Spots news

နောက်မကျသေးတဲ့ နောင်တတွေ နဲ့ ထောင်ကထွက်ပြီး အလုပ်ကြိုးစားနေတဲ့ ဒင်ဟို

Unicode Version

ဘရာဇီးလ် နာမည်ကျော် ကစားသမားဟောင်းကြီး ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက်ခဲ့တဲ့နောက် သူ့ရဲ့ဘဝသစ်ကို အကောင်းဆုံးကြိုးစားနေပြီလို့ သိရပါတယ်။

အသက် ၄၀ အရွယ် နာမည်ကျော်ကစားသမားဟာ နိုင်ငံကူးလက်မှတ်နဲ့ စာရွက်စာတမ်းအတုတွေ ကိုင်ဆောင်မှုကြောင့် ပါရာဂွေးမှာ ၄လကြာ ထိန်းသိမ်းခံခဲ့ရသူဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့အတူ သူ့ရဲ့အစ်ကိုဖြစ်သူလည်း အကျဉ်းထောင်အတွင်းမှာ ထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လအတွင်းမှာ ဒေါ်လာ ၉ သောင်း နဲ့ ဒေါ်လာတစ်သိန်းတစ်သောင်းစီ အသီးသီးဒဏ်ရိုက်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒီလိုဖမ်းဆီးခံရမှုဟာ အပျော်အပါးမက်ပြီး ငွေကို ရေလိုသုံးခဲ့တဲ့ ရော်နယ်ဒင်ဟိုအတွက် သင်ခန်းစာရစရာဖြစ်ခဲ့ပြီး ထောင်ကထွက်ခဲ့ချိန်မှာတော့ သူ့ဘဝကို ပြန်လည်တည့်မတ်ခဲ့ပါတယ်။

ပါတီပွဲတွေ အမြဲတမ်းသွားကာ တရားမဝင်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ပြီး ဘဏ်စာရင်းထဲ ၅ ပေါင်သာကျန်တော့တဲ့ ဘဝနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒင်ဟိုဟာ ထောင်ကထွက်ပြီး ၄ လအကြာမှာပဲ ပေါင် ၇ သိန်းကျော်အထိ ပြန်လည်ရှာဖွေနိုင်ခဲ့တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

ဒင်ဟိုဟာ အက်သလက်တီကိုမင်နဲရိုးအသင်းရဲ့ ကွင်းဖွင့်ပွဲ၊ Belo Horizonte ရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားခံယူတဲ့ အခမ်းအနားတွေကနေ ငွေကြေးများစွာရရှိခဲ့တယ်လို့ သိရပါတယ်။

ကိုယ်ပိုင်စတူဒီယိုတစ်ခုကိုလည်း ရော်နယ်ဒင်ဟိုက တည်ထောင်ခဲ့ပြီး ရက်ပ်ပါ Djonga နဲ့ Recayd Mob တို့နဲ့ ပူးပေါင်းကာ ဂီတဗွီဒီယိုတစ်ခုကိုလည်း ရိုက်ကူးခဲ့ပါတယ်။

ဒါ့အပြင် R-One ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဂျင်အရက်ကိုလည်း ထုတ်လုပ်နေပြီး ဒီမတိုင်ခင်မှာ သူက ၀ိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခဲ့ပြီးဖြစ်ကာ FIFA ဗီဒီယိုဂိမ်း နဲ့ PES တို့ကနေလည်း ငွေကြေးတွေရရှိအောင် အားထုတ်နိုင်ခဲ့ပါတယ်။

အခုဆိုရင် ရော်နယ်ဒင်ဟိုက သူ့ရဲ့ဘဝကို ပြန်လည်ထိန်းသိမ်းပြုပြင်ခဲ့ကာ ငွေကြေးကိုလည်း ချွေတာသုံးစွဲနေပြီလို့ သိရပါတယ်။

ငွေကြေးများစွာ ကြွယ်ဝ ချမ်းသာတဲ့ ဘဝကနေ ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကိုလည်း သူ့ရဲ့အမှားအယွင်း တွေကြောင့် သိမ်းဆည်းခံရ တဲ့ဘဝကို ရောက်ခဲ့ ပြီးနောက် ဒင်ဟိုတစ်ယောက် နောင်တတွေရကာ ဘဝကို အကောင်းဆုံး ပြန်လည်တည်ဆောက် ဖို့ ကြိုးစားနေတဲ့သတင်းက သူ့ပရိသတ်တွေကို စိတ်ချမ်းသာစေ ခဲ့ပြီလည်း ဖြစ်ပါတယ်။

Zawgyi Version

ဘရာဇီးလ္ နာမည္ေက်ာ္ ကစားသမားေဟာင္းႀကီး ေရာ္နယ္ဒင္ဟိုဟာ ပါရာေဂြးမွာ ဖမ္းဆီးထိန္းသိမ္းခံရၿပီး ျပန္လည္လြတ္ေျမာက္ခဲ့တဲ့ေနာက္ သူ႕ရဲ႕ဘဝသစ္ကို အေကာင္းဆုံးႀကိဳးစားေနၿပီလို႔ သိရပါတယ္။ အသက္ ၄၀ အ႐ြယ္ နာမည္ေက်ာ္ကစားသမားဟာ နိုင္ငံကူးလက္မွတ္နဲ႕ စာ႐ြက္စာတမ္းအတုေတြ ကိုင္ေဆာင္မႈေၾကာင့္ ပါရာေဂြးမွာ ၄လၾကာ ထိန္းသိမ္းခံခဲ့ရသူျဖစ္ပါတယ္။

