾကာင္း ေျပာဆိုလိုက္ တာပါ။

ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရင့္ အဂၤလန္ ကစားသမားေတြ ျဖစ္တဲ့ စတာလင္ ရိုက္စ္နဲ႕ လင္ဂတ္တို႔လို ကစားသမားေတြကို ေခၚယူသင့္ေၾကာင္း အႀကံျပဳ ေျပာဆိုလို႔သြားခဲ့ပါတယ္။ ဖာဒီိနန္က ဘာေပ ၊ ဟာလန္းကဲ့သို႔ ေဈးၾကေပးဝယ္ရမယ့္ ျပည္ပလိဂ္က နာမည္ေက်ာ္ ၾကယ္ပြင့္ေတြထက္ လိဂ္အေတြ႕အႀကဳံရင့္ အဂၤလန္ေဒသတြင္း ကစားသမားေတြကိုသာ ဦးစားေပးေခၚယူဖို႔ အႀကံေပးခဲ့တာပါ။

“အရင္ဆုံးေတာ့ စတာလင္လို ကစားသမားမ်ိဳးကို ေစာင့္ၾကည့္သြားမယ္။ စတာလင္က သူ႕အသင္းမွာ ပုံမွန္ကစားခြင့္ေတြ သိပ္မရဘူးဆိုေတာ့ သူ႕ကို ကြၽန္ေတာ္ ေမးခြန္းေလးေတြ ေမးသြားမယ္။ ၿပီးရင္ေတာ့ ဒက္ကလန္ရိုက္စ္ဆီ ဆက္သြယ္မယ္။ ဒီကစားသမား(၂)ေယာက္ကေတာ့ ကြၽန္ေတာ္ရဲ႕ အဓိက ေခၚယူမယ့္ ကစားသမားေတြပဲ။

သူတို႔(၂)ေယာက္ကို အရင္ဆုံး ေခၚယူနိုင္ေအာင္ ႀကိဳးစားၿပီးသြားၿပီဆိုရင္ေတာ့ မန္ခ်က္စတာယူနိုက္တက္က ဂ်က္ဆီလင္ဂတ္ကို ဆက္လက္ႀကိဳးပမ္းသြားမယ္။ ကစားသမားေတြကို အေျပာင္းအေ႐ႊ႕နဲ႕ပတ္သက္တဲ့ ေမးခြန္းေတြ မေမးေသးခ်င္းကေတာ့ ဒါေတြဟာ

လက္ေတြ႕မက်နိဳင္ဘူးလို႔ ထင္ျမင္နိုင္တယ္။ ကြၽန္ေတာ္ဆိုရင္ေတာ့ ကိုယ္အလိုရွိေနတဲ့ ကစားသမားဆီကေန ကိုယ္လိုခ်င္ေနတဲ့ အေျဖစကားမ်ိဳး ျပန္ၾကားလာေအာင္ ႀကိဳးစားလုပ္ေဆာင္သြားမယ္။ ၿပီးမွ ေနာက္ထပ္ ကစားသမားေတြကို ဆက္လက္ေစာင့္ၾကည့္သြားမယ္” လို႔ တိုက္တြန္း ေျပာဆိုသြားခဲ့ပါတယ္။