ေရာ္နယ္ဒိုနဲ႕အတူ သူ႕ရဲ႕အစ္ကိုျဖစ္သူလည္း အက်ဥ္းေထာင္အတြင္းမွာ ထိန္းသိမ္းခံခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္၊ ၾသဂုတ္လအတြင္းမွာ ေဒၚလာ ၉ ေသာင္း နဲ႕ ေဒၚလာတစ္သိန္းတစ္ေသာင္းစီ အသီးသီးဒဏ္ရိုက္ခံခဲ့ရၿပီး ျပန္လည္လြတ္ေျမာက္ခဲ့ပါတယ္။ ဒီလိုဖမ္းဆီးခံရမႈဟာ အေပ်ာ္အပါးမက္ၿပီး ေငြကို ေရလိုသုံးခဲ့တဲ့ ေရာ္နယ္ဒင္ဟိုအတြက္ သင္ခန္းစာရစရာျဖစ္ခဲ့ၿပီး ေထာင္ကထြက္ခဲ့ခ်ိန္မွာေတာ့ သူ႕ဘဝကို ျပန္လည္တည့္မတ္ခဲ့ပါတယ္။

ပါတီပြဲေတြ အၿမဲတမ္းသြားကာ တရားမဝင္စီးပြားေရးလုပ္ငန္းေတြလုပ္ကိုင္ၿပီး ဘဏ္စာရင္းထဲ ၅ ေပါင္သာက်န္ေတာ့တဲ့ ဘဝနဲ႕ ရင္ဆိုင္ခဲ့ရတဲ့ ဒင္ဟိုဟာ ေထာင္ကထြက္ၿပီး ၄ လအၾကာမွာပဲ ေပါင္ ၇ သိန္းေက်ာ္အထိ ျပန္လည္ရွာေဖြနိုင္ခဲ့တယ္လို႔ စပိန္သတင္းစာ AS က ေဖာ္ျပခဲ့ပါတယ္။ ဒင္ဟိုဟာ အက္သလက္တီကိုမင္နဲရိုးအသင္းရဲ႕ ကြင္းဖြင့္ပြဲ၊ Belo Horizonte ရဲ႕ ဂုဏ္ထူးေဆာင္နိုင္ငံသားခံယူတဲ့ အခမ္းအနားေတြကေန ေငြေၾကးမ်ားစြာရရွိခဲ့တယ္လို႔ သိရပါတယ္။

ကိုယ္ပိုင္စတူဒီယိုတစ္ခုကိုလည္း ေရာ္နယ္ဒင္ဟိုက တည္ေထာင္ခဲ့ၿပီး ရက္ပ္ပါ Djonga နဲ႕ Recayd Mob တို႔နဲ႕ ပူးေပါင္းကာ ဂီတဗြီဒီယိုတစ္ခုကိုလည္း ရိုက္ကူးခဲ့ပါတယ္။ ဒါ့အျပင္ R-One ဆိုတဲ့ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႕ ဂ်င္အရက္ကိုလည္း ထုတ္လုပ္ေနၿပီး ဒီမတိုင္ခင္မွာ သူက ၀ိုင္လုပ္ငန္းတစ္ခုကို လုပ္ကိုင္ခဲ့ၿပီးျဖစ္ကာ FIFA ဗီဒီယိုဂိမ္း နဲ႕ PES တို႔ကေနလည္း ေငြေၾကးေတြရရွိေအာင္ အားထုတ္နိုင္ခဲ့ပါတယ္။

အခုဆိုရင္ ေရာ္နယ္ဒင္ဟိုက သူ႕ရဲ႕ဘဝကို ျပန္လည္ထိန္းသိမ္းျပဳျပင္ခဲ့ကာ ေငြေၾကးကိုလည္း ေခြၽတာသုံးစြဲေနၿပီလို႔ သိရပါတယ္။ ေငြေၾကးမ်ားစြာႂကြယ္ဝခ်မ္းသာတဲ့ဘဝကေန ပိုင္ဆိုင္မႈပစၥည္းအားလုံးကိုလည္း သူ႕ရဲ႕အမွားအယြင္းေတြေၾကာင့္ သိမ္းဆည္းခံရတဲ့ဘဝကို ေရာက္ခဲ့ၿပီးေနာက္ ဒင္ဟိုတစ္ေယာက္ ေနာင္တေတြရကာ ဘဝကို အေကာင္းဆုံးျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးစားေနတဲ့သတင္းက သူ႕ပရိသတ္ေတြကို စိတ္ခ်မ္းသာေစခဲ့ၿပီလည္းျဖစ္ပါတယ္။